ကရင်ပြည်နယ်

NUG – MOD- PDF တော်ဝင်ဒေါင်းစစ်ကြောင်း ရဲဘော်များ ကျည်အစစ်များအသုံးပြု စစ်ရေးလေ့ကျင့်

NUG – MOD- PDF တော်ဝင်ဒေါင်းစစ်ကြောင်း ရဲဘော်များ ကျည်အစစ်များအသုံးပြု စစ်ရေးလေ့ကျင့်

RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂ )စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ​တော်ဝင်ဒေါင်းစစ်ကြောင်းမှရဲဘော်များ ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ယနေ့ ပြည်သူများကို အသိပေးထားသည်။ စစ်မြေပြင်၌ အထောက်ကူဖြစ်စေရန် တိုက်ပွဲဖော်ဆောင်သည့် ထိတွေ့တိုက်ပွဲငယ်များအတိုင်း လက်တွေ့ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ရှေ့တန်းမထွက်မီ နောက်တန်းတွင် ကျန်ခဲ့သည့် ရဲဘော်များအနေဖြင့် လေ့ကျင့်သားပိုမိုပြည့်ဝစေရန် တိုက်ပွဲပုံစံများဖော်ဆောင်၍ ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လေ့ကျင့်ခဲခြင်းဖြစ်သည်ဟု Royal Peacock Column က ဓာတ်ပုံများနှင့်တကွ အသိပေးထားသည်။ (more…)
Read More
မြဝတီကုန်သွယ်ရေးဇုန် ဝင်ရောက်ခဲ့သည့် စစ်ရေးမှတ်တမ်း 

မြဝတီကုန်သွယ်ရေးဇုန် ဝင်ရောက်ခဲ့သည့် စစ်ရေးမှတ်တမ်း 

RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့အဝင် ကုန်သွယ်ရေးဇုန်ကို မတ်လ ၂၅ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မှတ်တမ်း ရုပ်သံကို ယနေ့ ကော်ဘရာစစ်ကြောင်းမှ Cobra Ko Shine က ပြည်သူများကို အသိပေးထားသည်။ “မြဝတီကုန်သွယ်ရေးဇုံကို ကျွန်တော်တို့ ဝင်ရောက်ခဲ့ပုံ မှတ်တမ်း၊ ဇော်မဲလုံးပြောသလို ကျွန်တော်တို့ မိုက်မိုက်ကန်းကန်းပါပဲ လူ ၂၀ ကျော်လေးနဲ့ ဝင်ပစ်တာ” ဟု ပြောကြားထားသည်။ (more…)
Read More
ရဲစခန်းစီးနင်းသည့်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ဒိုကြီး ဈာပန

ရဲစခန်းစီးနင်းသည့်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ဒိုကြီး ဈာပန

RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ နယ်မြေရဲစခန်း စီးနင်းတိုက်ခိုက်သည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် နဂါးနီစစ်ကြောင်းမှ ရဲဘော် စိုးမိုးကျော်(ခ) ဒိုကြီး ဈာပနကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း Red Dragon Column - နဂါးနီစစ်ကြောင်း မှ ထုတ်ပြန်ထားသည်။ ဘုရားသုံးဆူမြို့ ရှိ နယ်မြေခံရဲစခန်းကို နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့မှ ဖေဖော်ဝါရီလ (၂၅) ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁၁) ဦးခန့်ကျဆုံးပြီး နဂါးနီစစ်ကြောင်းမှ ရဲဘော် ဒိုကြီီးကျဆုံးခဲ့ရခြင်းဖြစ်သည်။ Red News Agency
Read More
ဘုရားသုံးဆူရဲစခန်း စီးနင်းမှုတွင် စစ်ကောင်စီဘက်မှ (၁၁) ဦးသေ၊ PDF ရဲဘော် (၁) ဦးကျဆုံး

ဘုရားသုံးဆူရဲစခန်း စီးနင်းမှုတွင် စစ်ကောင်စီဘက်မှ (၁၁) ဦးသေ၊ PDF ရဲဘော် (၁) ဦးကျဆုံး

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ယနေ့ နံနက် (၆) နာရီမှ (၈) နာရီထိ (၂) ရီကြာတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၁) ဦးသေဆုံးပြီး၊ ပြည်သူ့ကာကွယ်ရေးဘက်မှ ရဲဘော်(၁) ဦး ကျဆုံးခဲ့သည်။ " တိုက်ပွဲအတွင်း ရဲစခန်းနှင့် စစ်ကောင်စီတပ်များဘက်မှရန်သူ့အင်အား (၁၁)ဦး ကျဆုံးကြောင်းသိရှိရပြီး မိမိတို့ဘက်မှ ရဲဘော်တစ်ဦး နိုင်ငံ့အတွက် အသက်ပေးလှူသွားခဲ့ကြောင်း စစ်မြေပြင်သတင်းအတည်ပြုချက်အရ သိရှိရပါသည်" ဟု နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။ (more…)
Read More
ယနေ့နံနက် စစ်ကောင်စီတပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

ယနေ့နံနက် စစ်ကောင်စီတပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၃ ခုနှစ်။ ယနေ့ နံနက် (၆) နာရီဝန်းကျင်က KNUတပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ "မိနစ်အနည်းငယ်ကြာပစ်ခတ်ရုံဖြင့် ရန်သူများကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးကြပြီး နာရီဝက်ခန့်အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ ရန်သူ့အလောင်းတစ်လောင်း၊ လက်နက်(၂)လက်နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့ပါသည်" ဟု BPLA ကထုတ်ပြန်ထားသည်။ (more…)
Read More
KNLA တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

KNLA တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။ ကရင်အမျိုးသားအစည်းအရုံး -KNU၊ တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်( မြဝတီတောင်ပိုင်း)ရှိ KNLA တပ်ရင်း (၁၀၃) ဌာနချုပ်ကို စစ်ကောင်စီတပ် သိမ်းပိုက်ထားရာမှ KNDO အပါအဝင် ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ "စီးနင်းခံရသည့်စခန်းကို ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (KNDO) လုံခြုံရေးတပ်ရင်း(၈)တပ်ဖွဲ့နှင့် အထူးကွန်မန်ဒိုတပ်ရင်း၊ Federal Wings ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းတိုက်ခိုက်မှုများဖြင့် အဆက် မပြတ်တိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် ဖေဖော်ဝါရီလ (၂၂) ရက်နေ့ နေ့လည် (၁၂) နာရီခန့်တွင် တပ်ရင်းဌာနချုပ်နေရာကို ပြန်လည်တိုက်ယူနိုင်ခဲ့သည်" ဟု ယနေ့ Federal Wings က ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီတပ် ဂိတ်စခန်းတိုက်ခိုက်ခံရပြီး အနည်းဆုံး (၆) ဦးသေ

စစ်ကောင်စီတပ် ဂိတ်စခန်းတိုက်ခိုက်ခံရပြီး အနည်းဆုံး (၆) ဦးသေ

RNA_ဖေဖော်ဝါရီ(၁၁)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၊ တံတားဦး၊ ညောင်ပင်အောက် စစ်ကောင်စီတပ် ဂိတ်စခန်းကို ကျားဖြူစစ်ကြောင်းနှင့် မဟာမိတ်ရဲဘော်များ ယနေ့ နံနက် (၅) နာရီ (၃၀) မိနစ်ဝန်းကျင်က တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး (၆) ဦးသေဆုံးကြောင်း သိရသည်။ " ရန်သူ့ဘက်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ဦး ထက်မနည်း သေဆုံးပြီး ထိခိုက် သေဆုံးမှုကို ထပ်မံ အတည် မပြုနိုင်သေးပါ။ စစ်ကောင်စီဘက်မှ အတို (၁) လက်၊ MA3 (၂) လက်၊ ကျည်ဘောက် (၄) ခု၊ RPG 7 အသီး (၁) လုံး ကို သိမ်ဆည်း…
Read More
ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား လက်နက်တပ်ဆင်

ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား လက်နက်တပ်ဆင်

RAN_ဖေဖော်ဝါရီ(၅)၊၂၀၂၃ ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်တော်၏ ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား တပ်စုဖွဲ့တာဝန်ပေးအပ်ခြင်းနှင့် လက်နက်တပ်ဆင်ပေးထားကြောင်း သိရသည်။   ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား လက်နက်တပ်ဆင်ခြင်းနှင့် တပ်စုဖွဲ့တာဝန်ပေးအပ်ခြင်း အခန်းအနားကို အခမ်းအနား ဖေဖော်ဝါရီ (၁) ရက်နေ့ကပြုလုပ်ခဲ့ပြီး၊ အခန်းအနားတွင် ဒေါနစစ်ကြောင်း၊ စစ်ဆင်ရေးတာဝန်ခံမှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် စစ်ဆင်ရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ပြောကြားခြင်း၊ စစ်ကြောင်းမှူးမှ ရဲဘော်များကို ဂုဏ်ပြုစကားပြောဆိုခြင်း၊ ရဲဘော်များ သစ္စာဌာန်ခြင်း၊ ဂုဏ်ပြုဆုပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း Daw Na Column မှ ရုပ်သံနှင့်တကွ…
Read More
တိုက်ခိုက်ရေး အနီးကပ်ညွှန်ကြားနေသည့် ဗိုလ်အယ်စေးဝါး

တိုက်ခိုက်ရေး အနီးကပ်ညွှန်ကြားနေသည့် ဗိုလ်အယ်စေးဝါး

RNA_ဇန်နဝါရီ(၂၆)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်အခြေစိုက် Lion Battalion Commando - ဗျူဟာစစ်ကြောင်း ဗျူဟာမှူးဗိုလ်အယ်စေးဝါး ဦးဆောင်းသည့် ရဲဘော်များနှင့် မဟာမိတ်များစုပေါင်းကာ အာဏာသိမ်းစစ်ကောင်စီတပ်အထိုင်ချသည့် မြို့ပြများကိုပါဝင်ရောက်တိုက်ခိုက်နေသည်။ ယနေ့အချိန်ထိ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးအထိ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲတွင်ပါဝင်ပြီး တိုက်ခိုက်နေသည့် ဗိုလ်အယ်စေးဝါးဦးဆောင်ညွှန်ကြားနေသည့်ရုပ်သံကို Lion Battalion Commando - ဗျူဟာစစ်ကြောင်းက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ Red News Agency
Read More
ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲ ​NUG ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်၊ လက်နက်နှင့် အလှူငွေ (၁၀) သိန်းပေးအပ်

ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲ ​NUG ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်၊ လက်နက်နှင့် အလှူငွေ (၁၀) သိန်းပေးအပ်

RNA_ဇန်နဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ ယနေ့ကျင်းပသည့် မွမ်းမံသင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ပြီး လက်နက်များနှင့် အလှူငွေ (၁၀) သိန်းပေးအပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More