ရုပ်သံ

ကျားသစ်နက်တပ်မတော် အထူးတိုက်ခိုက်ရေး သင်တန်းဆင်း ထူးချွန်ရဲဘော်များကို ဆုချီးမြှင့်

ကျားသစ်နက်တပ်မတော် အထူးတိုက်ခိုက်ရေး သင်တန်းဆင်း ထူးချွန်ရဲဘော်များကို ဆုချီးမြှင့်

RNA_မေ(၂၁)၊၂၀၂၄ ခုနှစ်။   စစ်ကိုင်းတိုင်း၊ NUG - MOD ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်း ကျားသစ်နက်တပ်မတော် - Black Leopard Army ရဲ​ဘော် (၃၀) ဦးသည် အထူးတိုက်ခိုက်ရေး သင်တန်းဆင်းလာပြီးနောက် မေလ ၁၈ ရက်နေ့က စခန်းသွင်းပြန်လေ့ကျင်မှုများ ပြုလုပ််ပြီး ထူးချွန်သူများကို ဆုချီးမြှင့်မှုများ ပြုလုပ်ပေးခဲ့ကြောင်း ကျားသစ်နက်တပ်မတော် တာဝန်ခံ ကိုဥက္ကာထံမှ သိရသည်။ စစ်ကိုင်းတိုင်းအခြေစိုက် ကျားသစ်နက်တပ်မတော် - Black Leopard Army ရဲ​ဘော် (၃၀) ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသ၊ လေ့ကျင့်ရေးဌာမှ ဦးစီးသင်ကြားပေးသည့် အထူးတိုက်ခိုက်ရေး…
Read More
ဗကသသည် ပြည်သူလူထုဘက်က ပြတ်ပြတ်သားသား ရပ်တည်သည့် အဖွဲ့အစည်းဖြစ်သည်

ဗကသသည် ပြည်သူလူထုဘက်က ပြတ်ပြတ်သားသား ရပ်တည်သည့် အဖွဲ့အစည်းဖြစ်သည်

RNA_မေ(၈)၊၂၀၂၄ ခုနှစ်။   ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ( ဗကသ) သည် ပြည်သူလုထူဘက်က ပြတ်ပြတ်သားသား ရပ်တည်သည့် ရှည်လျားသည့် သမိုင်းကြောင်းရှိသည့် အဖွဲ့အစည်းတခုဖြစ်ကြောင်း ယနေ့ ကျရောက်သည့် ဗကသများအဖွဲ့ချုပ် တည်ထောင်ခြင်း (၈၈) နှစ်ပြည့်အခမ်းအနားသို့ ဗကသ ဥက္ကဋ္ဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ ကိုကျော်ကိုကို ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။   ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ် လှုပ်ရှားမှုဖြစ်ပေါ်ခဲ့ပြီးနောက် အမျိုးသားကျောင်းများပေါ်ထွန်းပြီးနောက် ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ဥက္ကဋ္ဌ ကိုနုနှင့် အတွင်းရေးမှူး ကိုအောင်ဆန်း (အိုးဝေ-အယ်ဒီတာ) တို့အား ကျောင်းထုတ်ခံရမှုကို ကန့်ကွက်သော ဒုတိယကျောင်းသပိတ်ဖြစ်ပေါ်ခဲ့သည့် ထိုနှစ်…
Read More
မြို့ပြကို ထိုးဖောက်နိုင်ရေး ကြိုးစားနေသည်ဟု ဗိုလ်မိုက်ခဲပြော

မြို့ပြကို ထိုးဖောက်နိုင်ရေး ကြိုးစားနေသည်ဟု ဗိုလ်မိုက်ခဲပြော

RNA_မေ(၇)၊၂၀၂၄ခုနှစ်။   ရေစကြိုမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် လှုပ်ရှားနေသော Myingyan Black Tiger (MBT) တပ်ဖွဲ့အနေဖြင့် ဒေသတွင်းရှိ မြိုဲ့ပြကို ထိုးဖောက်နိုင်ရေး ကြိုးစားနေသည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။   "ကျွန်တော်တို့ လက်ရှိစစ်ရေးအခြေအနေအရ မြို့ပြကိုထိုးဖောက်နိုင်ဖို့ ကြိုးစားနေပါတယ်။ မြို့ပြကို ထိုးဖောက်ဖို့ဆိုတာလည်း အရင်စစ်ရေးမစ်ရှင်တွေနဲ့စာရင် ဒီဟာက တအားခက်ခဲပါတယ်။ အဲအတွက် ကျွန်တော်တို့တွေ အကောင်းဆုံးပြင်ဆင်နေရတယ် အချိန်ယူနေရတယ် ကျွန်တော်တို့တွေ အကောင်းဆုံး ကြိုးစားနေပါတယ်။ ရဲဘော်တွေလည်း အကောင်းဆုံးစိတ်ဓာတ်တွေနဲ့အတူ ကျွန်တော်တို့လက်ရှိအနေအထားမှာ ကိုယ့်နယ်မြေမဟုတ်တဲ့ ရန်သူ့နယ်မြေထဲမှာ ထိုးဖောက်နေတာတွေလည်း ရှိပါတယ်" ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ့က ပြောသည်။ MBT တပ်ဖွဲ့အနေဖြင့် မန္တလေးတိုင်း မြင်းခြံ၊…
Read More
ဘူးသီးတောင်စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်ရင်းမှူးအပါအဝင် လက်နက်ချအညံ့ရသူများအား တွေ့ရစဉ်

ဘူးသီးတောင်စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်ရင်းမှူးအပါအဝင် လက်နက်ချအညံ့ရသူများအား တွေ့ရစဉ်

RNA_မေ(၆)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် စစ်ကောင်စီ၏ စကခ (၁၅) တပ်မဌာနချုပ်အား အာရက္ခတပ်တော်-AA မှထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း ဒုတပ်ရင်းမှူးအပါအဝင် လက်နက်ချအညံ့ခံသည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုဝင်များအား ဧပြီလ ၄ ရက်နေ့က တွေ့ရသည့်ရုပ်သံအား AA ကထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ စကခ (၁၅) တပ်မဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် အပြတ်အသတ်ရှုံးနိမ့်ကာ လုံးဝမလွတ်မြောက်နိုင်သည့် အခြေအနေ၌ လက်နက်ချအညံ့ခံခဲ့၍ အသက်ချမ်းသာရာရခဲ့ကြောင်း၊ စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်အား မေလ (၂) ရက်နေ့တွင််အပြီးတိုင်းသိမ်းပိုက်ရရှိခဲ့သည်ဟု AA၏ ထုတ်ပြန်ချက်များအရ သိရသည်။ #RedNewsAgency
Read More
အတူရုန်းကန်ပြီး ငြိမ်းချမ်းသည့်ခေတ်ဆီ ပြန်သွားမည်ဟု ပုလော PDF ပြော

အတူရုန်းကန်ပြီး ငြိမ်းချမ်းသည့်ခေတ်ဆီ ပြန်သွားမည်ဟု ပုလော PDF ပြော

RNA_ဧပြီ(၂၆)၊၂၀၂၄ ခုနှစ်။ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အခြေစိုက်၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း ပုလော PDF ရဲဘော် ၂၈ ဦးသည် နွေဦးတော်လှန်ရေး တိုက်ပွဲများအတွင်း ကျဆုံးခဲ့ရသော်လည်း အတူရုန်းကန်ပြီး ငြိမ်းချမ်းသည့်ခေတ်ဆီ ပြန်သွားမည်ဟု ပုလော PDF က ပြည်သူများကို ပြောကြားလိုက်သည်။ "ကျွန်တော်တို့ကိုယ်တိုင်က ပြည်သူက‌နေပဲ ပေါက်ဖွားလာတဲ့ ရဲဘော်တွေ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်သူဖြစ်ဖြစ် လက်နက်မကိုင်ပဲ ရရာနည်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်သူပဲ ဖြစ်ဖြစ် အားလုံးဟာ တော်လှန်ရေး ရဲဘော်တွေပါပဲ။ အမှန်တရားကို ပြန်ရဖို့အတွက် လက်နက်ကိုင်မှ ရမယ်ဆိုတာမျိုး ဒီတခေါက် နောက်ဆုံးဖြစ်ချင်တယ်။ ကျွန်တော်တို့ ရဲဘော်တွေ အသက်ပေးရသလို ပြည်သူတွေလည်း နေရပ်စွန့်ခွာ အိုးအိမ်တွေပျက်စီးကြရတယ်။ ဒါပေမယ့် အားတင်းထားကြပါ။ ကျွန်တော်တို့…
Read More
အပစ်ရပ်နေသော်လည်း မြဝတီစစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

အပစ်ရပ်နေသော်လည်း မြဝတီစစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

RNA_ဧပြီ(၂၁)၊၂၀၂၄ ခုနှစ်။ စစ်ကောင်စီလက်အောက်ခံများနှင့် KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များ ယနေ့ နံနက်ပိုင်းမှစပြီး အပစ်ရပ်နေသော်လည်း မြဝတီဘက်ခြမ်းရှိ စစ်ဘေးရှေင်များမှာ အကူအညီလိုအပ်နေကြောင်း သိရသည်။ "အခုမနက် မဲဆောက်ရောက်နေတဲ့ စစ်ဘေးရှောင်တွေသွားလှူကြတာ တော်တော်များတယ်။ မြဝတီဘက်ခြမ်းက သူတွေအတွက် ၁၂ ဂိတ်ဘက်မှာပေါ့ သူတို့ ထမင်းထုပ်တောင် နေ့လည်စာ မလောက်ဘူး ညစာတော့ ဘယ်လို လုပ်မလဲမသိဘူး။ ကမ်းနားဘက်မှာ ကပ်နေကြရတာတွေ့တယ်” ဟု စစ်ဘေးရှောင်များကို သွားလှူသူတဦးက ပြောသည်။ မြဝတီအပစ်ရပ်နေပြီဖြစ်သည့်အတွက် မဲဆောက်ဘက်ခြမ်းရောက် ထိုင်းအစိုးရမှလက်ခံထားသူများ ပြန်လွှတ်နေပြီဟု ကြားသိရသော်လည်း ယနေ့ နံနက်ပိုင်းတွင် စစ်ဘေးရှောင်များထံ သတင်းသွားယူခွင့်ကို ထိုင်းစစ်တပ်လက်အောက်ခံများက သွားခွင့်မပြုကြောင်း၊ တံတား (၂) ဘက်တွင်လည်း ထိုင်းစစ်တပ်က လုံခြုံရေးတင်းကြပ်ထားသည်။…
Read More
ပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူးနေအိမ်က ကော်စေ့သေနတ် (ပစ္စတိုအတု)ပါ သိမ်းဆည်းရမိ

ပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူးနေအိမ်က ကော်စေ့သေနတ် (ပစ္စတိုအတု)ပါ သိမ်းဆည်းရမိ

RNA_ဧပြီ(၁၉)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ နတ်မောက်မြို့နယ် အရှေ့ခြမ်း၊ ဖန်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် ခင်မောင်အေးနေအိမ်အနီးတွင် ပစ်ခတ်ရှင်းလင်းခံရပြီး နေအိမ်မှပစ္စည်းများ သိမ်းဆည်းရမိသည့်အထဲတွင် ကော်စေ့သေနတ် (ပစ္စတိုအတု) အပါအဝင် ယူနီဖောင်းများ၊ ကာဘိုင်သေနတ် ၁ လက်၊ ကာဘိုင်ကျည် ၁၉ တောင့်နှင့် စစ်သုံးပစ္စည်းများသိမ်းဆည်းရမိခဲ့သည်။ စစ်ကောင်စီလက်အောက်ခံ ခင်မောင်အေးမှာ ဧပြီလ ၁၇ ရက်နေ့က နေအိမ်အနီး ရှင်းလင်းခံခဲ့ရပြီး နေအိမ်မှ ကာဘိုင်သေနတ် ၁ လက်၊ ကာဘိုင်ကျည် ၁၉ တောင့်၊ ပစ္စတိုအတု ၁ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ၉မမ ကျည် ၄ တောင့်၊ စစ်ဝတ်စုံ ၁၁…
Read More
PDF ရဲဘော်များ၏ တော်လှန်သင်္ကြန် “အားမနာသံချပ်”

PDF ရဲဘော်များ၏ တော်လှန်သင်္ကြန် “အားမနာသံချပ်”

RNA_ဧပြီ(၁၄)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်လွင်ပြင် PDF ရဲဘော်များ၏ တော်လှန်သင်္ကြန် "အားမနာသံချပ်"ကို တော်လှန်ပြည်သူများအတွက် ဖော်ပြလိုက်ပါသည်။ "‌အိုးစည်လည်းမပါသလို ဒိုးပတ်လည်းမပါပါဘူး ပုဆိုးတွေလည်းမကောင်းသလို ဆင်တူအင်္ကျီမပြောနဲ့ စတစ်အကျီဖြူကိုတောင် ပြည်သူဆီက ငှားပြီး ဆိုရတဲ့ သံချပ်မို့ လိုအပ်မှုတွေက အများကြီးပါ။ အသံသာသာ မကြားရပေမယ့် တော်လှန်ရေးရဲ့ အဖြစ်သနှစ်တွေကို လူငယ်တွေပီပီ တည့်ရေးပြီး တည့်ပြောထားတာမို့ ဖြောင့်မှန်သူတွေ နားဝင်ပီယံ သာစေကြောင်းနဲ့ပါ။ ပျက်နေတာတွေပြင်ပြီး လွဲနေတာတွေ တည့်စေချင်လို့ပါ" ဆိုသည့် ရည်ရွယ်ချက်ဖြင့် အားမနာ သံချပ်ကို ပြုလုပ်ခဲ့ရခြင်းဖြစ်ပြီး၊ ပြည်သူများအနေဖြင့် အမှားပါရင် ခွင့်လွှတ်ရန် အနောက် မြောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တဦးက ပြောသည်။ #rednewsagency…
Read More
ပ.က.ဖ ဦးဆောင်သူကိုဝင်းရွှေက ပြည်သူ့ဆန္ဒမပါပဲ အိမ်ခြံဝန်းများကို ဘူဒိုဇာနှင့်ထိုး

ပ.က.ဖ ဦးဆောင်သူကိုဝင်းရွှေက ပြည်သူ့ဆန္ဒမပါပဲ အိမ်ခြံဝန်းများကို ဘူဒိုဇာနှင့်ထိုး

RNA_ဧပြီ(၁၃)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဌေးအောင်ရွာအုပ်စု၊ ကျက်စားကျေးရွာတွင် ရပ်ရွာဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပ.က.ဖ ခေါင်းဆောင်ဆိုသူကိုဝင်းရွှေက ပြည်သူ့ဆန္ဒမပါပဲ အိမ်ခြံဝန်းများကို ယမန်နေ့ (ဧပြီ ၁၂ ရက်)က ဘူဒိုဇာဖြင့်ထိုး ဖြိုချနေသည့်ကိစ္စကို NUG ဝန်ကြီးများ ကာကွယ်ဖြေရှင်းပေးရန် ဒေသခံများက တောင်းဆိုထားသည်။ ပ.က.ဖ ဦးဆောင်သူ ကိုဝင်းရွှေက ရပ်ရွာနေပြည်သူများ၏ ဆန္ဒမပါပဲ ဖွံ့ဖြိုးရေးခေါင်းစဉ်တပ်ကာ ရွာကွက်သစ်ရိုက်မည့်အနေအထားပြုရန် ခြံဝန်းများကို ဘူဒိုဇာဖြင့်ထိုးဖြိုချဖျက်ဆီးနေမှုကို သက်ဆိုင်ရာ NUG ဝန်ကြီးများနှင့် သက်ဆိုင်ရာ ခေါင်းဆောင်များမှ ယခုကိစ္စကို အမြန်ဆုံး ကူညီကာကွယ် ဖြေရှင်းပေးရန် ရွာခံပြည်သူတချို့က တောင်းဆိုထားသည်။   #RedNewsAgency #RNA #RedNews
Read More
KPDF ရဲဘော်များ၏ တော်လှန်သင်္ကြန်သံချပ်

KPDF ရဲဘော်များ၏ တော်လှန်သင်္ကြန်သံချပ်

RNA_ဧပြီ(၁၂)၊၂၀၂၄ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း KIA နှင့်အတူ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေသည့် KPDF ရဲဘော်များ၏ တော်လှန်သင်္ကြန်သံချပ်ကို ပြည်သူများ ကြည့်ရှုနားဆင်နိုင်ရန် ဖော်ပြပေးလိုက်ပါသည်။ #RedNewsAgency
Read More