Editor

1552 Posts
လရောင်ဆမ်းတဲ့ ည

လရောင်ဆမ်းတဲ့ ည

သံလွင်မြစ်ဖက်ခြမ်း ကုန်းစောင်းမှာ ဆောက်လုပ်ထားတဲ့ တပ်ရင်းရုံးဟာ ငြိမ်သက်လွန်းလှတဲ့ ညရဲ့အမှောင် ထုအောက်မှာ အလင်းမဲ့နေတယ်။ ကုန်းမို့မို့လေးပေါ်မှ မြောက်ဖက်ကုန်းစောင်းမှာ ဆောက်ထားသော စားဖို ဆောင်ဖက်ကို အနီးငယ်ဆင်းလိုက်တော့ စားဖိုဆောင်ထဲတွင် မီးရောင်တွေ့လို့ ဆက်ဆင်းသွားလိုက်တယ် ငြိမ်းစု ညဟာ သဘာဝရဲ့နောက်ခံ ပန်းချီကားတချပ်လို တည်ငြိမ်လွန်းလှပေါ့။ အပြင်းစား ရောခ်တေးဂီတ တပုဒ်လို တဝေါဝေါ စီးဆင်းနေတဲ့ သံလွင်မြစ်ရေစည်းသံနဲ့အတူ လရောင်ဟာ စည်းချက်ညီစွာ သံလွင်မြစ်ရေပြင်ထက်တွင် လှုပ်ခတ်လွန့်လူးလို့နေတယ်။ တပ်ရင်းကုန်း မြစ်ကမ်းပါးအစွန်းမှာ ထိုင်ရင်း ကျနော့် နှလုံးသွေးကို ဆူပွတ် ပူလောင်စေတဲ့ အတွေးများကို တွေးနေရင်း … တချိန်တည်းမှာ အသိတရားရဲ့ဖမ်းဆီးထိမ်းသိမ်းခြင်း ခံလိုက်ရတဲ့ နာကျင်ခံစားမှုတွေကို အသံတိတ် အော်သည်းတမ်းတနေမိတယ်။ လရောင်ဟာ သံလွင်မြစ်နဲ့အတူ ကခုန်နေပြီး ညဟာ တည်ငြိမ်စွာ ငေးမောကြည့်ရင်း နှုတ်ဆိတ်နေလေတော့ ဝိညာဉ်တွေ ပူးကပ်နေတဲ့ ငါဟာ … ဝံပုလွေ တကောင်လို နာကျင်စွာ ဟိန်းဟောက်နေမိတယ်။ ဘားတိုက်အတွင်းမှာ ရဲဘော်တချို့ ဆီမီးခွက်အလင်းရောင်ကိုအားပြု၍ စာဖတ်နေကြတယ်။ တပ်ရင်းရဲ့ ”လေ့လာရေးစင်မြင့်ပေါ်သို့” ဆိုတဲ့ ကြွေးကြော်သံအောက်မှာ သူတို့ရဲ့ကိုယ်ပိုင်တွေးခေါ်မှုကို ထက်မြက်သည်ထက်ထက်မြက်အောင်သွေးနေကြတာပေါ့။ (more…)
Read More
NLD သည် တပ်ဦးပါတီမဟုတ်

NLD သည် တပ်ဦးပါတီမဟုတ်

ကနေ့ခေတ်ဟာ ပါလီမန်အသွင်ဆောင်ထားတဲ့ စစ်အာဏာရှင်စနစ် လွှမ်းမိုးတဲ့ခေတ်လို့ အမှန်တိုင်းမမြင်သေးဘူးဆိုရင် နောက်ဆက်တွဲစဉ်းစားချက်မှန်သမျှ အကုန်လွဲချော်ပါလိမ့်မယ်။ဒုတိယအလွဲက ဒီချုပ်ပါတီဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးတာဝန်ကို ထမ်းဆောင်နေတယ်ဆိုတဲ့ တပ်ဦးပါတီလို့ ထင်မြင်ယူဆတဲ့အမှားဖြစ်ပါတယ် ကျော်ကိုကို ဒီရက်ပိုင်း နိုင်ငံရေးလောကထဲက လူတွေကြားမှာ အများဆုံးပြောဖြစ်တဲ့အကြောင်းက ရွေးကောက်ပွဲကိစ္စပါ။ရွေးကောက်ပွဲကို လက်ခံလား လက်မခံဘူးလားဆိုတာက စပြီးတော့ လက်ခံရင် ဘယ်ပါတီကို မဲပေးမှာလဲနဲ့ အဆုံးသတ်ပြီး လက်မခံရင် ဘာလို့လက်မခံသလဲဆိုတဲ့ မေးခွန်းနဲ့ အစပျိုးတတ်ကြပါတယ်။ ကျနော့်သဘောက အစောတည်းက ရှင်းရှင်းပြတ်ပြတ်ပြောပြီးသားပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံအသက်သွင်း အတည်ပြုတဲ့ ဘယ်လုပ်ရပ်မဆို ဆန့်ကျင်တဲ့အတွက် ရွေးကောက်ပွဲဆိုတာကို ထည့်စဉ်းစားစရာကို မလိုတော့တာပါ။ဒါပေမယ့် နိုင်ငံရေးအရ ပြောတာဆိုရင် နှစ်ပိုင်းခွဲပြောရပါလိမ့်မယ်။ဒါမှ အများအမြင်ရှင်းမှာမို့လို့ပါ။ တပိုင်းက ပုဂ္ဂလိကနိုင်ငံရေးအမြင်ပါ။တဦးတည်းကိုပဲ ကိုယ်စားပြုပါတယ်။လက်ရှိခေတ်အခြေအနေကို ကိုယ့်ဘဝအမြင်နဲ့ ချိန်ထိုးသုံးသပ်ပြီး…
Read More
ရွေးကောက်ပွဲ မဲမပေးလိုက်ရတဲ့ နစ်နာသူတွေ ရှိနေ

ရွေးကောက်ပွဲ မဲမပေးလိုက်ရတဲ့ နစ်နာသူတွေ ရှိနေ

လူဦးရေ ၅ သိန်းကျော်နေထိုင်တဲ့ ရွှေပေါက်ကံမှာ မဲနစ်နာသူ ၃ သောင်းကျော်ရှိနိုင် ဇင်လင်းနိုင် ရန်ကုန်၊ သြဂုတ် ၁၃ ရက်။ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံရပ်ကွက်မှာ မဲနစ်နာနိုင်တဲ့လူ ၃ သောင်းကျော် ရှိနိုင်တယ်လို့ အုပ်ချုပ်ရေးမှူးက ခန့်မှန်းထားပါတယ်။ ရွေ့ပြောင်းလုပ်သားများပြားတဲ့ ရွှေပေါက်ကံရပ်ကွက်မှာ တရားဝင်စာရင်းအရ နေထိုင်သူ ၅ သိန်းကျော်ရှိပြီး၊ ဒီထက်မက လူဦးရေ ပိုများနိုင်ပါတယ်။ ရွှေပေါက်ကံရပ်ကွက်မှာ ရပ်ကွက်ခွဲ ၁၁ ခုရှိပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်းက ရပ်ကွက်တွေထဲမှာ လူဦးရေ အများဆုံးနေထိုင်တဲ့ ရပ်ကွက် ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မဲစာရင်းများနဲ့ ပတ်သက်ပြီး…
Read More
မွေးနေ့လက်ဆောင်

မွေးနေ့လက်ဆောင်

ဒိုင်း ..ဒိုင်း … လမ်းမများပေါ်တွင် ကြွေးကြော်သံများ အစား သေနတ်သံများ ထွက်ပေါ်လာသည်။ အပြေးအလွှား အကာအကွယ် ရှာဖွေကြ၍ ရုတ်ရုတ်သဲသဲ။ ညို(မြန်မာ) “အား … အမလေး … “ ဝမ်းဗိုက်တွင်းမှ ရုံးကန်မှုကြောင့် နာကျင်စွာ ခံစားနေရသည့် ကိုယ်ဝန်ဆောင် မိခင်တစ်ယောက် ညီးညူနေသည်။ ကလေး၏ တွန်းကန်အား မည်မျှရှိသည်ကို မိခင်၏ မျက်နှာက ညွန်ပြနေသည်။ ဖိနှိပ်မှုများကို တွန်းလှန်ဆန့်ကျင်ကြသူများ ရန်ကုန်မြို့ လမ်းမများပေါ်တွင် အုံခဲလျှက် … လူလှိုင်းကြီးများ တလိမ့်လိမ့်နှင့် ဒီရေအလား ကြီးထွားလာသည်။”မီးဖွားမဲ့ လူနာရှင် ရှိလား” တာဝန်ကျ သူနာပြုဆရာမ အော်၍ မေးလိုက်သည်။ “ရှိပါတယ် ရှင်” အမျိုးသမီးတဦးက…
Read More
တရားဟောဆရာ ဒေးဗစ်လားနှင့် ကိုဝေထွန်းတို့ကို ထောင်ဒဏ်သုံးလ ချမှတ်

တရားဟောဆရာ ဒေးဗစ်လားနှင့် ကိုဝေထွန်းတို့ကို ထောင်ဒဏ်သုံးလ ချမှတ်

အောက်ထက် (မင်္ဂလာဒုံ) သြဂုတ်၊ ၆ ရက်။ COVID-19 ကာလအတွင်း လူစုလူဝေး ပြုလုပ်ကာ တရားပွဲ ပြုလုပ်ခဲ့သည့် တရားဟောဆရာ ဒေဗစ်လားနှင့် ကိုဝေထွန်းတို့ကို သြဂုတ်လ ၆ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် တရားရုံးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် ထောင်ဒဏ် ၃ လချမှတ်ခဲ့သည်။ Red News Agency
Read More
ဖားကန့် ဝှေခါမြေပြိုမှု ၁ လကြာသည်အထိ အစီရင်ခံစာ မထွက်

ဖားကန့် ဝှေခါမြေပြိုမှု ၁ လကြာသည်အထိ အစီရင်ခံစာ မထွက်

ကိုတာ (ဖားကန့်)၊ ဖားကန့်၊ သြဂုတ် ၅ ရက်။ ဖားကန့် ဝှေခါမြေပြိုမှုတွင် သေဆုံးသူ ၂၀၀ ဝန်းကျင်ရှိခဲ့သော်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ လာရောက် စစ်ဆေးခဲ့ပေမဲ့ ၁ လကြာသည်အထိ အစီရင်ခံစာ ထွက်မလာသေးဘူး ဖြစ်နေပါတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ ဖားကန့်မြို့ အလင်းတန်းစာကြည့်တိုက် အတွင်းရေးမှူး ဦးမျိုးဝင်းနှင့် တွေ့ဆုံမေးမြန်းထားပါတယ်။ Red News Agency
Read More
မဲမပေးဘူး VS မဲပေးမယ်(သို့မဟုတ်) ပဋိပက္ခမှဆန့်ထုတ်ဆင်ခြင်လိုက်သော နိုင်ငံရေးလမ်းကြောင်း

မဲမပေးဘူး VS မဲပေးမယ်(သို့မဟုတ်) ပဋိပက္ခမှဆန့်ထုတ်ဆင်ခြင်လိုက်သော နိုင်ငံရေးလမ်းကြောင်း

စစ်အုပ်စုအကျိုးစီးပွားကို အကြီးအကျယ်ကယ်တင်ပေးခဲ့တဲ့ကိစ္စကတော့ ICJ နိုင်ငံတကာရာဇဝတ်တရားရုံးက စစ်ရာဇဝတ်မှု၊လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေအပေါ် တရားစွဲခဲ့စဉ်က ‌နယ်သာလန် သည်ဟိဂ်မြို့အထိ သွားရောက်ပြီး စစ်အုပ်စုကို ခုခံကာကွယ်ပေးခဲ့တဲ့လုပ်ရပ်ပဲဖြစ်ပါတယ် ကျော်ကိုကို အခုအပတ်မှာ လူပြောသူပြောအများဆုံးနဲ့ အငြင်းပွားမှုအဖြစ်ဆုံး နိုင်ငံရေးကိစ္စကို ပြပါဆိုရင် ရွေးကောက်ပွဲမှာ မဲပေးမလား မပေးဘူးလားဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။မဲမပေးဘူးလို့ ပြောတဲ့သူတွေကို လက်ရှိအာဏာရပါတီ အမာခံထောက်ခံသူတွေက ရန်လိုမုန်းထားပြီး ထိုးနှက်တိုက်ခိုက်နေကြတဲ့ အရေးအသားတွေကိုလည်း တွေ့ရပါတယ်။ဒီလိုတိုက်ခိုက်ကြတဲ့ အရေးအသားတွေထဲမှာ တချို့ကလည်း လူကြီးလူကောင်းဆန်ဆန် ယဉ်ယဉ်ကျေးကျေး ရေးသားဆွေးနွေးပြီး တချို့ကျတော့ ရိုင်းစိုင်းတဲ့အရေးအသားတွေ၊ အမုန်းစကားတွေနဲ့ ပြောဆိုရေးသားတဲ့အနေအထားအထိ ရောက်ရှိခဲ့ရပါတယ်။ဒီလို အငြင်းအခုန်ဖြစ်တဲ့နေရာမှာ စိတ်ဝင်စားစရာ အကောင်းဆုံးက “မဲသွားမပေးရင် စစ်တပ်အကြိုက်ဖြစ်သွားလိမ့်မယ်” တို့၊ “ဒီချုပ်မဲမရရင် စစ်အုပ်ချုပ်ရေးပြန်ဖြစ်သွားမှာပေါ့”စသဖြင့် လိုရာဆွဲပြီး မဲမဲမြင်ရာ လိုက်ဖောင်းထုနေသလို ဖြစ်နေပါတယ်။အကဲဒဲလ်မစ်ဆန်ဆန်…
Read More
ဥပဒေချိုးဖောက်ပါက အားလုံး ဖမ်းမည်

ဥပဒေချိုးဖောက်ပါက အားလုံး ဖမ်းမည်

ဥပဒေချိုးဖောက်ပါက ပါတီဒုဥက္ကဌဖြစ်ဖြစ် ၊ အဖေဖြစ်ဖြစ် ၊ ညီ ဖြစ်ဖြစ် ဖမ်းရမည်ဟု ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုပြော ဒီလှိုင်းမကွေး၊ ဇူလိုင် ၂၇ ရက်။ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ရာတွင် ဥပဒေချိုးဖောက်ပါက ဖမ်းဆီးရမည်ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဒေါက်တာ အောင်မိုးကြိုက ယနေ့တွင် ပြောကြားခဲ့သည်။ Red News Agency
Read More
သ န ပ် ခါး ဖိုး မြေ စစ် ပွဲ

သ န ပ် ခါး ဖိုး မြေ စစ် ပွဲ

သူတစ်ပါးတို့အပေါ် အနိုင်မယူသင့်ဘဲ အနိုင်ယူခြင်းသည် အနိုင်ကျင့်ခြင်းဖြစ်၏။အနိုင်ကျင့်ခြင်းသည် သားရဲတိရစ္ဆာန်တို့၏ နိုင်ရာစားအပြုအမူနှင့်ဘာမျှမခြားနားပေ။လူ့ဘောင်လူ့လောက၌ အနိုင်ရတိုင်းလည်း အခါခပ်သိမ်းကောင်းသည်မဟုတ်ပါ။ အောင်မှူးဝေ (၁) ကျွန်တော်တို့ ပုထုဇဉ်လောက၌ အနိုင်နှင့်အရှုံးသည် စကားများစွာပြော၏။နိုင်မှဖြစ်မည်၊ ရှုံး၍မဖြစ်ဟူသော အမှတ်တံဆိပ်ကို ဦးနှောက်မှာ၊စိတ်အသိမှာ ထင်းခနဲနေပြီးတစ်သက်လုံးစွဲအောင် ရဲရဲနီရိုးရာအသိတရားဖြင့် ရိုက်နှိပ်ပေးလိုက်၏။အနိုင်ရရေးသည် လူ့ဘဝအတွက် ကြီးမားသောအရေးပါအရာရောက်မှုဟု သေသည်အထိမှတ်စွဲသွားစေ၏။လူသားထုအတွက် လူ့သမိုင်းကို အနိုင်ရသူများသာ ရေးကြ၏။ဘာလုပ်လုပ် သူတစ်ပါးထက်သာရမည်။ဘယ်သူနှင့်ပြိုင်ပြိုင် မိမိသာနိုင်ရမည်။မိမိအနိုင်ရမှ အရာရာသည်ကောင်း၏။မိမိရှုံးလျှင် ဘယ်အရာမျှမကောင်း။ အနိုင်ရမည်သာဆိုလျှင်… တရားသောနည်းဖြင့် အနိုင်ရသည်ဖြစ်စေ၊မတရားသောနည်းဖြင့် အနိုင်ရသည်ဖြစ်စေ။အသေရသော အနိုင်ရမှုဖြစ်စေ၊အရှင်ရသော အနိုင်ရမှုဖြစ်စေ၊မသေမရှင်ရသော အနိုင်ရမှုဖြစ်စေ။လတ်ဆတ်သင်းမြသော အနိုင်ရမှုဖြစ်စေ၊သိုးပုပ်နံစော်သော အနိုင်ရမှုဖြစ်စေ။လှပသောအနိုင်ရမှုဖြစ်စေ၊ရုပ်ဆိုးသော အနိုင်ရမှုဖြစ်စေ။ ဘယ်လိုဖြစ်ဖြစ် နိုင်သည်ဆို ပြီးစတမ်းပင် ပုထုဇဉ်သဘာဝ မက်မောတတ်ပါ၏။ပုထုဇဉ်ဆိုရာတွင်အန္ဓပုထုဇဉ် များဖြစ်ကြသည့်- ၁။ ပသာဒမျက်စိဖြင့် မြင်လေ့မရှိသော အန္ဓပုထုဇဉ်ပုဂ္ဂိုလ်၊…
Read More
မေတ္တာနှောင်ကြိုး

မေတ္တာနှောင်ကြိုး

သောကတွေ ပွေ့ပိုက်ထားတဲ့ ကျမ ည’ညဆို အိပ်လို့ မရ၊ ခွေးဟောင်သံကြားတိုင်း ထ’ထကြည့်ရ၊ ငါ့များ လာဖမ်း သလားပေါ့။ ဒီကြားထဲ သူ့အတွက် စိတ်ပူရ၊ သူ့အဖေက သူ့သားအတွက် ဂုဏ်ယူ မဆုံးပေါ့ ငြိမ်းစု ကျမတို့ အိမ်ထောင်သက်တမ်း သုံးနှစ်ကျော် လေးနှစ်နည်းပါးမှာ သူအိမ်ကပျောက်သွားတယ်။ တခါတုံးက သူကို နိုင်ငံရေး လုပ်လို့ လာဖမ်းကြတော့ ကျမ ရှိနေတယ်။ သူ့ကို လာဖမ်းကြစဉ်က ကျမတို့ အိမ်ထောင်သက် တနှစ်ခွဲဘဲ ရှိသေးတယ်။ ခဏဆိုပြီး ခေါ်သွားလိုက်တာ တနှစ်ကျော်မှ အိမ်ပြန် ရောက်လာတယ်။ ၉၀ ရွေးကောက်ပွဲပြီးတော့ တခါ ပြေးရ ပုန်းရ ပြန်တယ်။ ကျမ နောက်ဆုံး…
Read More