SCEF

SRA ညီလာခံသို့ တော်လှန်ရေးထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်၊ ဖွဲ့စည်းပုံနှင့် မူဝါဒအချို့ကို ပြင်ဆင်နိုင်ခဲ့ဟု ဆို

SRA ညီလာခံသို့ တော်လှန်ရေးထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်၊ ဖွဲ့စည်းပုံနှင့် မူဝါဒအချို့ကို ပြင်ဆင်နိုင်ခဲ့ဟု ဆို

RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။ စစ်အာဏာရှင်တော်လှန်ရေးလက်နက်ကိုင် (၁၉) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ဒုတိယအကြိမ်မြောက် ညီလာခံကို အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများမှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာ (၂၈) ရက်မှ (၃၀) ရက်နေ့အထိ ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် ညီလာခံ၌ ဖက်ရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) ကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ AA တပ်တော် ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ အမျိုးသမီးများအဖွဲ့ချုပ် (WLB) မှ အထွေထွေအတွင်းရေးမှူး မော်ဘျားမာဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဥက္ကဋ္ဌ ရဲဘော် သံခဲ၊ SRA…
Read More
🔴 စစ်အုပ်စုကို ထိရောက်စွာ အရေးယူရန် ခူဦးရယ်တိုက်တွန်း | UN မှာဦးကျော်မိုးထွန်းမိန့်ခွန်းပြော

🔴 စစ်အုပ်စုကို ထိရောက်စွာ အရေးယူရန် ခူဦးရယ်တိုက်တွန်း | UN မှာဦးကျော်မိုးထွန်းမိန့်ခွန်းပြော

မင်္ဂလာ မနက်ခင်းပါရှင်။ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ အာရှ-ပစိဖိတ်ဒေသ အလှည့်ကျဥက္ကဋ္ဌအဖြစ် ကုလသမဂ္ဂညီလာခံ၌ ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားခဲ့တယ်ဆိုတဲ့သတင်း၊ မင်းတုန်းမြို့နယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်ခဲ့အတွက် ကလေး (၄) ဦးအပါအဝင် (၆) ဦး အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့သတင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ထုတ်ပြန်ချက်တွေနဲ့ တုံ့ပြန်မှုထက်ကျော်လွန်ပြီး စစ်အုပ်စုကို ထိရောက်စွာအရေးယူရန် SCEF သဘာပတိ ခူဦးရယ် တိုက်တွန်းလိုက်တဲ့သတင်း အပါအဝင် အခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ https://youtu.be/bJWJcU8-jQA?si=IQQJSipqM5PUOHFq Red News Agency, Red News, RNA
Read More