PDF

ယမန်‌နေ့ တိုက်ပွဲတွင် မိုးဗြဲ PDF က ရဲဘော် (၇) မိုးဗြဲ

ယမန်‌နေ့ တိုက်ပွဲတွင် မိုးဗြဲ PDF က ရဲဘော် (၇) မိုးဗြဲ

RNA_ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။ ဖယ်ခုံမြို့နယ်၊ မိုးဗြဲတိုက်ပွဲတွင် ယမန်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အကျအဆုံးခဲ့ရာမှာ မိုးဗြဲ PDF က (၇) ဦးကျဆုံးပြီး (၆) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မိုးဗြဲမြို့ပေါ်၊ ဟိုက်ကွီဆည်နှင့် ဝါရီဆူးဖလိုင်ရွာနားတွင် တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ရာ တိုက်ပွဲတွင် မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊ JPDF ၊ GZ-21 နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို…
Read More
ခင်ဦးမြို့နယ် လယ်ကွင်းပြင်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၂) ဦးကျဆုံး

ခင်ဦးမြို့နယ် လယ်ကွင်းပြင်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၂) ဦးကျဆုံး

RNA_ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာအနီး လယ်ကွင်းပြင်တွင် ယနေ့ နေ့လည် (၂) နာရီဝန်းကျန်က စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး လပ်နက်အင်အားမမျှသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၂) ဦး ကျဆုံးခဲ့ကြောင်း ဝမ်းနည်းစွာ အသိပေးလာသည်။ ဒေသတွင်း အင်အား ၂၀၀ ကျော်ဖြင့် ကျေးရွာများအတွင်းလှည့်ပတ်ကာ နေအိမ်မီးရှို့ ပြည်သူကို နှိပ်စက် သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ကို ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်နက်အင်အားမမျှသည့်အတွက် ပြည်သူ့အတွက် အသက်ပေးခဲ့ကြရကြောင်း သိရသည်။ Red News Agency
Read More
တန့်ဆည်PDF အတွက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အထောက်အကူပြု Drone နှင့် Laptop ဝယ်ယူနိုင်ခဲ့ 

တန့်ဆည်PDF အတွက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အထောက်အကူပြု Drone နှင့် Laptop ဝယ်ယူနိုင်ခဲ့ 

RNA_ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ တန့်ဆည်PDF အတွက် စစ်ကောင်စီတပ်ကို တိုက်ခိုက်နိုင်ရေးအတွက် အရေးတကြီး လိုအပ်နေသည့်အထောက် အကူပြု Drone နှင့် Laptop တစ်လုံး ပြည်သူများ၏ လှူဒါန်းမှုဖြင့် ဝယ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း TSO က ယနေ့အသိပေးထားသည်။   PDF တပ်ဖွဲ့များသည် ယခုနောက်ပိုင်း စစ်ကောင်စီတပ် ရဲစခန်းနှင့် ကင်းစခန်းများကို Drone နှင့် ဗုံးများတွဲအသုံးပြု တိုက်ခိုက်ခြင်းများ ပြုလုပ်နေကြကြောင်း၊ စစ်ကောင်စီ အင်အားနှင့် သွားလာရာများကို Drone နှင့် ထောက်လှမ်းမှုများ ပြုလုပ်နေကြကြောင်း သိရသည်။ Red News Agency
Read More
NUG က တိုက်ဆိုသည်နှင့် တိုက်ခိုက်ရန် အားလုံး အဆင်သင့်ဖြစ်နေပြီ

NUG က တိုက်ဆိုသည်နှင့် တိုက်ခိုက်ရန် အားလုံး အဆင်သင့်ဖြစ်နေပြီ

RNA_ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်မှ မြန်မာ့လွတ်လပ်ရေးတပ်ခွဲ အနေဖြင့် အမိန့်ကိုစောင့်နေပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အားလုံးအဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားထားသည်။  Red News Agency  
Read More
ကျေးရွာများတော်လှန်ရေးတပ်ဦးနှင့်အတူ ပြည်သူများ ဆန္ဒပြ

ကျေးရွာများတော်လှန်ရေးတပ်ဦးနှင့်အတူ ပြည်သူများ ဆန္ဒပြ

RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး (MVRF)မှ ပြည်သူ့ရဲဘော်များ ပူးပေါင်းပါဝင်ဝန်းရံပေးမှုဖြင့် မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ ယနေ့ ဗိုလ်ချုပ်အောင်ဆန်း ၏ (၁၀၇)နှစ်ပြည့်မွေးနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ "အောင်ဆန်းသွေးဟေ့ရဲရဲနီတယ် နောက်မတွန့်ဘူးအဆုံးထိတိုက်မယ်" ဟု ဘန်နာများကိုင်ဆောင်ပြီး ကြွေးကြော် သံများ၊ ကာကွယ်ရေးခေါင်းဆောင်များနှင့် သပိတ်ကော်မတီဝင်များက သပိတ်တရားများ ဟောပြောခဲ့ကြကြောင်း သိရသည်။ Photo: BEGSC-MYAING Red News Agency
Read More
KIA စစ်သင်တန်းဆင်းများဖြင့် ကနီတပ်မတော် (Kani Army – KNA) ဖွဲ့စည်း 

KIA စစ်သင်တန်းဆင်းများဖြင့် ကနီတပ်မတော် (Kani Army – KNA) ဖွဲ့စည်း 

RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကချင်လွတ်လပ်ရေး တပ်မတော် ( KIA) ထံမှ စစ်ပညာသင်တန်း တက်ရောက်ခဲ့သူများပါဝင်သည့် ကနီတပ်မတော် (Kani Army - KNA) ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ကြေညာထားသည်။ KNA (Kani Army) အဖွဲ့စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ၊ KIA ထံမှ စစ်ပညာသင်တန်းများတက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းအခြေခံစစ်ပညာ ဆင့်ပွားသင်တန်း အပတ်စဥ်၁ မှ အပတ်စဥ် ၅ အထိ (KLG) ကျောက်လုံးကြီး အဖွဲ့နှင့်အတူ စစ်ပညာများသင်ကြား ပို့ချပေးခဲ့ကြောင်း KNA (Kani Army) က ယနေ့ ထုတ်ပြန်ကြေညာထားသည်။ ဒေသတွင်းအခြားမိတ်ဖတ်အဖွဲ့အစည်းများနှင့်အတူလက်တွဲ၍ စစ်အာဏာရှင်စနစ်ကျရူံးသည့်အထိ…
Read More
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခရီးသွားပြည်သူများနှင့် တွေ့ဆုံနှုတ်ဆက်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခရီးသွားပြည်သူများနှင့် တွေ့ဆုံနှုတ်ဆက်

RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ မွန်ပြည်နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် MSRU /ရေးဘီးလူး /YSTF တပ်ဖွဲ့ ၃ ဖွဲ့က ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ဝန်းကျင်က ရေးမြို့နယ် စံပြကျေးရွာအနီး အာရှလမ်းမကြီး ရေး မော်လမြိုင် ထားဝယ် ကားလမ်း​မ​ပေါ်တွင် ပြည်သူနှင့်တိုက်ရိုက်မိတ်ဆက်ခြင်း လက်သုံးချောင်းထောင်ကာ တော်လှန်ရေးအတွက်အသင့်ရှိနေမည်ဖစ်ကြောင်းပြသခဲ့ပီး ပြည်သူနဲ့အတူ ခေတ္တမျှ တွေ့ဆုံခြင်းပြုလုပ်ခဲ့ကြသည်။ ခရီးသွားပြည်သူများနှင့်တွေ့ဆုံ နှုတ်ဆက်သည့်နေရာသည် စစ်ကောင်စီတပ်ရင်း ၁၀၆/၅၈၈ တပ်ရင်းနှင့် ၃၄၃ / ၅၈၇ တပ်ရင်းကြားတွင်ဖြစ်ကြောင်း MSRU က ထုတ်ပြန်ထားသည်။ Red News Agency
Read More
ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီကျွန်များကို မကြာမီ တိုက်ခိုက်ချေမှုန်းမည် 

ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီကျွန်များကို မကြာမီ တိုက်ခိုက်ချေမှုန်းမည် 

RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( NSSDF) ကအကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ဖြတ်ချေမှုန်းရေးနှင့် စစ်ကောင်စီကျွန်များကို မကြာမီ တိုက်ခိုက်တော့မည်ဖြစ်ကြောင်း သိရသည်။ " အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းရေးတွင် အခက်ခဲများစွာကြောင့် တိုက်ပွဲဝင်ရန်နှောင့်နှေးနေပေမယ့် မကြာခင်အချိန်မှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အသေခံကျွန်တော်ကြီးများ အားတိုက်ခိုက်‌ ချေမှုန်းနိုင်မည့် အချိန်ကိုရောက်ရှိလာတော့မည်ဖြစ်ကြောင်း အများပြည်သူများအား အသိပေးတင်ပြအပ်ပါသည်" ဟု NSSDF ကထုတ်ပြန်ထားသည်။ ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အနာဂတ်မှာ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံထူထောင်ရေးအတွက် ရည်ရွယ်ချက်တူသော အဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။ Red News Agency
Read More
PDF များ ဝန်းရံခဲ့သည့် ယနေ့ ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း

PDF များ ဝန်းရံခဲ့သည့် ယနေ့ ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း

RNA_ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ PDF များဝန်းရံပြီး မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ အနောက်မြောက်လွင်ပြင်ဒေသရှိ လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းနှင့် ရွာပေါင်းစုံပင်မသပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းဖြင့် ယနေ့ ကျေးရွာများအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြောင်း သိရသည်။     Red News Agency
Read More
ကသာမြို့နယ် တိုက်ပွဲမှာ တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၄၁၅) မှ (၁၆) ဦးထက်မနည်း သေဆုံး 

ကသာမြို့နယ် တိုက်ပွဲမှာ တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၄၁၅) မှ (၁၆) ဦးထက်မနည်း သေဆုံး 

RNA_ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာအုပ်စု၊ နမ့်စမ်းရွာအောက်ဘက်အနီးတွင် တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၄၁၅)မှ တပ်သားများကို PDF များက ယနေ့ အနီးကပ်တိုက်ခိုက်ခဲ့ရာ (၁၆) ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီကျော်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး အချက် (၅၀) ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ ယနေ့ဖြစ်ပွားသည့် တိုက်ပွဲသည် ဒုတိယအကြိမ် ဖြစ်ကြောင်း သိရသည်။ ယနေ့တိုက်ပွဲတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကသာPDF၊ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ-က-ဖ)၊ မြို့လှPDF တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြကြောင်း၊ ကသာ PDF မှ ရဲဘော် ၂ ဦး…
Read More