ကရင်နီ

စစ်ကောင်စီတပ် ခလရ (၁၃၅) စခန်းတခုကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ သိမ်းပိုက်

စစ်ကောင်စီတပ် ခလရ (၁၃၅) စခန်းတခုကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ သိမ်းပိုက်

RNA_မတ်(၁၇)၊၂၀၂၃ ခုနှစ်။   သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ် ခလရ (၁၃၅) ရှေ့တန်းတပ်စခန်းတခုကို မတ်လ (၁၆) ရက်နေ့ ညနေ ၅ နာရီမှ ၆ နာရီအတွင်း ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။   စစ်ကောင်စီတပ် ခလရ (၁၃၅) ရှေ့တန်းတပ်စခန်းတခုကို သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သား အလောင်း (၃) လောင်းတွေ့ရှိရပြီး၊ လက်နက်မျိုးစုံ (၆)နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း၊ စခန်းအထိုင်တပ်သားတချို့ထွက်ပြေးသွားကြကြောင်း သိရသည်။   #RedNewsAgency
Read More
ကရင်နီတပ်မတော် စခန်းတခုကို သိမ်းပိုက်ရန်ကြိုးစားသည့် စစ်ကောင်စီတပ် အထိနာပြီး တပ်ဆုတ်သွား

ကရင်နီတပ်မတော် စခန်းတခုကို သိမ်းပိုက်ရန်ကြိုးစားသည့် စစ်ကောင်စီတပ် အထိနာပြီး တပ်ဆုတ်သွား

RNA_မတ်(၁၂)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည် ဆိုတရှားမြို့နယ်တွင်ရှိသည့် ကရင်နီတပ်မတော် တပ်ရင်း(၃) စခန်းတခုကို စစ်ကောင်စီတပ်မှ တပ်ရင်း (၃) ရင်းပေါင်းပြီး အင်အားအများအပြားဖြင့် သိမ်းပိုက်ရန် ရန်ကြိုးစားခဲ့သော်လည်း အထိနာပြီး တပ်ဆုတ်သွားကြောင်း သိရသည်။ ကရင်နီ-ထိုင်း နယ်စပ်အမှတ်(၈)နှင့် (၉)အကြားတွင်ရှိသည့် ကရင်နီတပ်မတော် ရင်း(၃)၏ တပ်စခန်းတစ်ခုအား သိမ်းပိုက်ရန် စစ်ကောင်စီတပ် ခမရ-၃၃၇၊ ခမရ - ၃၃၄နှင့် ခမရ-၅၁၉ တပ်ရင်း(၃)ရင်းမှ ပူးပေါင်းကာ မတ်လ (၁၁) ရက်နေ့ နံနက် (၁၁)မှ ညနေ (၆) နာရီထိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု KnIC ကသတင်းထုတ်ပြန်ထားသည်။ (more…)
Read More
ဒေါသဲရွာအတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၄) ဦးသေဆုံး

ဒေါသဲရွာအတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၄) ဦးသေဆုံး

RNA_မတ်(၁၁)၊၂၀၂၃ ခုနှစ်။ ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုအရှေ့ခြမ်း ဒေသဲရွာအတွင်း စစ်ကောင်စီတပ်နှင့် KA၊ KNDF ပူးပေါင်းတပ်တို့ ရင်ဆိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၄) ဦးသေဆုံးကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ဒေါသဲရွာအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ရင်ဆိုင်တိုက်ပွဲကို မတ်လ (၁၀) ရက်နေ့က ကရင်နီတပ်မတော် KA၊ KNDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ (more…)
Read More
ရဲဘော်များ စစ်တိုက်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်

ရဲဘော်များ စစ်တိုက်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်

RNA_ဇန်နဝါရီ (၁၀)၊၂၀၂၃ ခုနှစ်။   ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်စပ်မှာ အခြေချပြီး စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် မြို့ပြတော်လှန်ရေးတပ်ဦး - Urban Revolutionary Front - URF ရဲဘော်များအနေဖြင့် တိုက်ပွဲအတွက် ပြင်ဆင်ပြီးဖြစ်သည့်အတွက် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်ကြောင်း သိရသည်။ မြို့ပြတော်လှန်ရေးတပ်ဦးအနေဖြင့် လက်နက်အင်အားမှာလည်း တပ်ဖွဲ့ရင်အရေအတွက်၏ တဝက်သာရှိသည့်အတွက် စစ်မြေပြင်ကို ရဲဘော်အားလုံး ထွက်ဖို့ အဆင်မပြေကြောင်း၊ ယခု ရှေ့တန်းထွက်မည့် ရဲဘော်များအတွက် ကျည်ဆံဖိုးများကို အနည်းအများပေါ်မူမတည်ပဲ တက်နိုင်သမျှ https://t.me/URF_Urban_Revolutionary_Front  မှာ လာရောက်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။ (more…)
Read More
သေးဆူးလဲတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ရဲဘော်ဒို ဈာပန ပြုလုပ်

သေးဆူးလဲတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ရဲဘော်ဒို ဈာပန ပြုလုပ်

RNA_ဒီဇင်ဘာ ( ၃)၊၂၀၂၂ ခုနှစ် ကရင်နီပြည်(ကယား)၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူးလဲတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၅) မှ ကျဆုံးခဲ့သည့် ရဲဘော်ဒို ဈာပနအခမ်းအနားကို ဒီဇင်ဘာ (၁) ရက်နေ့က ပြုလုပ်ခဲ့သည်။ ကရင်နီပြည် အမျိုးသားကာကွယ်ရေးတပ်နှင့် ဒေသခံမဟာမိတ် တပ်ပေါင်းစု တပ်ဖွဲ့များက သေးဆူးလဲရွာအနီးဝန်ကျင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် နိုဝင်ဘာလ (၂၉) ရက်နေ့ တိုက်ပွဲတွင် ရဲဘော်ဒို ကျဆုံးခဲ့ရသည်။ (more…)
Read More
ရိက္ခာပို့သည့် စစ်ကောင်စီတပ် အဖွဲ့ဝင် ၅ ဦးကို ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်အဆင့်တဦးအပါအဝင် (၃) ဦးသေဆုံး

ရိက္ခာပို့သည့် စစ်ကောင်စီတပ် အဖွဲ့ဝင် ၅ ဦးကို ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်အဆင့်တဦးအပါအဝင် (၃) ဦးသေဆုံး

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ ခုနှစ်။ ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ် ၊ လောပိတမြို့ရှိ စစ်ကောင်စီခြေကုပ်စခန်းကို ရိက္ခာပို့သွားသည့် အရပ်ဝတ်များဖြင့် စစ်ကောင်စီတပ်က အဖွဲ့ဝင် (၅) ဦးကို KNDF B (10) ရဲဘော်များက ယမန်​နေ့ ( နိုဝင်ဘာ ၁၃ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်)က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်အဆင့် တဦးအပါအဝင် ၃ ဦးသေဆုံးသွားကြောင်း သိရသည်။ (more…)
Read More
ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူ (၂) ဦးကို ရက်ရက်စက်စက်သတ်ပြီး မြေမြှပ်ထားခဲ့

ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူ (၂) ဦးကို ရက်ရက်စက်စက်သတ်ပြီး မြေမြှပ်ထားခဲ့

RNA_စက်တင်ဘာ(၁၇)၊၂၀၂၂ခုနှစ်။ ကရင်နီ (ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဒေသခံပြည်သူ (၂) ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး အလောင်းမြေမြှပ်ထားခဲ့ရာ KNDF -BO 6 ရဲဘော်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ " စခတွေကို ဖထွေးတော်ချင်တဲ့သူတွေက စခကကောင်းပါတယ် ပြန်နေရင်ဘာမှ မဖြစ်ဘူး ငါတို့ကိုတောင် ကော်ဖီတိုက်သေးတယ် ပြောဆိုစည်းရုံးတော့ ရွာသားအနည်းစုက အဟုတ်ထင်ပြီးပြန်နေကြတယ်။ စက်တင်ဘာ ၁၄ ရက်က စခတွေ စစ်ကြောင်းထိုးတော့ KNDF တပ်ရင်းအမှတ်၆ နဲ့ တိုက်ပွဲ ၁နာရီ မိနစ် ၃၀ ကြာ ဖြစ်ပွားခဲ့တယ်။ စခဘက် အထိနာရှိတော့ ရွာအတွင်း မြေလှန်နင်းရှာဖွေရင်း ရွာတွင်းရှိ ပြည်သူနှစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။…
Read More
စနိုက်ပါ (Sniper) အဖွဲ့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ (၄) ဦးသေ

စနိုက်ပါ (Sniper) အဖွဲ့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ (၄) ဦးသေ

RNA_ဩဂုတ်၁၈၊၂၀၂၂ခုနှစ်။ ကရင်နီပြည်၊ ဒီးမော့ဆိုခရိုင်၊ ဖရူဆိုမြို့နယ်၊ ဆိုလာလူးရွာအနီး တိုက်ပွဲတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး စနိုက်ပါ ( Sniper) အဖွဲ့သားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၄) ဦးသေဆုံးခဲ့သည်။ "ဖရူဆိုမြို့နယ် ၊ ဆိုလာလူးရွာအနီးတွင် တပ်စွဲထားသောရန်သူစခများအား အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးSniper အဖွဲ့ ၊ KNDF Sniper အဖွဲ့ ၊ Loikaw PDF Sniper အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်၊ ပူးပေါင်းအဖွဲ့၏တိုက်ခိုက်မှုကြောင့် ( ၃ ) ရက်အတွင်းရန်သူစခ ( ၄ ) ကောင်သေဆုံးခဲ့ပါသည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဆိုလာလူးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဩဂုတ် (၁၄) ရက်နေ့က…
Read More
ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန်

ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန်

ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန် RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။ ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အနီး ​ဝါှရီဆူးပလိုင်၊ လေဝိုး​၊ ဝီသဲကူး​(မြောက်ရွာ)တို့တွင် ယနေ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိ တပ်သားပါအဝင် (၄၀) ဦးထက်မနည်း သေဆုံစခဲ့သည်ဟု မြေပြင်သတင်းအရ DMO-PDF ကထုတ်ပြန်ထားသည်။ " အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ကား(၃)စီးပျက်ဆီးခဲ့ပြီး အရာရှိအရာခံအပါအဝင် (၄၀)ဦးထက်မနည်းသေဆုံးခဲ့ဟု ​မြေပြင်သတင်းအရသိရသည်။ အထိနာခဲ့သောအကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့သည် ခမရ ၄၂၂ တပ်၊ ခမရ ၅၄တပ်မှ လက်နက်ကြီး ပစ်ကူခဲ့သလို ည​နေ(၄)နာရီဝန်ကျင်ခန့်တွင် တိုက်လေယာဉ် ၂ စီး၊ ည​နေ (၅)နာရီအချိန်တွင် တိုက်​လေယာဥ် (၂)စီး စုစု​ပေါင်း (၄)စီးဖြင့်…
Read More
ကရင်နီပြည်နယ် KGZ-Army က တပ်မဟာ (၅) ထပ်မံဖွဲ့စည်းကာ အင်အားဖြည့်

ကရင်နီပြည်နယ် KGZ-Army က တပ်မဟာ (၅) ထပ်မံဖွဲ့စည်းကာ အင်အားဖြည့်

RNA_ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြည်နယ်၏ ၉၀ ရာခိုင်နှုန်း ထိန်းချုပ်ထားသည့် ကရင်နီပြည်နယ် (ကယား)တွင် Karenni Generation Z ( KGZ-Army)က အင်အားဖြည့်သည့်အနေဖြင့် တပ်မဟာ (၅) ကို ထပ်မံဖွဲ့စည်းလိုက်နိုင်ပြီဟု ယနေ့ အသိပေးလာသည်။ Red News Agency
Read More