စစ်ကိုင်းတိုင်း

စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်း

စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်း

RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်သွားသည့်အတွက် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦး သေဆုံးခဲ့ပြီး (၄၀) ခန့် ဒဏ်ရာရပြီးနောက် မြင်တွေ့ရသည့် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်းဖြစ်သည်။ စစ်ကိုင်းငလျင်ဘေးကူညီရန် ရောက်ရှိနေသော ကလေးခရိုင်သက်မွေးပညာကော်မတီ တာဝန်ခံ၊ CDM ကထိက ဆရာမ ဒေါ်ရတီအုန်းက လေကြောင်းတိုက်ခိုက်ခံရမှုအပြီး အရောက်သွားခဲ့ကာ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုမှုအား မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ (more…)
Read More
စာသင်ကျောင်းမှာ မည်သည့်လက်နက်ကိုင်မျှ မရှိဟု ဆရာမဒေါ်ရတီအုန်းပြော

စာသင်ကျောင်းမှာ မည်သည့်လက်နက်ကိုင်မျှ မရှိဟု ဆရာမဒေါ်ရတီအုန်းပြော

RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။   စစ်ကောင်စီဘက်က ပြောနေသလို ယနေ့ လေကြောင်းဗုံးကြဲသွားသည့် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းတွင် မည်သည့်လက်နက်ကိုင်မျှမရှိ၊ ကလေးငယ်များ စာသင်နေကြခြင်း ဖြစ်သည်အတွက် ကျောင်းသူ ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) တို့ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကလေးခရိုင်သက်မွေးပညာကော်မတီတာဝန်ခံ CDM ကထိက ဆရာမဒေါ်ရတီအုန်းက ပြောသည်။   "နိုင်ငံတကာက ကူညီနိုင်တဲ့သူတွေကော ကျွန်မတို့ကလေးတွေ ဘယ်လောက်ထိသေမှ ဘယ်လောက်ထိ ဆုံးရှုံးမှ ထွက်ပြီးပြောပေးကြမှာလဲ။ အားလုံး နားတွေ မကြားကြတော့ဘူးလား ကျွန်မတို့ကလေးတွေအတွက် ကူညီပေးကြပါ၊ safe our children ကျွန်မတို့ကလေးတွေအတွက် ကူညီပေးကြပါအုံး။ လူ့အခွင့်အရေး လူ့အခွင့်အရေးလို့ပြောနေတယ် အခုလို့ ဒီလိုဖြစ်တယ် ကလေးတွေ သေကြေတယ် စာသင်ကျောင်းတွေ…
Read More
လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျောင်းသား (၂၀) နှင့် ဆရာမ (၂) ဦးတို့ သေဆုံး

လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျောင်းသား (၂၀) နှင့် ဆရာမ (၂) ဦးတို့ သေဆုံး

RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကြောင်းကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်သွားသည့်အတွက် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦးသေဆုံးခဲ့ပြီး (၄၀) ခန့် ဒဏ်ရာရရိခဲ့သည်ဟု သိရသည်။ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသော ကျောင်းသူ ကျောင်းသားများမှာ မသက်ထားဝေ (G-11)၊ မမို့မို့ဝင်း (G-10)၊ မောင်မြတ်နိုးမောင်မောင် (G-9)၊ မလှအုံးမယ် (G-7)၊ မမို့မြင့်ဟန် (G-7)၊ မမြတ်နိုးဦး (G-7)၊ မောင်ဇေယျာဖြိုး (G-5)၊ မောင်ချမ်းမြေ့အောင် (G-4)၊ မထက်ရတီထွန်း (G-4)၊ မမွန်မီမီအောင် (G-4)၊ မမိုးဟေကျော် (G-4)၊ မောင်ဖိုးမိုးသွန်း (G-3)၊ မအေးခြင်းစံ…
Read More
စစ်ကောင်စီတပ်စစ်ကြောင်းပြန်ဆုတ်စဉ် ဒဏ်ရာရ တပ်သားတစ်ချို့ကိုပစ်သတ်သွား

စစ်ကောင်စီတပ်စစ်ကြောင်းပြန်ဆုတ်စဉ် ဒဏ်ရာရ တပ်သားတစ်ချို့ကိုပစ်သတ်သွား

RNA_ဧပြီ(၂၉)၊၂၀၂၅ခုနှစ်။ စစ်ကောင်စီတပ်လက်လွှတ်ခဲ့ရသော စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာဘက် စစ်ကြောင်းထိုးတက်လာသည့် စစ်ကြောင်း တိုက်ခိုက်ခံရပြီး အထိနာကာ ပြန်ဆုတ်စဉ် ဒဏ်ရာရစစ်ကောင်စီတပ်သားတစ်ချို့ကို စစ်ကောင်စီတပ်က ပစ်သတ်ပြီး နောက်ပြန်ဆုတ်သွားကြသည်ဟု Chinland Information Center ကအသိပေးထားသည်။ CDF KKG ၏ Major operation အတွင်း ကလေးတောင်ပိုင်း တိုက်ပွဲများအတွင်း လက်လွှတ်လိုက်ရသည့် စခန်း (၅) ခုအနက်မှ ကြံသာရွာစခန်း ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်ကောင်စီတပ်စစ်ကြောင်း (၂) ကြောင်းသည် ဧပြီလ ၂၇ ရက်နေ့ နံနက် (၅) နာရီက ထိုးစစ်ဆင်လာသည့်အတွက် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ (more…)
Read More
အင်းတော်မြို့သိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို

အင်းတော်မြို့သိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို

RNA_ဧပြီ(၂၃)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF အမှတ် ၃ စစ်ကြောင်း၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များအား ပြည်သူများမှ အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်ဟု ယနေ့ အသိပေးထားသည်။ (more…)
Read More
စခန်းသိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များကို အောင်သပြေများဖြင့် ပြည်သူများကြိုဆို

စခန်းသိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များကို အောင်သပြေများဖြင့် ပြည်သူများကြိုဆို

RNA_ဧပြီ(၁၉)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းအစပ်တွင် စစ်ဆင်ရေးများအတွင်း စခန်းများသိမ်းနိုင်ခဲ့ပြီး မိခင်တပ်ရင်းထံ ဧပြီလ (၁၅) ရက်နေ့က ပြန်ရောက်လာသော ABSDF အမှတ် (၃) စစ်ကြောင်း ရဲဘော်များကို အောင်သပြေများဖြင့် ဒေသခံပြည်သူများက ဝမ်းသာအားရ ကြိုဆိုခဲ့ကြသည်။ (more…)
Read More
Major Operation အတွင်း စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိ

Major Operation အတွင်း စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိ

RNA_ဧပြီ(၁၆)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းအစပ်တွင် CDF-KKG မှ Major Operation အဖြစ် ပြုလုပ်သည့် စစ်ရေးဖော်ဆောင်မှုများအတွင်း စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်ဟု ယနေ့ ABSDF အမှတ် (၃) စစ်ကြောင်းက ထုတ်ပြန်ထားသည်။ CDF-KKG Major Operation စတင်သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်းရှီ ကမ်းပါးနီ စစ်ကောင်စီစခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး၊ ဖေဖော်ရီလ ၁၅ ရက်နေ့တွင်လည်း ကလေးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်အကြားရှိ မှန်တောရွာနှင့် အောင်သာယာ (အနောက်)ရွာရှိ စစ်ကောင်စီ ခြေကုတ်ယူထားသည့် စစ်စခန်းများအား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဧပြီလ ၁၁…
Read More
ရဲဘော် (၄) ဦးကျဆုံးခဲ့ရသည့်အတွက် အညာမြေအိမ်ပြန်ခရီးမှာ လူမစုံတော့

ရဲဘော် (၄) ဦးကျဆုံးခဲ့ရသည့်အတွက် အညာမြေအိမ်ပြန်ခရီးမှာ လူမစုံတော့

RNA_ဧပြီ(၁၀)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာဆင်နွှဲပြီး အောင်မြင်ခဲ့သော မြို့သိမ်းတိုက်ပွဲတွင် ပခုက္ကူခရိုင်အမှတ် (၁၀) တပ်ရင်းရဲဘော်များ၏ အညာမြေအိမ်ပြန်ခရီးတွင် ရဲဘော် (၄) ဦးကျဆုံးနေခဲ့သည့်အတွက် အိမ်ပြန်ခရီးဟာ လူမစုံတော့ပေမဲ့ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သိရသည်။ "တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရသော အာဇာနည်ရဲဘော် (၄) ဦးအား အလေးပြုအပ်ပါသည်။ အမြဲအောက်မေ့တမ်းတ၍လည်းရှိနေပါ့မည်။ အိမ်ပြန်ခရီးတွေဟာလူမစုံတော့ပေမယ့် ဆက်လက်ပြီး စစ်အာဏာရှင်ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးတရပ်ပေါ်ထွန်းပြီးသည်အထိ ပခုက္ကူခရိုင်အမှတ်(၁၀)တပ်ရင်းအနေဖြင့် နိုင်ငံ့တာဝန်များကို ပခုံးပေါ်အမြဲထမ်းတင်ထားပါ့မည်" ဟု ယနေ့ ထုတ်ပြန် ပြောကြားထားသည်။ (more…)
Read More
စစ်ကိုစစ်နှင်တူအောင်တိုက်ရမည်ဖြစ်ပြီး ရှီရှောင်တိုက်ပွဲတွေ လုပ်မရတော့ဟု တပ်ရင်းမှူးပြော

စစ်ကိုစစ်နှင်တူအောင်တိုက်ရမည်ဖြစ်ပြီး ရှီရှောင်တိုက်ပွဲတွေ လုပ်မရတော့ဟု တပ်ရင်းမှူးပြော

RNA_ဧပြီ(၈)၊၂၀၂၅ခုနှစ်။ တော်လှန်ရေးအောင်မြင်ရန်နှင့် လိုချင်သည့်ပန်းတိုင်ရောက်ရန်အတွက် ရှေ့လျှောက် စစ်ကိုစစ်နှင့် တူအောင်တိုက်ရမည်ဖြစ်ပြီး ရှီရှောင်တိုက်ပွဲများ လုပ်မရတော့ဟု ဧပြီလ ၆ ရက်နေ့က မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော ရဲဘော်များအားဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းနှင့် သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်ရင်းမှူးက ပြောကြားထားသည်။ "အရေးကြီးဆုံးက အမိန့်နာခံမှုမရှိပဲနဲ့ ကျွန်တော်တို့ ရှေ့ဆက်််််ပြီးတိုက်ပွဲဝင်လို့ မရပါဘူး။ ဘာ့ကြောင့်မို့လဲ ခင်ဗျားတို့ကိုယ်တိုင်လည်း မြေပြင်မှာ လက်နက်ကိုင်တိုက်ပွဲတွေကြုံခဲ့ပြီးပြီ။ အဆင့်ဆင့်အမိန့်နာခံမှု ရှိကို ရှိရလိမ့်မယ်။ ကျွန်တော်တို့ ဒီကရှေ့လျှောက်ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ စစ်ကို စစ်နဲ့တူတောင် တိုက်ရလိမ့်မယ် ရှီရှောင်တိုက်ပွဲတွေ လုပ်လို့မရတော့ဘူး။ ကျွန်တော်တို့ရည်မှန်းထားတဲ့ ရည်ရွယ်ချက်တွေ အပြည့်အဝ ပန်းတိုင်းတစ်ခု မရောက်ရောက်အောင် သွားရလိမ့်မယ်" ဟု တပ်ရင်းမှူး (မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ)က…
Read More
ဗလီအဆောက်အဦ ပြိုကျပြီး သေဆုံးသူ (၂)ဦးအတွက် NUG တာဝန်ရှိသူများက (၂) သိန်းကျပ်လှူဒါန်း

ဗလီအဆောက်အဦ ပြိုကျပြီး သေဆုံးသူ (၂)ဦးအတွက် NUG တာဝန်ရှိသူများက (၂) သိန်းကျပ်လှူဒါန်း

RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။စစ်ကိုင်းတိုင်းအတွင်းရှိ ဗလီတခုတွင် ဝတ်ပြုဆုတောင်းနေချိန် ငလျင်လှုပ်ခတ်မှုကြောင့် ဗလီအဆောက်အဦ ပြိုကျပြီး (၂) ဦးသေဆုံးခဲ့သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ် ပအဖတာဝန်ခံနှင့်အတူ တာဝန်ရှိသူများက (၂) သိန်းကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ (more…)
Read More