Tag: ကိုယ်စားလှယ်

  • စစ်တပ်မှာ ခံဝန်ထိုးနေထိုင်သည့်  လွှတ်တော်ကိုယ်စား လှယ် ဖမ်းဆီးခံရ

    စစ်တပ်မှာ ခံဝန်ထိုးနေထိုင်သည့်  လွှတ်တော်ကိုယ်စား လှယ် ဖမ်းဆီးခံရ

    RNA_မတ် ၇၊၂၀၂၂ခုနှစ်။

    ပဲခူးတိုင်း၊ ကဝမြို့နယ်တွင် စစ်ကောင်စီတပ်မှာ နိုင်ငံရေးမလုပ်တော့ကြောင်း ခံဝန်ထိုးနေထိုင်သည့် NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းထွန်းကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

    ကဝမြို့နယ် NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် (၃) ဦးတို့သည် စစ်တပ်မှာ ခံဝန်ထိုးနေသည့်အတွက် CRPH နှင့် NUG က NLD လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုတော့ကြောင်း စုံစမ်း သိရှိရသည်။ (more…)

  • မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် ကွယ်လွန်

    မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် ကွယ်လွန်

    ရန်ကုန်၊ ဩဂုတ် ၁၁ ရက်။

    ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဆရာ ဦးဇော်လွင် (ခ) ဦးမင်းဇော်လွင် သည် ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းက ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

    ဆရာဦးမင်းဇော်လွင်သည် ၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံကာလက မြောက်ဥက္ကလာပမြို့နယ် GSC တွင် နာယကအဖြစ်ပါဝင်ခဲ့ပြီး၊ ၁၉၈၉ ခုနှစ် ရှစ်လေးလုံးကျောက်တိုင်ဖြစ်မြောက်ရေးအဖွဲ့တွင်ပါဝင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်သူများရွေးချယ်ထားသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

    ဆရာဦးမင်းဇော်လွင်သည် ကျောင်းဆရာတဦးဖြစ်ပြီး၊ မြောက်ဥက္ကလာပမြိုကနယ် ဗိုလ်ချုပ်ချစ်သူများအဖွဲ့၊ ကန်သာယာပြည်သူ့ပန်းခြံပြန်လည်ရရှိရေးအဖွဲ့၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း အားကစားကွင်းနှင့်ပန်းခြံများ၊ အခြားမြေလွတ်မြေရိုင်းများ ပြန်လည်ရရှိရေး လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း၊၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက် စစ်တပ်အာဏာသိမ်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးတွင်ပါဝင်ခဲ့ပြီး၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင်လည်း ခေါင်းဆောင်တစ်ဦးဖြစ်သည်။ စစ်တပ်လက်ပါးစေများက ဖမ်းဆီးရန်ကြိုးပမ်းမှုကြောင့် ပြည်တွင်းတနေရာတွင် ရှောင်တိမ်းနေရင်း ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းက ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး၊ ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

    မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လူထုတွေ့ဆုံပွဲကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကန်သာယာပြည်သူ့ပန်းခြံတွင် ပြုလုပ်ခဲ့ရာ ဆရာဦးဇော်လွင် ပြည်သူများအား ပြောကြားခဲ့သည့် အမှတ်တရစကားများကို ပြန်လည်ဖော်ခြင်းဖြစ်သည်။[embedyt] https://www.youtube.com/watch?v=udF9lIGUNX8[/embedyt] Red News Agency