ဆူးလေခုံးကျော်တံတားအောက်မှ ဖြတ်သန်းသွားလာသူများကို ဖမ်းဆီးအရေးယူမည် 

RNA_ဩဂုတ်၂၆၊၂၀၂၂ခုနှစ်။

ရန်ကုန်မြို့ ဆူးလေခုံးကျော်တံတားမီးပွိုင့်မှာ ယာဥ်ထိန်းရဲ၊ စခန်းရဲ၊ စည်ပင်နှင့် အရပ်ဝတ်တို့အပါအဝင် (၁၀) ဦးကျော်တို့က ခုံးကျော်တံတားအောက်မှ ဖြတ်သန်းသွားလာသူများကို ဖမ်းဆီးအရေးယူမှု ဩဂုတ် ၂၅ ရက်နေ့က ပြုလုပ်နေကြောင်း သိရသည်။

“တံတားပေါ်က ဖြတ်ဖို့ အခုလို အင်အားတွေသုံးပြီး လုပ်နေတာကတော့ ထူးဆန်းတယ်။ တံတားအောက်က ဖြတ်မယ့်  ခရီးသွား ပြည်သူတွေကို ဖမ်းဆီးဖို့ ကိစ္စတစ်ခုတည်းက မဖြစ်နိုင်ဘူးလေ။ အကြောင်းတစ်ခုခုရှိလို့ ဖြစ်မယ်” ဟု ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

စခန်းရဲ၊ ယာဉ်ထိန်းရဲ၊ စည်ပင်နှင့် အရပ်ဝတ်စသည့် စစ်ကောင်စီလက်အောက်ခံများက ဆူးလေခုံးကျော်တံတား အောက်မှ မဖြတ်သန်းကြရန်၊ တံတားပေါ်မှ ဖြတ်သန်းသွားကြရန်နှင့် တံတားပေါ်မှ မဖြတ်ပဲ တံတားအောက်မှ ဖြတ်သန်းပါက ဖမ်းဆီးအရေးယူမည်ဆိုသောအသိပေး စာများ တံတားတိုင်များတွင် ကပ်ထားပြီး၊ စောင့်ကြည့် အရေးယူမှုများ ပြုလုပ်နေသည်။

Red News Agency

By Editor