Tag: NLD

  • စစ်တပ်မှာ ခံဝန်ထိုးနေထိုင်သည့်  လွှတ်တော်ကိုယ်စား လှယ် ဖမ်းဆီးခံရ

    စစ်တပ်မှာ ခံဝန်ထိုးနေထိုင်သည့်  လွှတ်တော်ကိုယ်စား လှယ် ဖမ်းဆီးခံရ

    RNA_မတ် ၇၊၂၀၂၂ခုနှစ်။

    ပဲခူးတိုင်း၊ ကဝမြို့နယ်တွင် စစ်ကောင်စီတပ်မှာ နိုင်ငံရေးမလုပ်တော့ကြောင်း ခံဝန်ထိုးနေထိုင်သည့် NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းထွန်းကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

    ကဝမြို့နယ် NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် (၃) ဦးတို့သည် စစ်တပ်မှာ ခံဝန်ထိုးနေသည့်အတွက် CRPH နှင့် NUG က NLD လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုတော့ကြောင်း စုံစမ်း သိရှိရသည်။ (more…)

  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို NUG အစိုးရ၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် ဥပဒေ ပြင်ဆင်ပြဌာန်း

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို NUG အစိုးရ၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် ဥပဒေ ပြင်ဆင်ပြဌာန်း

    RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် အတိုင်ပင် ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေကို ယနေ့ ပြန်လည်ပြင်ဆင်ပြဌာန်းလိုက်ကြောင်း သိရသည်။

    ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း၊ဤဥပဒေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)က ထုတ်ပြန်ခဲ့သည်။ (more…)

  • စစ်တပ်အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွားသော ထိခိုက် ကျဆင်းမှုများ

    စစ်တပ်အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွားသော ထိခိုက် ကျဆင်းမှုများ

    ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်။

    အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွား သော ထိခိုက် ကျဆင်းမှုများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုအလုပ်ကော်မတီက ကြေညာချက်တစ်စောင် ယနေ့ ထုတ်ပြန်ခဲ့သည်။

    အာဏာသိမ်းစစ်ကောင်စီသည် အာဏာသိမ်းခဲ့သည့် တစ်နှစ်တာကာလအတွင်း ရဟန်း၊ ရှင်လူ၊တိုင်းရင်းသား၊ ကျောင်းသား၊ ပြည်သူများ၊ CDM များနှင့်အတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်များ၊ ရွေးကောက်တင်မြှောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ပါတီဝင်များကို အဓမ္မဖမ်းဆီးအကျဉ်းချမှုများ၊ ညှဉ်းဆဲသတ်ဖြတ်မှု များစွာလုပ်ဆောင်ခဲ့သည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်းကောက်ယူရေးအဖွဲ့၏ ကောက်ယူရရှိသော စာရင်းများအရ အဖွဲ့ချုပ်အဖွဲ့ဝင်များထဲမှလည်း ဖမ်းဆီးအကျဉ်းချခံရသူစုစုပေါင်း (၆၈၆)ဦးတွင် လွှတ်တော်ကိုယ်စားလှယ် (၁၀၇)ဦးပါဝင်ပြီး၊ ညှင်းပမ်းနှိပ်စက်မှုများနှင့် အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်မှုများကြောင့် ကွယ်လွန်သူ လွှတ်တော်ကိုယ်စားလှယ်(၁)ဦး အပါအဝင်စုစုပေါင်း (၁၄)ဦးရှိခဲ့ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။ (more…)

  • ကိုဂျင်မီ နှင့် ကိုဇေယျာသော်တို့ကို အာဏာသိမ်း စစ်ကောင်စီက သေဒဏ်ချမှတ် 

    ကိုဂျင်မီ နှင့် ကိုဇေယျာသော်တို့ကို အာဏာသိမ်း စစ်ကောင်စီက သေဒဏ်ချမှတ် 

    RNA_ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။

    ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးကျော်မင်းယု(ခ) ကိုဂျင်မီနှင့် NLD ပါတီက ဦးဖြိုးဇေယျာ်သော်တို့ကို အာဏာသိမ်း စစ်ကောင်စီက ယနေ့ (ဇန်နဝါရီလ -၂၁) တွင် သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

    ကိုဂျင်မီနှင့်ကိုဇေယျာသော်တို့ကို အာဏာသိမ်း စစ်ကောင်စီတပ်က စစ်ခုံရုံးဖွဲ့စစ်ဆေးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉ (က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့ဖြင့် ယနေ့ သေဒဏ်အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။

    Red News Agency

  • NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းအဖွဲ့က ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်

    NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းအဖွဲ့က ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်

    RNA_ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီ၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ တရားရုံးက ယနေ့ နံနက်ပိုင်းက ထောင်ဒဏ် ၄ နှစ်ထပ်မံ ချမှတ်လိုက်ကြောင်း သိရသည်။

    ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် အာဏာသိမ်း စစ်ကောင်စီအဖွဲ့ နေအိမ်တွင် ဖမ်းဆီးထားပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့် စွဲဆိုထားမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ ဆက်သွယ်ရေးဥပဒေနှင့် စွဲဆိုထားမှုအတွက် ထောင်ဒဏ် ၁ နှစ်တို့ကို တပေါင်းတည်း ကျခံရမည်ဖြစ်သည့်အတွက် ထောင်ဒဏ် ၂ နှစ် သတ်မှတ်ခံရပြီး၊ သဘာဝ​ဘေးအန္တရာယ် ပုဒ်မနှင့် စွဲခံထားရမှုအတွက် ထောင်ဒဏ် ၂နှစ် ချမှတ်သည့်အတွက် ယနေ့ စုစုပေါင်း ထောင်ဒဏ် ၄ နှစ် နေပြည်တော် အထူးတရားရုံးက ချမှတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

    စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ ထောင်ဒဏ် ၄ နှစ်၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ပုဒ်မ ၅၀၅(ခ)အတွက် ​ထောင်ဒဏ် (၂)နှစ်၊ သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပ​ဒေပုဒ်မ ၂၅အတွက် ​ထောင်ဒဏ် (၂)နှစ် ချမှတ်ထားရာ ၂ နှစ်လျော့ပေးထားသည့်အတွက် ၂ နှစ်သာ ကျခံရမည်ဖြစ်ကြောင်း၊ စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ကျခံရမည်ဖြစ်ကြောင်း သိရသည်။

    Red News Agency

  • ပါတီနိုင်ငံရေးမှ လက်နက်ကိုင်တော်လှန်ရေးပါဝင်သူ NLD လူငယ်တဦး လေးကေ့ကော်မှာ တိုက်ပွဲကျ

    ပါတီနိုင်ငံရေးမှ လက်နက်ကိုင်တော်လှန်ရေးပါဝင်သူ NLD လူငယ်တဦး လေးကေ့ကော်မှာ တိုက်ပွဲကျ

    RNA_ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်တပ်အာဏာသိမ်းပြီး ပါတီနိုင်ငံရေးမှ လက်နက်ကိုင်တော်လှန်ရေးကူးပြောင်းပါဝင်လာသူ NLD ပါတီ ရန်ကုန်တိုင်း လူငယ် ကိုဗညား လေးကေ့ကော် တိုက်ပွဲမှာ သူရဲကောင်းပီသစွာ ကျဆုံးသွားခဲ့သည့်အတွက် ဒီဇင်ဘာလ ၁၈ ရက်နေ့က သင်္ဂြိုဟ် ပေးကြောင်း သိရသည်။

    KNLA၊PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်နှင့် ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားရာအတွင်း စစ်ကောင်စီတပ် အကျအဆုံးများခဲ့ပြီး၊ စခန်းသိမ်းခံရမှုများရှိကြောင်း၊ KNLAနှင့် NUG ကာကွယ်ရေးဌာန လက်အောက် PDF က ကိုဗညားအပါဝင် ကျဆုံးခဲ့ရသူများကြောင်း သိရသည်။

    ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် (၁၀) ဝန်းကျင်က လေးကေ့ကော်ကို စစ်တပ်က စတင်ဝင်ရောက် ဖမ်းဆီးမှု‌တွေလုပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ် အ‌သေအပျောက်များပြီး စခန်းချထားမှု ဆုတ်ခွါပေးခဲ့ရကြောင်း၊ မကြာမီ ကရင်ပြည်နယ်တွင် ယခုထရ်တိုက်ပွဲပိုမိုပြင်းထန်လာကြောင်း သိရသည်။

    Red News Agency

  • မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် ကွယ်လွန်

    မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် ကွယ်လွန်

    ရန်ကုန်၊ ဩဂုတ် ၁၁ ရက်။

    ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဆရာ ဦးဇော်လွင် (ခ) ဦးမင်းဇော်လွင် သည် ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းက ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

    ဆရာဦးမင်းဇော်လွင်သည် ၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံကာလက မြောက်ဥက္ကလာပမြို့နယ် GSC တွင် နာယကအဖြစ်ပါဝင်ခဲ့ပြီး၊ ၁၉၈၉ ခုနှစ် ရှစ်လေးလုံးကျောက်တိုင်ဖြစ်မြောက်ရေးအဖွဲ့တွင်ပါဝင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်သူများရွေးချယ်ထားသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

    ဆရာဦးမင်းဇော်လွင်သည် ကျောင်းဆရာတဦးဖြစ်ပြီး၊ မြောက်ဥက္ကလာပမြိုကနယ် ဗိုလ်ချုပ်ချစ်သူများအဖွဲ့၊ ကန်သာယာပြည်သူ့ပန်းခြံပြန်လည်ရရှိရေးအဖွဲ့၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း အားကစားကွင်းနှင့်ပန်းခြံများ၊ အခြားမြေလွတ်မြေရိုင်းများ ပြန်လည်ရရှိရေး လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း၊၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက် စစ်တပ်အာဏာသိမ်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးတွင်ပါဝင်ခဲ့ပြီး၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင်လည်း ခေါင်းဆောင်တစ်ဦးဖြစ်သည်။ စစ်တပ်လက်ပါးစေများက ဖမ်းဆီးရန်ကြိုးပမ်းမှုကြောင့် ပြည်တွင်းတနေရာတွင် ရှောင်တိမ်းနေရင်း ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းက ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး၊ ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

    မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လူထုတွေ့ဆုံပွဲကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကန်သာယာပြည်သူ့ပန်းခြံတွင် ပြုလုပ်ခဲ့ရာ ဆရာဦးဇော်လွင် ပြည်သူများအား ပြောကြားခဲ့သည့် အမှတ်တရစကားများကို ပြန်လည်ဖော်ခြင်းဖြစ်သည်။[embedyt] https://www.youtube.com/watch?v=udF9lIGUNX8[/embedyt] Red News Agency

  • နွေဦးတော်လှန်ရေး သူရဲကောင်း အာဇာနည် ၄၀ ကျော်ရှိနေတဲ့ တောင်ဒဂုံက အုပ်ချုပ်ရေးမှူးကို ဘယ်လိုတွေလက်ခံနေလဲ

    တောင်ဒဂုံ ခံတပ်တွေဟာ ပြိုကြသွားတယ်၊ သူရဲကောင်းတွေ ကျဆုံးသွားတယ်၊ အာဏာရှင်လက်အောက် ပြားပြားဝပ်လိုသူတွေရှိနေတယ်၊ အဲသလိုရပ်ကွက် ကျေးရွာတွေများနေရင် ဒီနွေဦးတော်လှန်ရေး အောင်နိုင်ရေးမှာ အဟန့်အတားတွေတော့ ဖြစ်နေမှာ အသေအချာပါ

    သစ္စာနိုင်

    ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ဒဂုံဟာ ကမ္ဘာကျော်ခဲ့ပြီ၊ အကြမ်းဖက်စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကြားမှာ လူးလှိမ့်နေအောင်ခံ ခဲ့ရတယ်၊ ပြည်သူတွေက ရတဲ့နည်းနဲ့ တော်လှန်ခဲ့ကြတယ်။ နောက်ဆုံးတော့ ရက်စက်သူတို့ရဲ့ နည်းအတိုင်း ပြည်သူတွေကို ပစ်သတ်လိုက်ကြလို့ ပြည်သူ ၄၀ ကျော်သေဆုံးခဲ့ရတယ်။ ပြည်သူတွေရင်ထဲတော့ နာလို့မဆုံးတဲ့ ဖြစ်ရပ်ကြီး၊ တစ်နိုင်ငံလုံးတော့ ရင်ထုမနာ ငိုကြွေးခဲ့ရတယ်။

    တောင်ဒဂုံမြို့နယ်တွင် ကျဆုံးခဲ့ရသူ တစ်ဦး၏ ဈာပန မြင်ကွင်း

    ရက်ပေါင်း ၆၀ ကျော် အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ အခုချိန်ထိ ပြည်သူတွေပေါ်မှာ အာဏာသက်ရောက်မှုမရှိသေးပါဘူး။ သို့သော် အာဏာရှင်တွေက ပြည်သူတွေလက်ခံလာဖို့အတွက် လူသတ်ရဲတယ်၊ ဒီကနေ့ ဧပြီလ ၆ ရက်နေ့အထိ စာရင်းတွေအရ ကျဆုံးသူ ပြည်သူ ၆၀၀ ကျော်သွားပြီဖြစ်တယ်။ ဖမ်းဆီးချုပ်နှောင်ခံရသူတွေလည်း ထောင်ချီရှိနေပြီ၊ ဒါပေမဲ့ အာဏာသက်ရောက်မှုဟာ လုံးဝမရှိသေးဘူးလို့ ပြောလို့ရပေမဲ့ တောင်ဒဂုံမှာတော အုပ်ချုပ်ရေးကို အသက်သွင်းဖို့ ကြိုးစားနေပါပြီ။

    ဧပြီလ ၅ ရက်နေ့မှာတော့ ဒဂုံမြို့သစ်တောင်ပိုင်း ( တောင်ဒဂုံ) ၂၀ ရပ်ကွက်မှာတော့ စစ်ကောင်စီလက်နက်ကိုင်တွေက ရပ်ကွက်ရုံးဖွင့်ဖို့ ကြိုးစားခဲ့တာက ထူးဆန်းလှနေပါတယ်။ စစ်ကောင်စီခန့်တဲ့ အုပ်ချုပ်ရေးမှူး အလိုမရှိရင် ပြည်သူက ရွေးပါတဲ့။ အရင် NLD အစိုးရလက်ထက်က ရွေးချယ်ခံတဲ့ အုပ်ချုပ်ရေးမှူးကလည်း စစ်ကောင်စီလက်အောက်မှာ လုပ်လိုသူတွေရှိနေတာ ပြည်သူတွေ သိပြီးဖြစ်မှာပါ။ အုပ်ချုပ်ရေးမှူးရွေးဖို့ ဘုန်းတော်ကြီးကျောင်းမှာ ခေါ်လိုက်တယ်။ တပ်စွဲထားတဲ့ တောင်ဒဂုံက မောင်းမကန်လမ်းမပေါ်က သီရိမင်္ဂလာ ဘုန်းကြီးကျောင်းထဲကို ရပ်ကွက်က အုပ်ချုပ်ရေးမှူး အဟောင်းတွေနဲ့ ရာအိမ်မှူး ဆယ်အိမ်မှူး လုပ်ချင်နေတဲ့ လူ ၃၀ လောက်ခေါ်ပြီီး အုပ်ချုပ်ရေးမှူး ခန့်လိုက်ကြပါတယ်။

    (more…)

  • အဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်များ အမြဲတမ်းပြည်သူနှင့်တစ်သားတည်း ရပ်တည်နေသည်ဟု ကတိပြု

    အဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်များ အမြဲတမ်းပြည်သူနှင့်တစ်သားတည်း ရပ်တည်နေသည်ဟု ကတိပြု

    အဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်များ အမြဲတမ်းပြည်သူနှင့်တစ်သားတည်း ရပ်တည်နေသည်ဟု ကတိပြု

    ရိုက်ကူး-ဒီလှိုင်း မင်းဘူး၊ ဖေဖော်ဝါရီ ၁၀ ရက်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) လွှတ်တော်ကိုယ်စားလှယ်များသည် အမြဲတမ်း ပြည်သူနှင့် တစ်သားတည်း ရပ်တည်နေသည်ဟု ကတိပြုကြောင်း မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက ယနေ့ (ဖေဖော်ဝါရီလ ၁၀ ရက်) မင်းဘူးမြို့ စစ်အာဏာသိမ်းအစိုးရကို ဆန္ဒပြနေသည့် ပြည်သူများကို ပြောကြားခဲ့သည်။ [embedyt] https://www.youtube.com/watch?v=nnUhIqfW96s[/embedyt]

    Red News Agency

  • “မဲလိမ်မဲခိုး အစိုးရအား အလိုမရှိ အလိုမရှိ ” ဟု ဆိုင်းဘုတ်ကိုင် ကြွေးကြော်ကာ ပွင့်ဖြူမြို့တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်

    “မဲလိမ်မဲခိုး အစိုးရအား အလိုမရှိ အလိုမရှိ ” ဟု ဆိုင်းဘုတ်ကိုင် ကြွေးကြော်ကာ ပွင့်ဖြူမြို့တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်

    ရိုက်ကူး- ဒီလှိုင်း ပွင့်ဖြူ၊ နိုဝင်ဘာ ၂၂ ရက်။

    ” မတရားသောနည်းဖြင့် အာဏာရယူဖို့ကြိုးစားသော အစိုးရ အလိုမရှိ အလိုမရှိ။ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ ပြုကျင့်မှုများအား ဆန့်ကျင်ကြ ဆန့်ကျင်ကြ။ မဲလိမ်မဲခိုး အစိုးရအား အလိုမရှိ အလိုမရှိ ” စသဖြင့် ဆိုင်းဘုတ်ကိုင် ကြွေးကြော်ကာ စီတန်းလှည့်လည် လူအင်အား ၂၅၀ ကျော် ဝန်းကျင်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။[embedyt] https://www.youtube.com/watch?v=6tcMYT31TK8[/embedyt]

    Red News Agency