သတင်း

တောင်တွင်းကြီးမြို့ ရွှေအိုး (၁) ရပ်ကွက်က ဒလန်ဇော်လတ် ယနေ့ နံနက်က ဦးခေါင်းတချက်၊ ရင်ဘတ်နှစ်ချက် အပစ်ခံရ

တောင်တွင်းကြီးမြို့ ရွှေအိုး (၁) ရပ်ကွက်က ဒလန်ဇော်လတ် ယနေ့ နံနက်က ဦးခေါင်းတချက်၊ ရင်ဘတ်နှစ်ချက် အပစ်ခံရ

တောင်တွင်းကြီး၊ ဩဂုတ် ၂၁ ရက်။ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ယနေ့ ( ဩဂုတ်လ ၂၁ ရက်) နံနက် ၈ နာရီဝန်းကျင်က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး (၁) ရပ်ကွက်၊ အကြမ်းဖက် စစ်ကောင်စီမှ ရာအိမ်မှူးအဖြစ်ခန့်အပ်ထားသည့် ဒလန်ဇော်လတ်ကို အုပ်ချုပ်ရေးမှူးရုံးထဲဝင်ပြီး ပစ်ခတ်ခဲ့ရာ ဦးခေါင်းတချက်၊ ရင်ဘတ်နှစ်ချက် ထိမှန်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ဒလန်ဇော်လတ်သည် တပ်မတော်ထောက်ခံပွဲများအား ဦးဆောင်စီစဉ်သူအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက် ရပ်ကွက်အတွင်း ရာအိပ်မှူး လုပ်ကာ စစ်တပ်သတင်းပေးဖြစ်ကြောင်း သိရသည်။ တောင်တွင်းကြီးမြို့တွင် နေထိုင်လျက်ရှိသည့် အကြမ်း ဖက်စစ်ကောင်စီ၏ လက်ပါးစေများ၊ သတင်းပေး ဒလန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ နှီးနွယ်ဆက်စပ်သူများ၏…
Read More
အာဏာသိမ်း စစ်ကောင်စီတပ်ကထွက်ပြီး ပြည်သူ့ရင်ခွင်ဝင်ရောက်လာမည့် ပြည်သူ့စစ်သားများကို KNDF က လက်ခံမည်

အာဏာသိမ်း စစ်ကောင်စီတပ်ကထွက်ပြီး ပြည်သူ့ရင်ခွင်ဝင်ရောက်လာမည့် ပြည်သူ့စစ်သားများကို KNDF က လက်ခံမည်

RNA- ဩဂုတ် ၂၀ ရက်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် ( KNDF) က အာဏာသိမ်းစစ်ကောင်စီတပ်က ထွက်လာမည့် ပြည်သူ့ စစ်သားများကို လုံခြုံရေးအာမခံပြီး အတူပူးပေါင်း လက်ခံမည်ဖြစ်ကြောင်း သိရသည်။ ပြည်သူ့ရင်ခွင် ဝင်ရောက်လာမည့် စစ်ဟားများကို KNDF နှင့် အတူ ပူးပေါင်းကြိုဆိုမည့်ကိစ္စကို ယနေ့ ပြည်သူ့စစ်သားများအဖွဲ့နှင့် ဆွေးနွေးအတည်ပြုကြပြီး၊ ပြည်သူ့ရင်ခွင် ဝင်ရောက်လာမည့် စစ်သားများအတွက် လုံခြုံရေး အာမခံသည့်အပြင် ဆုငွေများပါ ချီးမြင့်မည်ဖြစ်ကြောင်း KNDF က ယနေ့တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့ရက်ပိုင်းကလည်း အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့မှ ပြည်သူ့ရင်ခွင် ဝင်ရောက်လာသူ များရှိကြောင်း၊ NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နွေဦးတော်လှန်ရေးက ပေါ်ပေါက်လာသည့်…
Read More
ဖားကန့်မြို့နယ်၌ ရဲတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ဖားကန့်မြို့နယ်၌ ရဲတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ဖားကန့်၊ ဩဂုတ် ၁၉ ရက်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၁) ဈေးကုန်း၌ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ရဲသားတစ်ဦး ယနေ့ ( ဩဂုတ်လ ၁၉ ရက်) ညနေပိုင်းက သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။ အရပ်ဝတ်ဖြင့်လာရာမှ သေနတ်ပစ်ခံရပြီး သေဆုံးသည့်ရဲသည် မူးယစ်ဆေး သုံးစွဲ ရောင်းချထံ စပ်ကြေးလာကောက်သူ ဖြစ်နိုင်ကြောင်း၊ မည်သည့်အဖွဲ့မှ ပြုလုပ်ခဲ့ကြောင်း အတိအကျမသိရသေးသော်လည်း အခင်းဖြစ်ပွားရာ ဈေးကုန်းနှင့် ယာယီကားလေးကွင်းအနီးတို့၌ မူးယစ်ဆေးဝါး သုံးစွဲသူ ရောင်းချသူများ ကျင်လည်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။ မူးယစ်ဆေး ရောင်းဝယ်သူများထံမှ အပတ်စဉ်ကြေး လစဉ်ကြေးများကောက်ယူရန် လာသောရဲသည် AD ဘင်ဖြင့် လာရောက်ခဲ့ပြီး၊ သေဆုံးသူမှာ…
Read More
RNA- ဩဂုတ် ၂၀ ရက်။  ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် ( KNDF) က အာဏာသိမ်းစစ်ကောင်စီတပ်က ထွက်လာမည့် ပြည်သူ့ စစ်သားများကို လုံခြုံရေးအာမခံပြီး အတူပူးပေါင်း လက်ခံမည်ဖြစ်ကြောင်း သိရသည်။  ပြည်သူ့ရင်ခွင် ဝင်ရောက်လာမည့် စစ်ဟားများကို KNDF နှင့် အတူ ပူးပေါင်းကြိုဆိုမည့်ကိစ္စကို ယနေ့ ပြည်သူ့စစ်သားများအဖွဲ့နှင့် ဆွေးနွေးအတည်ပြုကြပြီး၊ ပြည်သူ့ရင်ခွင် ဝင်ရောက်လာမည့် စစ်သားများအတွက် လုံခြုံရေး အာမခံသည့်အပြင် ဆုငွေများပါ ချီးမြင့်မည်ဖြစ်ကြောင်း KNDF က ယနေ့တွင် ထုတ်ပြန်ထားသည်။  ပြီးခဲ့ရက်ပိုင်းကလည်း အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့မှ ပြည်သူ့ရင်ခွင် ဝင်ရောက်လာသူ များရှိကြောင်း၊ NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နွေဦးတော်လှန်ရေးက ပေါ်ပေါက်လာသည့် PDF များနှင့် ပြည်သူ့စစ်သားများ အတူပူးပေါင်းကာ ဒီမိုကရေစီရေးအတွက် စစ်အာဏာရှင်ကို တိုက်ထုတ်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။  Red News Agency

RNA- ဩဂုတ် ၁၉ ရက်။ ယောဒေသရာကွယ်ရေး တပ်ဖွဲ့က ဂန့်ဂေါမြို့ မြောက်ဘက် ဖိုးမော်ကြီးကွေ့အနီးတွင် စစ်ကောင်စီယာဉ်တန်းကို ယနေ့ ( ဩဂုတ်လ ၁၉ ရက်) ညနေ ၄ နာရီခွဲ ဝန်းကျင်က မိုင်းခွဲတိုက်ခိုက်ရာ စစ်ကား ၂ စီးမိုင်းထိကာ ၂၀ ကျော်သေဆုံးပြီး၊ ၁၀ ယောက်ဝန်းကျင် ဒဏ်ရာရရှိသွားသည်ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ ( YDF) ကထုတ်ပြန်ထားသည်။ ဂန့်ဂေါမှ ကလေးဘက်သို့ ယနေ့ ထွက်လာသည့် စစ်ကားတန်း အစီး ၄၀ ဝန်ကျင်ရှိကြောင်း၊ လမ်းတလျှောက်မှ ဒေသခံများ၏ ဆိုင်ကယ် အစီး၂၀ ကျော်ကို လုယူကြကြောင်း၊ YDF က မိုင်းထောင်ပြီး ကြားဖြတ်တိုက်ခိုက်ခြင်း…
Read More
မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် ကွယ်လွန်

မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် ကွယ်လွန်

ရန်ကုန်၊ ဩဂုတ် ၁၁ ရက်။ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဆရာ ဦးဇော်လွင် (ခ) ဦးမင်းဇော်လွင် သည် ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းက ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ ဆရာဦးမင်းဇော်လွင်သည် ၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံကာလက မြောက်ဥက္ကလာပမြို့နယ် GSC တွင် နာယကအဖြစ်ပါဝင်ခဲ့ပြီး၊ ၁၉၈၉ ခုနှစ် ရှစ်လေးလုံးကျောက်တိုင်ဖြစ်မြောက်ရေးအဖွဲ့တွင်ပါဝင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်သူများရွေးချယ်ထားသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ဆရာဦးမင်းဇော်လွင်သည် ကျောင်းဆရာတဦးဖြစ်ပြီး၊ မြောက်ဥက္ကလာပမြိုကနယ် ဗိုလ်ချုပ်ချစ်သူများအဖွဲ့၊ ကန်သာယာပြည်သူ့ပန်းခြံပြန်လည်ရရှိရေးအဖွဲ့၊…
Read More
“ပြည်သူ့တပ်မတော် KIA ဟာ ဒို့ ပြည်သူရဲ့ သူရဲကောင်းပဲ”

“ပြည်သူ့တပ်မတော် KIA ဟာ ဒို့ ပြည်သူရဲ့ သူရဲကောင်းပဲ”

ဖားကန့်၊ ဩဂုတ် ၁၁ ရက်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စုပြည်သူများက ယနေ့ ( ဩဂုတ်လ ၁၁ ရက်) နံနက်က အာဏာသိမ်းစစ်ကောင်စီအား ချီတက်ဆန္ဒပြကြရာတွင် "ပြည်သူ့တပ်မတော် KIA ဟာ ဒို့ ပြည်သူရဲ့ သူရဲကောင်းပဲ" စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြသည်။ Red News Agency
Read More
၂၀၂၀ ရွေးကောက်ခံ ယောဒေသလွှတ်တော်ကိုယ် စားလှယ် တချို့က အာဏာတည်မြဲရေးအတွက် လူငယ်တချို့ကို သွေးခွဲစည်းရုံးနေ

၂၀၂၀ ရွေးကောက်ခံ ယောဒေသလွှတ်တော်ကိုယ် စားလှယ် တချို့က အာဏာတည်မြဲရေးအတွက် လူငယ်တချို့ကို သွေးခွဲစည်းရုံးနေ

RNA- ဩဂုတ် ၂ ရက်။ ယောနယ်အတွင်း အာဏာသိမ်း စစ်အုပ်စုနှင့် အပေါင်းအပါများကို လက်နက်ကိုင်တိုက်နေသည့် လူငယ်များအကြား ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ယောနယ်က အနိုင်ရရှိသည့် NLD လွှတ်တော်ကိုယ်စားလှယ်တချို့က သွေးခွဲစည်းရုံးမှု ပြုလုပ်နေသည်ဟု ယောနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Yaw Defense Force – YDF )က ယနေ့ ( ဩဂုတ်လ ၂ ရက်) တွင် ထုတ်ပြန်ထားသည်။ ” ယောဒေသ နှင့် မြန်မာပြည်ဒေသတချို့တွင် မိမိလူမျိုး မိမိဒေသအမည်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော Yaw Defense Force – YDF အမည်ကို ပယ်ဖျက်ခြင်း သို့မဟုတ် စိတ်ဝမ်းခွဲကာ NUG…
Read More
နောင်မျိုးဆက်တွေ အနာဂတ်လှဖို့ ဒီတိုက်ပွဲကို နိုင်မှဖြစ်မယ်

နောင်မျိုးဆက်တွေ အနာဂတ်လှဖို့ ဒီတိုက်ပွဲကို နိုင်မှဖြစ်မယ်

ဖားကန့်၊ ဇူလိုင် ၃၀ ရက်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းအုပ်စု လူငယ်တချို့က လမ်းပေါ်ထွက်ကာ " နောင်မျိုးဆက်တွေ အနာဂတ်လှဖို့့ဒီတိုက်ပွဲကို နိုင်မှဖြစ်မယ်" ဟုဆိုကာ ယနေ့ ( ဇူလိုင်လ ၃၀ ရက်) ညနေပိုင်းက ကျေးရွာအတွင်းလှည့်လည်ကာ အာဏာသိမ်း စစ်တပ်ကို ဆန္ဒပြခဲ့ကြောင်း သိရသည်။ Red News Agency
Read More
ပုလဲ မြို့နယ်အတွင်း စစ်ကောင်စီလက် အောက် အုပ်ချုပ်ရေးမှူးများ မနှုတ်ထွက်ပါက တိုက်ခိုက်ချေမှုန်းမည်

ပုလဲ မြို့နယ်အတွင်း စစ်ကောင်စီလက် အောက် အုပ်ချုပ်ရေးမှူးများ မနှုတ်ထွက်ပါက တိုက်ခိုက်ချေမှုန်းမည်

ပုလဲ၊ ဇူလိုင် ၂၉ ရက်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်က အုပ်ချုပ်ရေးမှူးများ မနှုတ်ထွက်ပါက ပြည်သူ့သစ္စာဖောက်သတ်မှတ်ကာ တိုက်ခိုက်ချေမှုန်းသွားမည်ဟု ပုလဲမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Pale People’s Defense Force – PPDF) က ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။ ” ပုလဲမြို့နယ် အတွင်း အကြမ်းဖက်အုပ်စု၏ အုပ်ချုပ် ရေးယန္တယားအား ထောက်တိုင်လုပ်ပေးနေကြသော အုပ်ချုပ်ရေးမှူးခေါ်ဦးနှောက်မဲ့သတ္တဝါများအနေဖြင့် 1.8.2021 တနင်္ဂနွေနေ့မှ စ၍ ပြည်သူ့အပေါ် အနိုင်ကျင့် ယုတ်မာရက်စက်နေ့သည့် အကြမ်းဖက်အုပ်စု၏ ယန္တယားမှ အားလုံးနုတ်ထွက်ပေးကြပါရန် ကျွန်ုပ်တို့ PDF အနေဖြင့် ပြင်းပြင်းထန်ထန် သတိပေးတားမြစ်လိုက်သည်။ လိုက်နာခြင်း မရှိပါက မည်သည့်အကြောင်းပြချက်နှင့်မျှ သက်ညှာမည်…
Read More
မြို့နယ် PDF များစုစည်းပြီး မကွေးတိုင်း တပ်မတော်ဖွဲ့စည်း

မြို့နယ် PDF များစုစည်းပြီး မကွေးတိုင်း တပ်မတော်ဖွဲ့စည်း

မကွေး၊ ဇူလိုင် ၂၄ ရက်။ နွေဦးတော်လှန်ရေးက ပေါက်ဖွားလာသည့် မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များစုပေါင်းပြီး မကွေးတိုင်း တပ်မတော်ကို ယနေ့ (ဇူလိုင်လ ၂၄ ရက်) တွင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ မကွေးတိုင်း တပ်မတော်တွင် မကွေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မင်းဘူး-စကုမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရေနံချောင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နတ်မောက်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တောင်တွင်းကြီးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြို့သစ်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ချောက်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဆင်ပေါင်ဝဲမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မင်းလှမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ စလင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ငဖဲမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပွင့်ဖြူမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ပါဝင်ကြောင်း သိရသည်။ အာဏာသိမ်း စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုသည့် ဒီမိုကရေစီရေးလိုလားသူ ပြည်သူများကို မတရားညှင်းပမ်း သတ်ဖြတ် ဖမ်းဆီးခြင်းပြုလုပ်ခဲ့သည့်အတွက် လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို တိုက်ပွဲဝင်မည့်ဟုဆိုကာ မြို့နယ်အဆင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ တိုင်းအဆင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖွဲ့ပြီး စစ်ကောင်စီကို…
Read More