စနိုက်ပါ (Sniper) အဖွဲ့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ (၄) ဦးသေ

RNA_ဩဂုတ်၁၈၊၂၀၂၂ခုနှစ်။

ကရင်နီပြည်၊ ဒီးမော့ဆိုခရိုင်၊ ဖရူဆိုမြို့နယ်၊ ဆိုလာလူးရွာအနီး တိုက်ပွဲတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး စနိုက်ပါ ( Sniper) အဖွဲ့သားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၄) ဦးသေဆုံးခဲ့သည်။

“ဖရူဆိုမြို့နယ် ၊ ဆိုလာလူးရွာအနီးတွင် တပ်စွဲထားသောရန်သူစခများအား အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးSniper အဖွဲ့ ၊ KNDF Sniper အဖွဲ့ ၊ Loikaw PDF Sniper အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်၊ ပူးပေါင်းအဖွဲ့၏တိုက်ခိုက်မှုကြောင့် ( ၃ ) ရက်အတွင်းရန်သူစခ ( ၄ ) ကောင်သေဆုံးခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆိုလာလူးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဩဂုတ် (၁၄) ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က (၁) ဦးသေပြီး၊ ဩဂုတ် (၁၆) ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား (၃) ဦး သေဆုံးခဲ့ကြသည်။

Red News Agency

By Editor