အသက် (၁၈) နှစ်အရွယ် အထူးကွန်မန်ဒို တပ်ခွဲ ဒုတပ်စိပ်မှူး ကျဆုံး

Written by

in

RNA_မေ(၁၄)၊၂၀၂၃ ခုနှစ်။

ကယား (ကရင်နီ) တော်လှန်ရေး တပ်ရင်း – KRU လက်အောက်ရှိ တပ်ခွဲ (၁) ကွန်မန်ဒိုတပ်ခွဲမှ ဒုတပ်စိတ်မှူး ရဲဘော် မောင်အဲလ်ဖရက် (ခ) ခွန် နိုဘယ် (အသက် ၁၈ နှစ်) သည် မေလ ၁၀ ရက်နေ့က ကျဆုံးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ရှေ့တန်းတနေရာတွင် ထောင်မိုင်းထိကာ ဒဏ်ရာအပြင်းအထန်ရရှိပြီးနောက် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ရဲဘော် မောင်အဲလ်ဖရက် (ခ) ခွန် နိုဘယ်၏ ဈာပနအခမ်းအနားကို မေလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း KRU အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဒုတပ်စိပ်မူး အဲလ်ဖရက်(ခ)ခွန်နိုဘယ်သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေးရရှိရေးနှင့် ဖယ်ဒရယ်ဒီမိုကရေးစီ ထူထောင်နိုင်ရေး ရည်မှန်းချက်များနှင့်အတူ ကယားပြည်နယ်အတွင်း တော်လှန်ရေးလုပ်ငန်းစဥ်များကို အစွမ်းကုန်ကြိုးစားရင်း မြင့်မြတ်စွာ အသက်ပေးဆပ်သွားသည့်အတွက် ကျွန်တော်တို့ KRU Commando တပ်ဖွဲ့ မှအာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲ မှတ်တမ်းတင်သွားမည်ဟု ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကို ရင်ဆိုင်ရင်း ရှေ့တန်းစစ်မျက်နှာ တစ်နေရာတွင် မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ရဲဘော်အဲလ်ဖရက် (ခ)ခွန် နိုဘယ်အား ကယား (ကရင်နီ) တော်လှန်ရေး တပ်ရင်း (KRU) မှ အာဇာနည်သူရဲကောင်း အဖြစ် အသိအမှတ်ပြုကြောင်း ဝမ်းနည်းစွာဖြင့် Karenni Revolution Union (KRU)က ထုတ်ပြန်ထားသည်။

#RedNewsAgency