စစ်​ကောင်စီတပ် စစ်စခန်း​၊ မြို့သိမ်းတိုက်ပွဲ​နှင့် အထူးစစ်ဆင်​ရေး​တွေ ဖော်ဆောင်ဖို့ ကွန်မန်ဒိုအထူးတပ်ဖွဲ့ ဖွဲ့စည်းမည်

RNA_ဇွန် ၁၆၊ ၂၀၂၂ ခုနှစ်။

စစ်ကောင်စီတပ်စခန်းများနှင့် မြို့သိမ်းတိုက်ပွဲများ၊ အထူးစစ်ဆင်ရေးဖော်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ ၇၊ တပ်ရင်း ၇၀၃ မှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ ပြည်သူများကို အသိပေးထားသည်။

“ရွာ​တွေကို မီးရှို့၊လုယက်ပြီး အပြစ်မဲ့ပြည်သူ​တွေကို သတ်ဖြတ်​နေတဲ့ စစ်​ကောင်စီကို အမြစ်ပြတ်နှိမ်နင်းဖို့ ကျွန်​တော်တို့တပ်ရင်းက ကွန်မန်ဒိုအထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းသွားမှာပါ။ ဒီတပ်ဖွဲ့က စစ်​ကောင်စီတပ်ရဲ့ စစ်စခန်း​တွေ၊ မြို့သိမ်း တိုက်ပွဲ​တွေနဲ့ အထူးစစ်ဆင်​ရေး​တွေကို အဓိက​ ဖော်​ဆောင်သွားဖို့ ဖြစ်ပါတယ်။” ဟု ဒု-တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်အောင်က အသိပေးထားသည်။

Red News Agency

By Editor