ကရင်ပြည်နယ်

လက်နက်ကြီး ၃၀၀ ကျော်ပစ်ခတ်ပြီး လက်ခက်တောင်ကို ထိုးစစ်ဆင်သော်လည်း စစ်ကောင်စီတပ် ဗိုလ်မှူးအပါအဝင် အကျအဆုံးများ

လက်နက်ကြီး ၃၀၀ ကျော်ပစ်ခတ်ပြီး လက်ခက်တောင်ကို ထိုးစစ်ဆင်သော်လည်း စစ်ကောင်စီတပ် ဗိုလ်မှူးအပါအဝင် အကျအဆုံးများ

RNA_ဩဂုတ်(၁၇)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီး အကြိမ်ရေ ၃၀၀ ကျော်နှင့်လေယာဉ်ပစ်ကူများယူကာ ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတဦးအပါအဝင် အကျအဆုံးများကြောင်း သိရသည်။ KNLA နှင့် ပူးပေါင်းမဟာမိတ်များ စစ်ကောင်စီတပ် လက်ခတ်တောင်စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သည် စခန်းပြန်လည်ရရှိရေး ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၃ နာရီခန့်မှစတင်ကာ လက်နက်ကြီးအကြိမ်ရေ (၃၀၀)ကျော်၊ Jet Fighter ဖြင့် (၃)ကြိမ်၊ Mi-35(Attack-Helicopter) ဖြင့် (၃)ကြိမ် ပစ်ခတ်ခဲ့ကာ ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ အသေအဆုံးများခဲ့ကာ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့သည်ဟု ဗိုလ်ဒါဘောဦးဆောင်သည့် Cobra Column - ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။…
Read More
လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းအား တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်

လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းအား တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်

RNA_ဇူလိုင်(၂၂)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း စစ်ကောင်စီအတွက် စစ်ရေးဗျူဟာအရ အရေးပါသည့် စစ်ကောင်စီတပ် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ လက်ခတ်တောင် တာဝါတိုင် စစ်ကောင်စီတပ်စခန်းကုန်းကို တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wings စသည့် ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လ ၂၀ ရက်နေ့မှ နံနက် ၆ နာရီမှ စတင်တိုက်ခိုက်ခဲ့ကြပြီး ၂၁ ရက်နေ့ နံနက် ၅ နာရီတွင် တောင်ကြောတခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ စစ်ကောင်စီတပ်မှ အသေအဆုံးရှိသည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း ဆက်သွယ်ရေးစက်(၁)လုံး၊ 60mm(၁၆)လုံး၊ ရှေ့ထွက်မိုင်း(၆)လုံး၊ ကားမိုင်း(၉)လုံး၊ Jammerစက်(၂)လုံး၊…
Read More
စစ်ကောင်စီတပ်အတွင်း ပြိုကျနေသည့် အင်အား

စစ်ကောင်စီတပ်အတွင်း ပြိုကျနေသည့် အင်အား

“ဝ“ တပ်နှင့်မိုင်းလားတို့ကိုထိမ်းချုပ်ဖို့ပြင်ဆင်ထားသည့် စစ်ကောင်စီတပ်တွေမှာဘယ်တုန်းကမှ မကြုံဖူးခဲ့သည့်အနေအထားကို ကြုံတွေ့နေကြရတာကတော့ ကယားနှင့်ချင်းပြည်နယ်ဘက် တပ်အင်အား လွှတ်နေရတာခြင်းဖြစ်သည်။ ကယားပြည်နယ်တိုက်ပွဲများဘက်စစ်ကူသွားနေကြသည့်အခါ နယ်မြေမကျွမ်းကျင်မှုကြောင့် အသေအဆုံးများနေကြရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်မှာ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမကွေးတိုင်းများတွင် နေ့စဉ်သေဆုံးနေရပြီး နောက်တန်းအင်အားနည်းပါးနေကြသည် အောင်ဇေ အာဏာသိမ်းပြီးနောက်စစ်ကောင်စီလက်အောက်ခံ တပ်အင်အားပြဿနာသည် တိုင်ရင်းသားလက်နက်ကိုင်များနှင့် PDF ရဲဘော်များအားစစ်မျက်နှာအသီးသီးတွင်ရင်ဆိုင်နေရသည့်အခြေအနေများမှာတော်တော်ဆိုးဆိုးရွားရွားကျဆင်းလာခြင်းဖြစ်နေသည်။မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာတွင်လည်းများစွာကျဆုံးထိခိုက်ဒဏ်ရာရရှိခြင်း၊စခန်းများဝင်ရောက်တိုက်ခိုက်ခံရချိန်တွင်လည်းထိခိုက်ကျဆုံးမှုများစွာရှိခြင်းနှင့်တပ်ပြင်ထွက်ပါကလည်းပစ်ခတ်ရှင်းလင်းခံခြင်းများမှာနေ့စဉ်ဖြစ်ပွားနေသည်။ မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အင်အားသည် သိသိသာသာထိခိုက်ကျဆင်းလာတာကို တွေ့ရှိနေရသည်။ ဥပမာ အနေဖြင့်ချင်းပြည်နယ်တွင် ဖြစ်ပွားသည့်တိုက်ပွဲများကိုကြည့်မည်ဆိုပါလျှင် သံချပ်ကားယာဥ်တန်းတိုက်ခိုက်ခံရမှု တွင်ယာဥ်တန်းတစ်ခုလုံးတိုက်ခိုက်ခံရသည့်အပြင် အရာရှိအခြားအဆင့်များစွာလည်း ကျဆုံးထိခိုက်ပြီး သံချပ်ကားယာဥ် ၂ စီးနှင့် အုပ်ချုပ်မှုယာဥ်များ စစ်လက်နက်ပစွည်းများစွားလည်း ပျက်ဆီဆုံးရှုံးခဲ့ရသည်အထိ ဖြစ်ပွားလာသည်ကို တွေ့ရှိရသည်။ အာဏာသိမ်းပြီးနောက်ကျဆုံးမှုများတွင်လည်း ဗျူဟာမူး၊ တပ်ရင်းမူး၊ ဒုတပ်ရင်းမူး၊ ဗိုလ်မူးအဆင့်ထိပါ ထိခိုက်ကျဆုံးမှုများရှိသည်။ ကရင်နီ၊…
Read More
စစ်ကောင်စီတပ် လေယာဉ်ဖြင့်ကြဲချသည့် ဗုံးတွင် ထိုင်းနိုင်ငံအမှတ်အသားများပါနေ

စစ်ကောင်စီတပ် လေယာဉ်ဖြင့်ကြဲချသည့် ဗုံးတွင် ထိုင်းနိုင်ငံအမှတ်အသားများပါနေ

RNA_မေ(၁)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုအတွင်း အသုံးပြုခဲ့သည့် ဗုံးတွင် ထိုင်းနိုင်ငံအမှတ်အသားများပါဝင်နေသည်ဟု ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ရှင်းပြထားသည်။ ၂၀၂၃ ခုနှစ် မေလ (၂၁) ရက်နေ့က စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ထိုင်းနိုင်အမှတ်အသား ပါသည့်ဗုံးကြဲမှုအတွင်း ပြည်သူများ၏ အိုးအိမ်များ ပျက်စီးခဲ့ရကြောင်း သိရသည်။ #RedNewsAgency
Read More
Cobra စစ်ကြောင်းထံ Venom စစ်ကြောင်းရှိ ရဲဘော်အားလုံး လာရောက်ပူးပေါင်း

Cobra စစ်ကြောင်းထံ Venom စစ်ကြောင်းရှိ ရဲဘော်အားလုံး လာရောက်ပူးပေါင်း

RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်အားကောင်းနေသည့် ဗိုလ်ဒါဘောဦးဆောင်သည့် Cobra စစ်ကြောင်းထံသို့ Venom စစ်ကြောင်းတစ်ကြောင်းလုံး ဧပြီလ ၆ ရက်နေ့က လာရောက်ပူးပေါင်းကြောင်း သိရသည်။ Venom စစ်ကြောင်းတစ်ကြောင်းလုံးသည် Cobra စစ်ကြောင်းထံသို့ လာရောက်ပူးပေါင်းခဲ့သည့်အတွက် ဗိုလ်ဒါဘောမှ ကော်ဘရာစစ်ဆင်ရေးမှူးအဖြစ် တာဝန်ယူကာ ကော်ဘရာစစ်ကြောင်း၏ ဖွဲ့စည်းပုံအား စစ်ကြောင်း (၁) နှင့် စစ်ကြောင်း (၂) ဟူ၍ ပြန်လည်ဖွဲ့စည်းထားသည်ဟု Cobra စစ်ကြောင်းမှ ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
ယနေ့ ရွှေကုက္ကို တိုက်ပွဲတွင် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ကျောင်းသား စောသန့်အေဗယ် ကျဆုံး

ယနေ့ ရွှေကုက္ကို တိုက်ပွဲတွင် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ကျောင်းသား စောသန့်အေဗယ် ကျဆုံး

RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ စစ်ကောင်စီတပ်နှင့် BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကို မြို့သစ်ကို တော်လှန်ရေး အင်အားစုများ ယနေ့ဝင်တိုက်ခိုက်ရာ နှစ်ဖက်အကျအဆုံးရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဖက်မှ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ကျောင်းသား ရဲဘော်စောသန့်အေဗယ် ကျဆုံးသည့်အထဲ ပါဝင်ခဲ့ကြောင်း သိရသည်။ "ဒီနေ့ ရွှေကုက္ကို ဝင်တိုက်ကျတယ်၊ နှစ်ဖက်အကျအဆုံးရှိတယ်၊ စစ်ကောင်စီဘက်က အသေတော့ များတယ်၊ မနက်ပိုင်းမှာပဲ ရဲဘော်စောသန့်အေဗယ်တို့ရှေ့ လက်နက်ကြီးကျတာ အဲမှာတင် နှစ်ယောက် အနည်းဆုံးကျသွားတယ်လို့ သိရတယ်၊ ကျနော်တို့နဲ့ လုပ်ဖော်ကိုင်ဘက် ရဲဘော်ပါ တော်တော်စိတ်မကောင်း ဖြစ်ရတယ်ဗျာ " ဟု ရဲဘော်စောသန့်အေဗယ်၏ မိတ်ဆွေ ရဲဘော်တဦးက Red News Agency ကိုပြောသည်။ (more…)
Read More
ကော့ကရိတ် တိုက်ပွဲတွင် Justice Soldier -PDF မှ ရဲဘော် ဘယ်ကျော် ကျဆုံးခဲ့ရ

ကော့ကရိတ် တိုက်ပွဲတွင် Justice Soldier -PDF မှ ရဲဘော် ဘယ်ကျော် ကျဆုံးခဲ့ရ

RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး တိုက်ပွဲတွင် ကျားဖြူတပ်ရင်းရုံးကာကွယ်ရေးတပ်ခွဲ၊ ကျားဖြူတပ်ခွဲ ၅ (Justice soldier -PDF) ရဲဘော် ဘယ်ကျော် ဧပြီလ (၆) ရက်နေ့ နံနက် (၇) နာရီဝန်းကျင်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ရကြောင်း သိရသည်။   ကော့ကရိတ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံများကို Justice Soldier -PDF နှင့် Southern Eagle PDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ကတည်းက ထိုးစစ်ဆင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီလက်အောက်ခံ (၄၀) ကျော်သေဆုံးခဲ့သည့်ကို Drone ဖြင့် ကြည့်ခဲ့သည့်အတွက်…
Read More
ရွှေကုက္ကိုဝန်းကျင် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၈၅) ဦးသေဆုံးဟု ထုတ်ပြန်

ရွှေကုက္ကိုဝန်းကျင် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၈၅) ဦးသေဆုံးဟု ထုတ်ပြန်

RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကို ဒေသတွင် စစ်ကောင်စီတပ်လက်အောက်ခံ BGF ကထိန်းချုပ်ထားရာ ဧပြီလ ၅ ရက်နေ့မှစတင်ကာ ပူးပေါင်းမဟာမိတ်အဖွဲ့များ တိုက်ခိုက်နေရာ စခန်းကုန်း (၅) ခုသိမ်းနိုင်ထားပြီး စစ်ကောင်စီလက်အောက်ခံ (၈၅) ဦးသေဆုံးကာ (၆၀) ကျော်ဒဏ်ရာရရှိထားကြောင်း Lion Battalion Commando Special Forces ဗျုဟာစစ်ကြောင်း မှ ယမန်နေ့က ထုတ်ပြန်ထားသည်။   စစ်ကောင်စီလက်အောက်ခံ BGF ထိန်းချုပ်ထားသော ရွှေကုက္ကိုလ် ဒေသ ၊ ထီးဝါးပလော၊ ထီးကော်ထောကျေးရွာများအတွင်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် BGF များကို ဗိုလ်အယ်ဆေးဝါးဦးဆောင်သော Lion Battalion ဗျုဟာစစ်ကြောင်းနှင့်တော်လှန်းရေးပူးပေါင်တပ်များမှဗျုဟာမြောက်ဝင်ရောက်စီးနင်းတိုက်ခိုက်ကြကြောင်း၊ စစ်ကောင်စီတပ်နှင့် BGF…
Read More
မြဝတီ ကုန်သွယ်ရေးဇုန်နှင့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၁) ဦးသေ၊ ဒုရဲမှူးအပါအဝင် (၈) ဦးဖမ်းဆီးခံရ

မြဝတီ ကုန်သွယ်ရေးဇုန်နှင့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၁) ဦးသေ၊ ဒုရဲမှူးအပါအဝင် (၈) ဦးဖမ်းဆီးခံရ

RNA_မတ်(၃၀)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း၊ သင်္ဃန်းညီနောင်ဗျူဟာ (၃၃၅) တပ်ရင်းတို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်တိုက်သည့်နေ့တွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံ (၁၁) ဦးသေဆုံးပြီး၊ ဒုရဲမှူးအပါအဝင် (၈) ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း၊ သင်္ဃန်းညီနောင်ဗျူဟာ (၃၃၅) တပ်ရင်းတို့အား မတ်လ (၂၅) ရက်နေ့က ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings စသည့်ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (more…)
Read More
မယ်ခါးထာစခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၆) ဦးသေ (၇) ဦးဒဏ်ရာရ

မယ်ခါးထာစခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၆) ဦးသေ (၇) ဦးဒဏ်ရာရ

RNA_မတ်(၃၀)၊၂၀၂၃ခုနှစ်။   မာနယ်ပေလောကျဆုံးပြီးချိန်မှစ၍ စစ်ကောင်စီတပ်အထိုင်ချနေသည့် သံလွင်မြစ်ကမ်းနားရှိ မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းအား KNLA နှင့် မဟာမိတ်များက ပြန်လည်သိမ်းယူသည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၁၆) ဦးသေဆုံးပြီး (၇) ဦးဒဏ်ရာရရှိခဲ့သည်ဟု KNU မူတြော် သတင်းစဉ်က ယနေ့ထုတ်ပြန်ထားသည်။   စစ်ကောင်စီတပ် အထိုင်ချနေထိုင်သည့် မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းစခန်းသိမ်းကို (၄၅) မိနစ်ကြာတိုက်ပွဲအပြီး မတ်လ (၂၈) ရက်နေ့ နံနက် (၅) နာရီတွင် ပြန်လည်သိမ်းပိုက်ခဲ့နိုင်ကြောင်း၊ ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သား(၇) ဦးထဲမှ (၅) ဦးသည်ထိုင်းဖက်ခြမ်းသို့ ကူးခတ်လွတ်မြောက်သွားသည့်အတွက် ထိုင်းတော်ဝင်တပ်မတော်မှနီးစပ်ရာရှိထိုင်းပြည်သူ့ဆေးရုံမှဆေးကုသမှုပေးလျှက်ရှိကြောင်း၊ တိုက်ပွဲအတွင်း KNLA နှင့် FFD ပူးပေါင်းတပ်ဖက်မှ ရဲဘော်တဦးကျဆုံးခဲ့ပြီး (၈)ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။ (more…)
Read More