မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။
အောင်မှူးဝေ
မြတ်ဗုဒ္ဓရဲ့ဉာဏ်ပညာကိုမင်းတကယ်သိရဲ့လား
[ဇာဏုသောဏိပုဏ္ဏား] သစ္စာတရားကို ထိုးထွင်း၍ သိပုံ ၉ မျိုး ၁။ ဒုက္ခသစ္စာကို ပရိညာပဋိဝေဓဖြင့် ထိုးထွင်းသိခြင်း၊ ၂။ သမုဒယသစ္စာကို ပဟာနပဋိဝေဓဖြင့် ထိုးထွင်းသိခြင်း၊
၃။ နိရောဓသစ္စာကို သစ္ဆိကိရိယာ ပဋိဝေဓဖြင့် ထိုးထွင်းသိခြင်း၊ ၄။ မဂ္ဂသစ္စာကို ဘာဝနာပဋိဝေဓဖြင့် ထိုးထွင်းသိခြင်း၊ ၅။ တရားအားလုံးတို့ကို အဘိညာပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း၊ ၆။ သင်္ခါရတရား အားလုံး တို့ကို ပရိညာပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း၊
၇။ အကုသိုလ်တရားအလုံးစုံကို ပဟာန ပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း၊ ၈။ မဂ်လေးပါးတို့ကို ဘာဝနာပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း၊ ၉။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း သစ္ဆိကိရိယာပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း။ (ပဋိသံ။၂၅၃။) (ပဋိသံ။၂၅၈။) (ပဋိသံ၊မြန်။၃၁၀၊၃၁၅။) (ပဋိသံ၊မြန်။၃၁၀၊၃၁၅။)
အသိဉာဏ်ရှိတဲ့လူတွေနဲ့ပူးပေါင်းပြီးလုပ်တဲ့အလုပ်မှအောင်မြင်တယ်။ကိုယ့်ထက် အောက်တန်းကျတဲ့လူနဲ့ပေါင်းရင် ကိုယ်ပါအောက်တန်းကျသွားတယ်။ ပါမောက္ခချုပ်ဆရာတော်မိတ်ဆွေစစ်ကို ရှာဖွေခြင်း…မှ ရရှိထားတဲ့ပညာဟာကိုးကွယ်ဖို့ မဟုတ်ဘူးအသုံးချဖို့ပဲ
ပါမောက္ခချုပ်ဆရာတော်မိတ်ဆွေစစ်ကို ရှာဖွေခြင်းမှ ဓမ္မေ ဟောန္တု သဂါရဝါ
တရားတော်၌ ရိုသေလေးမြတ်ခြင်း ရှိကြပါစေသော်
ဓမ္မတရားသည် ပစ္စက္ခဖြစ်သော မျက်မှောက်ကာလအတွက် လမ်းကြောင်းကြီးဖြစ်၏။ ထိုကြောင့်ပစ္စုပ္ပန်တွင် ဖြစ်ဆဲဖြစ်ခိုက်များကို သိရှိနေနိုင်သောစွမ်းရည်ကို ပျိုးထောင်ကြရပေမည်။ ပစ္စုပ္ပန်အခိုက်အတန့်တွင် စင်စစ် မိမိတွင် ဖြစ်ပျက်နေသောအခြားအကြောင်းအရာတို့ကို မှန်ကန်သည့်သဘောအတိုင်း သိမြင်မှုကို အာရုံပြုတတ်အောင်(ဝါ) ပစ္စုပ္ပန်တည့်တည့် ရှုမှတ်တတ်အောင်လုပ်နည်းလိုအပ်၏။ ဝိပဿနာအလုပ်သည်ထိုနည်းပင် ဖြစ်သည်။ အသက်ရှူသွင်းခိုက်တွင်ပစ္စုပ္ပန်တည့်တည့် ရှူမှတ်လိုက်ခြင်း၊ ရှူထုတ်ခိုက်တွင် ပစ္စုပ္ပန်တည့်တည့် ရှုမှတ်လိုက်ခြင်းတို့ကိုစနစ်တကျလေ့ကျင့်အားထုတ်ခြင်းဖြင့် ပစ္စက္ခကိုသိ၍သိ၍နေနိုင်၏။ အာနာပါနနည်းဖြင့် မျက်မှောက်ကာလကို မလွတ်တမ်းသိ၍ နေစေပါသည်။ ။
ကမ္ဘာ့ဝိပဿနာ သာသနာပြု တရားပြဆရာကြီး၊ဝဏ္ဏကျော်ထင်၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ဆရာကြီး ဦးဆတျနာရာယန် ဂိုအင်ကာ။



