Red News Agency

Independent Journalism for Justice and Human Rights.

အုမ္မတီးကျေးရွာ နေအိမ် (၂၀) ခန့်ကို စစ်ကောင်စီတပ် မီးရှို့

Written by

in

RNA_ဇန်နဝါရီ(၂၇)၊၂၀၂၅ခုနှစ်။

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာရှိ ဒေသခံနေအိမ် (၂၀)ခန့် စစ်ကောင်စီတပ်မှ ဒီဇင်ဘာ (၂၆) ရက်နေ့ အပါအဝင် (၃) ကြိမ်မီးရှို့သွားသည့်အတွက် နေအိမ် (၂၀) ခန့်ပျက်စီးသွားကြောင်း သိရသည်။


စစ်ကောင်စီတပ်သည် အုမ္မတီးကျေးရွာကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တစ်ကြိမ်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တစ်ကြိမ် နှင့် ဇန်နဝါရီလ ၂၆ ရက် ညနေ (၅) နာရီ ၃၀ မိနစ်ခန့်က တစ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၂ ရက်တွင်လည်း နောင်ချိုမြို့ ရဲစခန်းနှင့် ပါရမီလက်ဖက်ရည်ဆိုင်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၈)ဦး သေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည်။


စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေကြောင်း၊ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency #REDNEWS #RNA