လက်နက်ကိုင်တိုက်ရာတွင် ပြည်သူလူထုက ပူးပေါင်းပါဝင်မှုရှိဖို့လိုတယ်

RNA- ဩဂုတ် ၂၉ ရက်။

စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ရာတွင် စစ်ကိုလိုလားလို့ မဟုတ်ဘဲ ခုခံစစ်နှင့် ဖိနှိပ်မ့ကို လုံးဝလက်မခံနိုင်သည့် မတရားမှုကို တွန်းလန်သည့် တွန်းလှန်စစ်ပုံစံမျိုးသာဖြစ်သည်။ ” လက်နက်ကိုင်တိုက်ပြီးတော့ ပြည်သူလူထုက ပူးပေါင်းပါဝင်မှုမရှိရင်လဲ ဘယ်လိုမှမဖြစ်လာနိုင်ပါဘူး။ လွတ်လပ်ရေးတိုက်ပွဲ ဝင်ခဲ့သလို လက်နက်ကိုင်တိုက်တဲ့ အဖွဲ့တွေအပြင် ပြည်သူလူထုကလည်း ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်ကြတာ။ ဝိုင်းဝန်းလုပ်ဆောင်တယ်ဆိုတာက ရရာလက်နက်နဲ့ အသေခံခိုင်းတာမဟုတ်ပါဘူး။ ပါဝင်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ဆောင်ပြီးတော့ လုပ်ဆောင်တာဖြစ်တယ် ” ဟု NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

စစ်ကောင်စီမှာရှိနေတဲ့ လက်နက်အလွဲသုံးစားလုပ် အာဏာအလွဲသုံးစားလုပ်နေတဲ့ သူတွေနဲ့ တိုက်ပွဲပုံစံတွေ ဖြစ်လာနိုင်သည်။

Red Nes Agency

By Editor