ကြေးနီစီမံကိန်း

မြေမြှပ်နင်းမိုင်းများကို စစ်ကောင်စီတပ်သားများတိုက်ခိုက်ရန် ပြန်လည်အသုံးချမည်

မြေမြှပ်နင်းမိုင်းများကို စစ်ကောင်စီတပ်သားများတိုက်ခိုက်ရန် ပြန်လည်အသုံးချမည်

RNA_ဩဂုတ်၁၉၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကြေးနီစီမံကိန်းအနီးတဝိုက် စစ်ကောင်စီတပ်သားများထောင်ထားသည့်မြေမြှပ နင်းမိုင်း (၇၈) လုံးကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲ Myanmar ချီဂွေဗားရားအဖွဲ့က သိမ်းဆည်းရမိခဲ့သည်။ "အဆိုပါ ကြေးနီစီမံကိန်းအနီးတစ်ဝှိုက်တွင် သိမ်းဆည်းရမိခဲ့သော   နင်းမိုင်းများကို ပြန်လည်အသုံးချသွားမည်" ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်နှင့် ကရင် ပြည်နယ်၊ ရှမ်းပြည်နယ် စသည့်တို့တွင် မြေမြှပ်နင်းမိုင်းများ အသုံးပြုခဲ့သော်လည်း ယခု အခါ စစ်ကိုင်းတိုင်းတွင်ပါ မြေမြှပ်နင်းမိုင်းများ အသုံးပြုလာကြောင်း သိရသည်။ Red News Agency
Read More