စစ်ကိုင်းတိုင်း

NUG၏ သင်ရိုးညွန်းတမ်းနှင့် ကန့်ဘလူမြို့နယ်မှာ အခြေခံ စာသင်ကျောင်း ဖွင့်လှစ်

NUG၏ သင်ရိုးညွန်းတမ်းနှင့် ကန့်ဘလူမြို့နယ်မှာ အခြေခံ စာသင်ကျောင်း ဖွင့်လှစ်

RNA_ဖေဖော်ဝါရီ ၂၆၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့ ဦးဆောင်ပီး CDMဆရာ ဆရာမများ‌၊ စေတနာ့ ဝန်ထမ်းများ ပူးပေါင်းကာ အခြေခံပညာကျောင်သူကျောင်းသားများကိုအမျိုးသားညီညွတ်ရေးအစိုးရNUG၏သင်ရိုးညွန်းတမ်းနှင့်အညီ နေရာ တချို့တွင် စာပေသင်ကြားနေပီဖြစ်ကြောင်း သိရသည်။ (more…)
Read More
PDF နှိမ်နှင်းရန် စစ်‌ဆင်ရေး မအောင်မြင်သည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ရာထူးမှ ဖယ်ရှားခံရ

PDF နှိမ်နှင်းရန် စစ်‌ဆင်ရေး မအောင်မြင်သည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ရာထူးမှ ဖယ်ရှားခံရ

RNA_ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် PDF များကို နှိပ်နှင်းရန် အလောင်းမင်းတရားစစ်ဆင်ရေး၊ အနော်ရထာ စစ်ဆင်ရေးတို့ကို ဦးဆောင်စီမံကွပ်ကဲနေသည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်အား ရာထူးမှ ဖယ်ရှားလိုက်ပြီးဖြစ်ကြောင်း သတင်းထွက်ပေါ်လာသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၆) ရာထူးမှ ဖယ်ရှားခံရသည့် ဒုတိယ ဗိုလ်ချုပ်ကြီးသန်းလှိုင်သည် PDF နှိမ်နှင်းရေး စစ်ဆင်ရေး မအောင်မြင်သည့်အတွက်ဖြစ်ကြောင်း သိရသည်။ (more…)
Read More
ခင်ဦးမြို့နယ် လယ်ကွင်းပြင်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၂) ဦးကျဆုံး

ခင်ဦးမြို့နယ် လယ်ကွင်းပြင်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၂) ဦးကျဆုံး

RNA_ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာအနီး လယ်ကွင်းပြင်တွင် ယနေ့ နေ့လည် (၂) နာရီဝန်းကျန်က စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး လပ်နက်အင်အားမမျှသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၂) ဦး ကျဆုံးခဲ့ကြောင်း ဝမ်းနည်းစွာ အသိပေးလာသည်။ ဒေသတွင်း အင်အား ၂၀၀ ကျော်ဖြင့် ကျေးရွာများအတွင်းလှည့်ပတ်ကာ နေအိမ်မီးရှို့ ပြည်သူကို နှိပ်စက် သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ကို ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်နက်အင်အားမမျှသည့်အတွက် ပြည်သူ့အတွက် အသက်ပေးခဲ့ကြရကြောင်း သိရသည်။ Red News Agency
Read More
ဗိုလ်နဂါးတပ်ဖွဲ့၊ ကျားသစ်နက်တပ်ဖွဲ့နှင့် ပုလဲဂျိုကာတို့ ပူးပေါင်းပြီး ယနေ့ နေ့လည်က စကစတပ်စခန်းကိုတိုက်ခိုက် 

ဗိုလ်နဂါးတပ်ဖွဲ့၊ ကျားသစ်နက်တပ်ဖွဲ့နှင့် ပုလဲဂျိုကာတို့ ပူးပေါင်းပြီး ယနေ့ နေ့လည်က စကစတပ်စခန်းကိုတိုက်ခိုက် 

RNA_ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်စ၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်က ပူးပေါင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဗိုလ်နဂါးဦးဆောင်သောမြန်မာ့တော်ဝင်နဂါးတပ်တော်၊ ပုလဲဂျိုကာတပ်ဖွဲ့၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့တို့ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက် အကျအဆုံးများနိုင်ကြောင်း၊ ဗိုလ်နဂါးတပ်ဖွဲ့က ထိခိုက်ဒဏ်ရာရရှိသူတချို့နှင့် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦး မျက်နှာ ယမ်းစမှန် ( မစိုးရိမ်ရ) ခဲ့ကြောင်း ကျားသစ်နက်‌ပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ Red News Agency
Read More
KIA စစ်သင်တန်းဆင်းများဖြင့် ကနီတပ်မတော် (Kani Army – KNA) ဖွဲ့စည်း 

KIA စစ်သင်တန်းဆင်းများဖြင့် ကနီတပ်မတော် (Kani Army – KNA) ဖွဲ့စည်း 

RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကချင်လွတ်လပ်ရေး တပ်မတော် ( KIA) ထံမှ စစ်ပညာသင်တန်း တက်ရောက်ခဲ့သူများပါဝင်သည့် ကနီတပ်မတော် (Kani Army - KNA) ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ကြေညာထားသည်။ KNA (Kani Army) အဖွဲ့စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ၊ KIA ထံမှ စစ်ပညာသင်တန်းများတက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းအခြေခံစစ်ပညာ ဆင့်ပွားသင်တန်း အပတ်စဥ်၁ မှ အပတ်စဥ် ၅ အထိ (KLG) ကျောက်လုံးကြီး အဖွဲ့နှင့်အတူ စစ်ပညာများသင်ကြား ပို့ချပေးခဲ့ကြောင်း KNA (Kani Army) က ယနေ့ ထုတ်ပြန်ကြေညာထားသည်။ ဒေသတွင်းအခြားမိတ်ဖတ်အဖွဲ့အစည်းများနှင့်အတူလက်တွဲ၍ စစ်အာဏာရှင်စနစ်ကျရူံးသည့်အထိ…
Read More
PDF များ ဝန်းရံခဲ့သည့် ယနေ့ ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း

PDF များ ဝန်းရံခဲ့သည့် ယနေ့ ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း

RNA_ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ PDF များဝန်းရံပြီး မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ အနောက်မြောက်လွင်ပြင်ဒေသရှိ လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းနှင့် ရွာပေါင်းစုံပင်မသပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းဖြင့် ယနေ့ ကျေးရွာများအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြောင်း သိရသည်။     Red News Agency
Read More
ကသာမြို့နယ် တိုက်ပွဲမှာ တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၄၁၅) မှ (၁၆) ဦးထက်မနည်း သေဆုံး 

ကသာမြို့နယ် တိုက်ပွဲမှာ တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၄၁၅) မှ (၁၆) ဦးထက်မနည်း သေဆုံး 

RNA_ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာအုပ်စု၊ နမ့်စမ်းရွာအောက်ဘက်အနီးတွင် တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၄၁၅)မှ တပ်သားများကို PDF များက ယနေ့ အနီးကပ်တိုက်ခိုက်ခဲ့ရာ (၁၆) ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီကျော်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး အချက် (၅၀) ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ ယနေ့ဖြစ်ပွားသည့် တိုက်ပွဲသည် ဒုတိယအကြိမ် ဖြစ်ကြောင်း သိရသည်။ ယနေ့တိုက်ပွဲတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကသာPDF၊ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ-က-ဖ)၊ မြို့လှPDF တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြကြောင်း၊ ကသာ PDF မှ ရဲဘော် ၂ ဦး…
Read More
ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ တိုက်ပွဲမှာ PDF ရဲဘော် ၁၃ ဦးထက်မနည်း ကျဆုံး 

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ တိုက်ပွဲမှာ PDF ရဲဘော် ၁၃ ဦးထက်မနည်း ကျဆုံး 

RNA_ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ နယ်၊ကိုးတောင်ဘို့ကျေးရွာအနီး ဖေဖော်ဝါရီလ ၄ ရက်နေ့တိုက်ပွဲတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၃) ဦးထက်မနည်း ကျဆုံးခဲ့ကြောင်း သိရသည်။ " တိုက်ပွဲမှာကျဆုံးခဲ့ရတဲ့ရဲဘော်တွေဟာ ၊ KLPDF မှရဲဘော်များမဟုတ်ပါဘူးခင်ဗျာ၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ ကိုးတောင်ဘို့တိုက်နယ် မှ ပကဖ ရဲဘော် သူရဲကောင်းများဖြစ်ပါတယ်။ ကျဆုံးစာရင်းဟာလိုင်းပေါ်တင်ထားတဲ့ (၁၃)ဦးထက်အနည်းငယ်ပိုနိုင်ပါသေးတယ်လို့သိရပါတယ်၊ လက်နက်ခြင်းမမျှတာတောင် သည်လိုတော်လှန် နေကြတဲ့ရဲဘော်တွေကို ကျွန်တော်တို့ KR-Team မှ လေးစားဦးညွှတ်ပါတယ်ရဲဘော်တို့၊ခင်ဗျားတို့ သိပ်ကို ရဲရင့်ခဲ့ပါတယ်၊ ငြိမ်ချမ်းရာမှာအနားယူပါတော့ ခင်ဗျားတို့အတွက် ကျုပ်တို့တွေ ရဲရင့်ရမယ်" ဟု Kawlin Revolution-KR က ထုတ်ပြန်ထားသည်။…
Read More
PDF ပူးပေါင်းအဖွဲ့က ကနီမြို့ ရဲစခန်းကို ဒရုန်းဖြင့် နှစ်ကြိမ်ဗုံးကျဲတိုက်ခိုက် 

PDF ပူးပေါင်းအဖွဲ့က ကနီမြို့ ရဲစခန်းကို ဒရုန်းဖြင့် နှစ်ကြိမ်ဗုံးကျဲတိုက်ခိုက် 

RNA_ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့ ရဲစခန်းကို ယနေ့ ညနေ ၄ နာရီဝန်းကျင်က Kani People's Defense Force- KLG နှင့် မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး ဒရုန်းအသုံးပြုပြီး နှစ်ကြိမ်ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း KLG PDF က ထုတ်ပြန်ထားသည်။ Red News Agency
Read More
Hero Tiger Force မှာ အမျိုးသမီးပါဝင်မှု အားကောင်းလာ

Hero Tiger Force မှာ အမျိုးသမီးပါဝင်မှု အားကောင်းလာ

RNA_ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် Hero Tiger Force တပ်ဖွဲ့က အမျိုးသမီး အင်အား ၅၀ ကျော်ပါတဲ့ အင်အား ၂၀၀ ဝန်းကျင်ရှိ ပြည်သူ့ကာကွယ်ရေး ရဲဘော်များကို အခြေခံစစ်ပညာသင်တန်း ‌ဖေဖော်ဝါရီလ ၂ ရက်နေ့က အောင်မြင်စွာ ဆင်းပေးလိုက်နိုင်သည်။ Hero Tiger Force အဖွဲ့သည် စစ်ကိုင်းတိုင်း ၂၀၂၁ ခုနှစ် ဧပြီလ ကတည်းက စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံတွန်းလှန်စစ် ဆင်းနွှဲနေသည်မှာ (၁၀) လအတွင်းရောက်ရှိနေပြီဖြစ်ကြောင်း၊ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ မြိုင် မြို့နယ်များအထိပါ မဟာမိတ်များဖြင့် ပူးပေါင်းတိုက်ခိုက်နေကြောင်း Hero…
Read More