စစ်ကိုင်းတိုင်း

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ကို PDF များ အရှင်ဖမ်းဆီး

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ကို PDF များ အရှင်ဖမ်းဆီး

RNA_ဇူလိုင်(၁၀)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဟင်္သာကြီးပျူရွာစခန်းကုန်းနှင့် ဘိုးနတ်တော် ဗျူဟာစခန်းကုန်းတို့ကို ဒေသတွင်း တော်လှန်ရေးအင်အားစုများတိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်အား အရှင်းဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု သိရသည်။ ရွှေဘိုမြို့နယ်၊ ကျောင်းမြောင်းမြို့၊ ဟင်္သာကြီးပျူရွာစခန်းကုန်း၊ ဘိုးနတ်တောင်ဗျူဟာစခန်းတို့ကို တော်လှန်ရေးအင်အားစုများက ဇူလိုင်လ ၅ ရက်နေ့မှစတင်ကာ (၇) ရက်နေ့အထိ ပျူရွာ (၁)၊ ဗျူဟာစခန်းကုန်း (၃) ခုတို့ကို သိမ်းဆည်းရမိသည်ဟု အမှတ် - ၉၇၀၆ တပ်ရင်း (Doung Ni People Defence Force) ကထုတ်ပြန်ထားသည်။ (more…)
Read More
နှောညောင်ပင်ရွာရှိ စစ်ကောင်စီလက်အောက်ခံ အထိုင်စခန်း တိုက်ခိုက်ခံရပြီး (၆) ဦးသေဆုံးပြီး (၁) ဦးဖမ်းဆီးခံရ

နှောညောင်ပင်ရွာရှိ စစ်ကောင်စီလက်အောက်ခံ အထိုင်စခန်း တိုက်ခိုက်ခံရပြီး (၆) ဦးသေဆုံးပြီး (၁) ဦးဖမ်းဆီးခံရ

RNA_ဇူလိုင်(၈)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နှောညောင်ပင်ပျူရွာ (ကံပုလဲအရှေ့ရွာ)ရှိ စစ်ကောင်စီလက်အောက်ခံ စခန်းကို ဒေသတွင်းတော်လှန်ရေး အင်အားစုများက ဇူလိုင် (၅) ရက်နေ့က ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကောင်စီလက်အောက်ခံ (၆) ဦးသေဆုံးပြီး (၁) ဦးအရှင်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ နှောညောင်ပင်ရွာရှိ စစ်ကောင်စီလက်အောက်ခံ စခန်းကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ဦးဆောင်မှုဖြင့် ဒေသခံကျေးရွာပကဖအဖွဲ့များ၊ RAW (Kalay) ဆေးအဖွဲ့ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ကာဘိုင်(၄)လက်၊ BA-100(၆၀မမ)-(၁)ပြောင်း၊ G-3-(၂)လက်၊ ၆၀ဖူး( ၁၂ )ဖူး၊ MG-1 ပလတ်စတစ်လက်ပစ်ဗုံး(၂)လုံး၊ i-con(၂)လုံးစသည့် လက်နက်ခဲယမ်းနှင့် စက်ဆက်ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားသည်။ (more…)
Read More
မုံရွာခရိုင် အမှတ် (၄) တပ်ရင်းအနေဖြင့် လမ်းပေါ်တက် အလှူခံခြင်း၊ အခွန်ကောက်ခြင်း စသော စီးပွားရေးများမလုပ်ဟု အသိပေး

မုံရွာခရိုင် အမှတ် (၄) တပ်ရင်းအနေဖြင့် လမ်းပေါ်တက် အလှူခံခြင်း၊ အခွန်ကောက်ခြင်း စသော စီးပွားရေးများမလုပ်ဟု အသိပေး

RNA_ဇူလိုင်(၁)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အမှတ် (၄) တပ်ရင်း (Chindwin Attack Force) အနေဖြင့် ရှေ့တန်းမှပြန်ရောက်သည့်အချိန်မှ ယနေ့အချိန်အထိ တပ်ရင်းလည်ပတ်နိုင်ရေးအတွက် လမ်းပေါ်တင် အလှူခံခြင်း၊ အခွန်ကောက်ခြင်း၊ စက်သုံးဆီသယ်ယူခြင်းစသည့် စီးပွားရေးလုပ်ငန်းများ လုံးဝ (လုံးဝ) မလုပ်ဟု တပ်ရင်းမှူး ဒေါနမောင်မောင်က အသိပေးထုတ်ပြန် ပြောကြားထားသည်။ ဒေါနမောင်မောင်အမည်နှင့် မုံရွာခရိုင်အမှတ် (၄)တပ်ရင်းအမည် အလွဲသုံးစားပြုပြီး လုပ်ကိုင်ဆောင်ရွက်လာပါက အချိန်မရွေးအကြောင်းကြား တိုင်တန်းရန်နှင့် ရဲဘော်ဖြစ်ပါက စစ်ဘက်ဆိုင်ရာ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ တော်လှန်ရေးပြီးနောက် မုံရွာခရိုင်အမှတ်(၄) တပ်ရင်း ရဲဘော်မှအစ တပ်ရင်းမှူးအဆုံး မူလထက် တစ်ပြားပိုချမ်းသာခဲ့ပါက တပ်ရင်းမှူးနှင့်တပ်ဖွဲ့အား သူခိုးဟုစွပ်စွဲပြီး ကြိုက်နှစ်သက်ရာ တရားရုံးတွင် ပြည်သူများအနေဖြင့် အရေးယူနိုင်သည်ဟု ထုတ်ပြန်ချက်တွင်…
Read More
ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲ အောင်နိုင်ရေးအတွက် ဖြတ်တောက်ရေးတာဝန်ထမ်းဆောင်ရင်း ရဲဘော်ငယ်ထွေး (ခ) ယောက်လုံး မြင့်မြတ်စွာကျဆုံး

ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲ အောင်နိုင်ရေးအတွက် ဖြတ်တောက်ရေးတာဝန်ထမ်းဆောင်ရင်း ရဲဘော်ငယ်ထွေး (ခ) ယောက်လုံး မြင့်မြတ်စွာကျဆုံး

RNA_ဇွန်(၂၀)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာရှိ စစ်ကောင်စီရဲစခန်းသိမ်းတိုက်ပွဲ အောင်နိုင်ရေးအတွက် ဖြတ်တောက်ရေးတာဝန်ထမ်းဆောင်ရင်း 96 Soldiers - PDF (အညာဒေသ) တပ်ခွဲမှ ရဲဘော်ငယ်ထွေး (ခ) ယောက်လုံးသည် ဇွန်လ (၁၉) ရက်နေ့က မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။ ကန့်ဒေါင့်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှီ အင်မထီးရွာမှ ထွက်လာသော ပျူနှင့် စစ်ကောင်စီပူးပေါင်း စစ်ကူစစ်ကြောင်းများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA နှင့် မဟာမိတ်တပ်ပေါင်းစုများက စစ်ကြောင်းပျက်သည်အထိ အောင်မြင်စွာ တိုက်ခိုက်ဖြတ်တောက်ထားနိုင်သဖြင့် ကန့်ဒေါင့်သို့ စစ်ကူများမရောက်နိုင်ဘဲရှိသည့်အတွက် ကန့်ဒေါင့်စခန်းရှိ ကူရာကယ်ရာမဲ့ စစ်ကောင်စီစစ်သားများမှာလည်း စစ်ကူလာသည့်အချိန်တိုင်း တပ်လန်ကျနေသဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အလွန်အမင်း ပျက်ပြားနေခဲ့ပြီးနောက် ဇွန်လ ၁၉ ရက်နေ့တွင် မဟာမိတ်များနှင့်အတူ…
Read More
ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ပျက်ကျ

ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ပျက်ကျ

RNA_ဇွန်(၁၀)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကျေးနင်းကြီးရွာကို စစ်ကောင်စီတပ်ဂျက်ဖိုက်တာဖြင့် လာရောက်ပစ်ခတ်ပြီး ပြန်အထွက် ယနေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်တွင် ချင်းတွင်းမြစ်အရှေ့တောင်ဘက်ရှိ စပါးစေ့ကျေးရွာတောင်ဘက်တွင် ပျက်ကျသွားသည်ဟု သိရသည်။ "သူတို့လာပစ်တာက ကျေးနင်းကြီးရွာကို လာပစ်တာ ကျွန်တော်တို့တောင် လှမ်းမြင်ရတယ်။ ပစ်ပြီး ပြန်အထွက်မှာ စပါးစေ့ရွာတောင်ဘက်မှာ ကျတယ်လို့ သိရတယ်။ သွားကြည့်ဖို့တော့ မလွယ်ဘူး လမ်းတွေပိတ်ထားတယ်" ဟု ပုလဲဒေသခံတစ်ဦးက Red News Agency ကိုပြောသည်။ (more…)
Read More
ဗမာ့တပ်တော်က ဘာတွေလုပ်နေပြီး ဘာတွေပြောထားလဲ / Red News Agency

ဗမာ့တပ်တော်က ဘာတွေလုပ်နေပြီး ဘာတွေပြောထားလဲ / Red News Agency

ဗမာ့တပ်တော်က ဘာတွေလုပ်နေပြီး ဘာတွေပြောထားလဲ RNA_ဇွန်(၇)၊၂၀၂၅ခုနှစ်။ ဗမာ့တပ်တော်အနေဖြင့် စစ်ရေး ရည်မှန်းချက်များ၊ လုပ်ဆောင်ချက်များ၊ ဆက်လက်လုပ်ဆောင်မည့် အခြေအနေများနှင့် ပတ်သက်ပြီး Red News Agency နှင့်အင်တာဗျူးတွင် ပြည့်ပြည့်စုံစုံပြောပြထားသည်။ #RedNewsAgency #RedNews #RNA
Read More
စာသင်ကျောင်းဗုံးကြဲခံရမှုအတွင်း သမီး ၂ ယောက်ဆုံးရှုံးခဲ့ရသည့် မိခင်၏ရင်တွင်းစကား

စာသင်ကျောင်းဗုံးကြဲခံရမှုအတွင်း သမီး ၂ ယောက်ဆုံးရှုံးခဲ့ရသည့် မိခင်၏ရင်တွင်းစကား

RNA_မေ(၁၉)၊၂၀၂၅ခုနှစ်။   စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုအတွင်း သမီး (၂) ဦး(၁၀ တန်းကျောင်းသူနှင့် ၇ တန်းကျောင်းသူ)၏ မိခင်က ဖြစ်စဉ်အတွင်း မြင်တွေ့ရမှုများနှင့် ရင်တွင်းစကားများကို CDM ဆရာမ ဒေါ်ရတီအုန်းကို ပြောပြထားခြင်းဖြစ်သည်။ (more…)
Read More
အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းဗုံးကြဲခံရမှု ကွယ်လွန်သူ (၂၄) ဦးထိရှိလာ

အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းဗုံးကြဲခံရမှု ကွယ်လွန်သူ (၂၄) ဦးထိရှိလာ

RNA_မေ(၁၄)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုအတွင်း နေရာတွင် ကွယ်လွန်သူ (၂၂) ဦးရှိသည့်အပြင် ဒဏ်ရာအပြင်းအထန်ရသူများထဲမှ ကလေးငယ် (၂) ဦးထပ်မံ ကွယ်လွန်ခဲ့သည်ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်မှ မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အကျော်က လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် နေရာတွင် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦး ကွယ်လွန်ခဲ့ရပြီး (၁၀၀) ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက် (၁၃) ရက်နေ့နှင့် (၁၄) ရက်နေ့တွင် အသက် (၈) နှစ်နှင့် အသက် (၁၁) နှစ်အရွယ် ကလေးငယ် (၂)…
Read More
စာသင်ကျောင်းဗုံးကြဲတိုက်ခိုက်သူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရဟု NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

စာသင်ကျောင်းဗုံးကြဲတိုက်ခိုက်သူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရဟု NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

RNA_မေ(၁၃)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း ကျေးရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုအတွင်း အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံ မြောက် ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံးကို ထိုက်ထိုက် တန်တန် အရေးယူအပြစ်ပေးသွားမည်ဖြစ်ကြောင်း NUG ပညာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။   အပြစ်မဲ့သော ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို လေကြောင်းမှ တိုက်ခိုက်ရန် အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံမြောက် ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံး မည်သည့်အကြောင်းကြောင်းကြောင့်မှ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေး ကမ္ဘာကြေသော်လည်း ဥဒါန်းကျေမည်မဟုတ်ဘဲ ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ရေး စုံစမ်းရှာဖွေ ဖော်ထုတ်သွားမည်ဟု ဆိုသည်။ (more…)
Read More
စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်း

စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်း

RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်သွားသည့်အတွက် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦး သေဆုံးခဲ့ပြီး (၄၀) ခန့် ဒဏ်ရာရပြီးနောက် မြင်တွေ့ရသည့် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်းဖြစ်သည်။ စစ်ကိုင်းငလျင်ဘေးကူညီရန် ရောက်ရှိနေသော ကလေးခရိုင်သက်မွေးပညာကော်မတီ တာဝန်ခံ၊ CDM ကထိက ဆရာမ ဒေါ်ရတီအုန်းက လေကြောင်းတိုက်ခိုက်ခံရမှုအပြီး အရောက်သွားခဲ့ကာ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုမှုအား မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ (more…)
Read More