ဖားကန့်၊ ဩဂုတ် ၁၁ ရက်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စုပြည်သူများက ယနေ့ ( ဩဂုတ်လ ၁၁ ရက်) နံနက်က အာဏာသိမ်းစစ်ကောင်စီအား ချီတက်ဆန္ဒပြကြရာတွင် “ပြည်သူ့တပ်မတော် KIA ဟာ ဒို့ ပြည်သူရဲ့ သူရဲကောင်းပဲ” စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြသည်။
