G7

မြန်မာ၌ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဆိုးရွားနေကြောင်း G7 ပြောကြားမှုအပေါ် SCEF ကြိုဆို

မြန်မာ၌ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဆိုးရွားနေကြောင်း G7 ပြောကြားမှုအပေါ် SCEF ကြိုဆို

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၆ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေကြောင်း G7 နိုင်ငံခြားရေးဝန်ကြီးများက ထုတ်ဖော်ပြောကြားမှုအပေါ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) က ယနေ့ (နိုဝင်ဘာ ၁၄ ရက်) ထုတ်ပြန်ထားသည်။ G7 နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ (၉) ရက်နှင့် (၁၀) ရက်နေ့တို့တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ ဘုံသဘောတူညီချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါ၊ ယူကေနှင့် ဂျပန်တို့ပါဝင်သည့် G7 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများကို ချက်ချင်းလျှော့ချရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားဆီးမရှိ ဝင်ရောက်နိုင်ရေးနှင့် မြန်မာပြည်သူများ၏…
Read More