NLD

ဗကသကိုဆန့်ကျင်ရာတွင် စစ်လော်ဘီနှင့်စုလော်ဘီများ တပေါင်းတစည်းတည်း ညီညွတ်နေကြရခြင်းအကြောင်းအရင်း

ဗကသကိုဆန့်ကျင်ရာတွင် စစ်လော်ဘီနှင့်စုလော်ဘီများ တပေါင်းတစည်းတည်း ညီညွတ်နေကြရခြင်းအကြောင်းအရင်း

” တကယ့်လက်တွေ့မှာတော့ “စစ်နဲ့စု အကြောင်းဖွဲ့ပြုလို့ မကောင်းတဲ့အမှု တည်စေသောဝ်”ဖြစ်နေပါပြီလို့ တမလွန်က ကိုလှသန်းကို တိုင်တည်ပြီး စိတ်မကောင်းစွာနဲ့ ဒီစာကို ဆက်ရေးရပါလိမ့်မယ် ” ကျော်ကိုကို လူမှုကွန်ရက်မှာ ကျနော့်အကိုတယောက်က “ကြံဖွံ့ ထောက်ခံသူနဲ့ NLD ထောက်ခံသူတွေ ညီညီညွတ်ညွတ် လုပ်တဲ့အလုပ်ကတော့ ဗကသ ဆန့်ကျင်ရေးပဲ။” လို့ ရေးလိုက်ပါတယ်။သူ့အယူအဆကို ကျနော်လည်း သဘောတူပါတယ်။ဘာကြောင့်လဲဆိုရင် ကျနော့်အတွေ့အကြုံအရ ပြောပြရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က ဆိုရှယ်မီဒီယာပေါ်မှာ ကျနော်အပါအဝင် ဗကသကျောင်းသားတွေကို အကြီးအကျယ်တိုက်ခိုက်နေတာ စစ်တပ်ထောက်ခံသူတွေ၊ကြံ့ဖွံ့ထောက်ခံသူတွေ(အတိုချုံးပြီး စစ်လော်ဘီတွေလို့ပဲခေါ်ပါမယ်-ရည်ရွယ်ချက်ကို အကြောင်းပြုပြီးခေါ်တာပါ)ဖြစ်ပြီး ခရီးရှည်ချီတက်သပိတ်ကာလနဲ့ လက်ပံတန်းအကြမ်းဖက်ဖြိုခွဲပြီးကာလမှာ တောက်လျောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဆိုင်ဘာအကြမ်းဖက်မှုလို့ခေါ်လို့ရတဲ့ သတင်းတု သတင်းမှားတွေ (ကျနော်တို့က သိန်းခြောက်ထောင်ယူထားတယ်ဆိုတာမျိုး၊လက်နက်ကိုင်လှုပ်ရှားမှုနဲ့ဆက်စပ်တယ်ဆိုတာမျိုးတွေ)ဖြန့်ဝေပြီး ဗကသကို ဦးတည်ပစ်မှတ်ထားတိုက်ရင်း ဗကသရဲ့…
Read More
NLD သည် တပ်ဦးပါတီမဟုတ်

NLD သည် တပ်ဦးပါတီမဟုတ်

ကနေ့ခေတ်ဟာ ပါလီမန်အသွင်ဆောင်ထားတဲ့ စစ်အာဏာရှင်စနစ် လွှမ်းမိုးတဲ့ခေတ်လို့ အမှန်တိုင်းမမြင်သေးဘူးဆိုရင် နောက်ဆက်တွဲစဉ်းစားချက်မှန်သမျှ အကုန်လွဲချော်ပါလိမ့်မယ်။ဒုတိယအလွဲက ဒီချုပ်ပါတီဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးတာဝန်ကို ထမ်းဆောင်နေတယ်ဆိုတဲ့ တပ်ဦးပါတီလို့ ထင်မြင်ယူဆတဲ့အမှားဖြစ်ပါတယ် ကျော်ကိုကို ဒီရက်ပိုင်း နိုင်ငံရေးလောကထဲက လူတွေကြားမှာ အများဆုံးပြောဖြစ်တဲ့အကြောင်းက ရွေးကောက်ပွဲကိစ္စပါ။ရွေးကောက်ပွဲကို လက်ခံလား လက်မခံဘူးလားဆိုတာက စပြီးတော့ လက်ခံရင် ဘယ်ပါတီကို မဲပေးမှာလဲနဲ့ အဆုံးသတ်ပြီး လက်မခံရင် ဘာလို့လက်မခံသလဲဆိုတဲ့ မေးခွန်းနဲ့ အစပျိုးတတ်ကြပါတယ်။ ကျနော့်သဘောက အစောတည်းက ရှင်းရှင်းပြတ်ပြတ်ပြောပြီးသားပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံအသက်သွင်း အတည်ပြုတဲ့ ဘယ်လုပ်ရပ်မဆို ဆန့်ကျင်တဲ့အတွက် ရွေးကောက်ပွဲဆိုတာကို ထည့်စဉ်းစားစရာကို မလိုတော့တာပါ။ဒါပေမယ့် နိုင်ငံရေးအရ ပြောတာဆိုရင် နှစ်ပိုင်းခွဲပြောရပါလိမ့်မယ်။ဒါမှ အများအမြင်ရှင်းမှာမို့လို့ပါ။ တပိုင်းက ပုဂ္ဂလိကနိုင်ငံရေးအမြင်ပါ။တဦးတည်းကိုပဲ ကိုယ်စားပြုပါတယ်။လက်ရှိခေတ်အခြေအနေကို ကိုယ့်ဘဝအမြင်နဲ့ ချိန်ထိုးသုံးသပ်ပြီး…
Read More
မဲမပေးဘူး VS မဲပေးမယ်(သို့မဟုတ်) ပဋိပက္ခမှဆန့်ထုတ်ဆင်ခြင်လိုက်သော နိုင်ငံရေးလမ်းကြောင်း

မဲမပေးဘူး VS မဲပေးမယ်(သို့မဟုတ်) ပဋိပက္ခမှဆန့်ထုတ်ဆင်ခြင်လိုက်သော နိုင်ငံရေးလမ်းကြောင်း

စစ်အုပ်စုအကျိုးစီးပွားကို အကြီးအကျယ်ကယ်တင်ပေးခဲ့တဲ့ကိစ္စကတော့ ICJ နိုင်ငံတကာရာဇဝတ်တရားရုံးက စစ်ရာဇဝတ်မှု၊လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေအပေါ် တရားစွဲခဲ့စဉ်က ‌နယ်သာလန် သည်ဟိဂ်မြို့အထိ သွားရောက်ပြီး စစ်အုပ်စုကို ခုခံကာကွယ်ပေးခဲ့တဲ့လုပ်ရပ်ပဲဖြစ်ပါတယ် ကျော်ကိုကို အခုအပတ်မှာ လူပြောသူပြောအများဆုံးနဲ့ အငြင်းပွားမှုအဖြစ်ဆုံး နိုင်ငံရေးကိစ္စကို ပြပါဆိုရင် ရွေးကောက်ပွဲမှာ မဲပေးမလား မပေးဘူးလားဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။မဲမပေးဘူးလို့ ပြောတဲ့သူတွေကို လက်ရှိအာဏာရပါတီ အမာခံထောက်ခံသူတွေက ရန်လိုမုန်းထားပြီး ထိုးနှက်တိုက်ခိုက်နေကြတဲ့ အရေးအသားတွေကိုလည်း တွေ့ရပါတယ်။ဒီလိုတိုက်ခိုက်ကြတဲ့ အရေးအသားတွေထဲမှာ တချို့ကလည်း လူကြီးလူကောင်းဆန်ဆန် ယဉ်ယဉ်ကျေးကျေး ရေးသားဆွေးနွေးပြီး တချို့ကျတော့ ရိုင်းစိုင်းတဲ့အရေးအသားတွေ၊ အမုန်းစကားတွေနဲ့ ပြောဆိုရေးသားတဲ့အနေအထားအထိ ရောက်ရှိခဲ့ရပါတယ်။ဒီလို အငြင်းအခုန်ဖြစ်တဲ့နေရာမှာ စိတ်ဝင်စားစရာ အကောင်းဆုံးက “မဲသွားမပေးရင် စစ်တပ်အကြိုက်ဖြစ်သွားလိမ့်မယ်” တို့၊ “ဒီချုပ်မဲမရရင် စစ်အုပ်ချုပ်ရေးပြန်ဖြစ်သွားမှာပေါ့”စသဖြင့် လိုရာဆွဲပြီး မဲမဲမြင်ရာ လိုက်ဖောင်းထုနေသလို ဖြစ်နေပါတယ်။အကဲဒဲလ်မစ်ဆန်ဆန်…
Read More
မုံရွာအောင်ရှင်သို့တုန့်ပြန်ချက်

မုံရွာအောင်ရှင်သို့တုန့်ပြန်ချက်

တချိန်က ဒီချုပ်ပါတီ အဖိနှိပ်ခံနေရချိန်မှာ ကျောင်းသားနဲ့ပြည်သူဟာ ဒီပါတီကို စစ်အာဏာရှင်လက်ချက်က အကာအကွယ်ပေးခဲ့တဲ့အတွက် အချို့ကိစ္စတွေမှာ ပြောချင်ပါရက်နဲ့ မပြောထွက်ခဲ့တာမျိုး၊ ဗူးလေးရာဖရုံဆင့်သလို ဖြစ်မှာစိုးလို့ မျိုသိပ်ခဲ့ရတာမျိုးတွေ ကျော်ကိုကို ရန်ကုန်ခေတ်သစ်မီဒီယာနဲ့ ဒီချုပ်ပြောရေးဆိုခွင့်ရသူ မုံရွာအောင်ရှင်တို့ အမေးအဖြေလုပ်ထားတာကို ဖတ်ရပါတယ်။ဗကသက မူပိုင်ဖြစ်တဲ့ ခွပ်ဒေါင်းအလံကို ဒီချုပ်အပါအဝင် ၂၀၀၈ခြေဥအောက်က ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီအသီးသီးက ယူငင်သုံးစွဲနေတာကို ကန့်ကွက်တဲ့ ကြေညာချက်တွေ ထုတ်ပြီးချိန်မှာ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဒီချုပ်ရဲ့သဘောထားကို မုံရွာအောင်ရှင်က ပြောထားတာပါ။ ဒီနေရာမှာ တိုက်ပွဲဝင်သမဂ္ဂခွပ်ဒေါင်းအလံကို ကျနော်တို့အနေနဲ့ ပြန်တောင်းတယ်လို့ မသုံးစွဲလိုပါဘူး။ နိုင်ငံရေးအရပြောရရင် ကိုယ်ကျေကျေနပ်နပ်ပေးထားတာမဟုတ်တဲ့အတွက်ကြောင့် ပြန်တောင်းနေတာမျိုးမဟုတ်ဘဲ သဘောတူခွင့်ပြုချက်မပါဘဲ ယူငင်သုံးစွဲနေမှုကို ဆက်လက်မလုပ်ဆောင်တော့ဖို့ ကန့်ကွက်နေတာလို့ သုံးစွဲရင်ပိုအဓိပ္ပါယ်ရှိမယ်ထင်ပါတယ်။ ဗကသက ကြေညာချက်ထုတ်ခြင်း မထုတ်ခြင်းဟာ ကျနော်နဲ့ တခြားစီကိစ္စရပ်တွေပါ။ကျနော့်အနေနဲ့…
Read More
အစိုးရဌာနတွေမှာ လာဘ်စားမှုများရှိနေသေး

အစိုးရဌာနတွေမှာ လာဘ်စားမှုများရှိနေသေး

ဒီလှိုင်း ။ မကွေး၊ ဒီဇင်ဘာ ၁၁ ရက်။ ” NLD အစိုးရတက်လာပြီးနောက်ပိုင်း အဂတိလိုက်စားမှုကို အကောင်းဆုံး လုပ်ဆောင်နိုင်ပေမဲ့ အဂတိလိုက်စားမှုကင်းစင်ပြီလားပပျောက်ပြီလားဆိုလို့ရှိရင်တော့ အစိုးရဌာအချို့က လာဘ်စားမှုတွေကရှိ‌နေသေးတယ်” ”ပထမဦးဆုံးNLDအစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာတော့အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီးတော့မှသူတို့ကအကောင်းဆုံးကိုင်တွယ်နိုင်ပါတယ်လို့ပြောရမှာပေါ့နော်၊ကျွန်မတို့မကွေးတိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကနေပြီးတော့အဂတိလိုက်စားမှုကိုလုံးဝသည်းမခံဘူးပေါ့နော်၊အပစ်ပေးစရာရှိရင်အပစ်ပေးတယ်၊အရေးယူစရာရှိရင်အရေးယူတယ် ၊ အဂတိ လိုက်စားမှုတွေကတော့ ရှိနေတုန်းဖြစ်ပါတယ်” ဟုကျေးလတ်မြေ ဒါရိုက်တာဒေါ်မူဆယ်ကပြောသည်။ မကွေးတိုင်းဒေသကြီးအတွင်း အဂတိလိုက်စားမှုများနဲ့ ပတ်သက်ပြီး အရေးယူမှုတွေကိုလည်း မကွေးတိုင်းဒေသကြီး ဒေါက်တာအောင်မိုးညိုက ပြောခဲ့ပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့က မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံမှာ ပြုလုပ်တဲ့ ဖြောင့်မတ်တည်ကြည် အဂတိလိုက်စားမှု ကင်းဝေးသော လူ့ဘောင်ဆီ ခေါင်းစဉ်နဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား စကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။Red News Agency
Read More
ရဟန်း ရှင်လူ သိန်းချီပါဝင်သည့် မကွေးမြို့က  ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ

ရဟန်း ရှင်လူ သိန်းချီပါဝင်သည့် မကွေးမြို့က ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ

ဒီလှိုင်း မကွေး ၊ ဒီဇင်ဘာ ၁၀ ရက်။ "လက်ရှိကျွန်တော်တို့နိုင်ငံကိုတရားစွဲဆိုခံနေရတဲ့ကိစ္စကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သွားဖြေရှင်းနေရတယ်ဆိုတာပြည်သူအားလုံးသိမှာပါ၊ဒီအတွက်ကျွန်တော်တို့ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူတစ်သားထဲပြည်သူတစ်ရပ်လုံးကရှိတယ်ဆိုတာကိုပြချင်လိုဖြစ်ပါတယ်၊ကျွန်တော်တို့နိုင်ငံကိုတရားစွဲခြင်းဟာကျွန်တော်တို့ပြည်သူတစ်ဦးချင်းကိုတရားစွဲဆိုတာနဲ့အတူတူပါဘဲ၊အဲဒီတော့ကျွန်တော်တို့အပစ်မရှိဘူးဆိုတာပြန်လည်ခုခံချေပဖို့အတွက်တာဝန်ရှိတယ်၊နိုင်ငံတော်အတိုင်ပင်ခံကနိုင်ငံရဲ့အကျိုးစီးပွား၊ပြည်သူရဲ့အတိုင်ပင်ခံနဲ့အတူရှိတယ်ဆိုတာကိုပြသခြင်းဖြစ်ပါတယ် " ဟု မ‌ကွေးမြို့ကံသာရပ်ကွက်မှဦးမိုးကပြောသည်။ မြန်မာနိုင်ငံအကျိုးစီးပွားကာကွယ်ရန်အတွက်နယ်သာလန်နိုင်ငံ(အပြည်ပြည်ဆိုင်ရာတရားရုံးICJ)သို့သွားသောအတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံသည့်ပွဲအား သံဃာတော်ဆရာတော်များ၊တိုင်းအစိုးရလွှတ်‌တော်ဥက္ကဌဦးတာ၊သယံဇာတ၊သဘာဝပတ်ဝန်းကျင်လျှပ်စစ်စွမ်းအင်ဝန်ကြီးဦးမြင့်‌ဇော်၊NLDအဖွဲ့ဝင်များ၊ပြည်သူများ၊ကျောင်းသား/သူများအင်းအား၃၀၀၀၀ခန့်တက်ရောက်ခဲ့ကြသည်။Red News Agency
Read More
လီလီပန်းကလေးများရဲ့ ဇာတ်လမ်းအစမှ ဝမ်းနည်းခြင်းမှတ်တမ်းစာ သဝဏ်လွှာအဆုံး

လီလီပန်းကလေးများရဲ့ ဇာတ်လမ်းအစမှ ဝမ်းနည်းခြင်းမှတ်တမ်းစာ သဝဏ်လွှာအဆုံး

နိုင်ငံရေးအရ လုပ်ဖော်ကိုင်ဖက်များ သွေးသားတော်စပ်မှုအရ ညီအစ်ကိုရင်းချာ သွေးရင်းသားရင်းများဖြစ်စေကာမူ အယူအဆ မညီမျှ လောဘ အာဏာ ရမ္မက် ဆူပွက်ထန်ပြင်းမှုများက လူသားတို့၏ ရင်အစုံကို ကိုင်ဆုတ်ရိုက်ခတ်လာသည့်အခါ ။ ရဲဘော်ရဲဘက်အချင်းချင်း ညီနောင်သားရင်း အချင်းချင်းကြားမှာ အာဏာလွန်ဆွဲမှုများ မတော်လောဘများ ခါးသီးအမျက်အညှိုးများ အမုန်းအာဃတမီးတောက်များ အလျှံလျှံညီးညီး တောက်လောင်ကျွမ်းခဲ့ကြသည် သက်ဝေ ခုလို ဇူလိုင်လ မိုးရေစက်တွေကြားမှာ ချစ်ခင်လေးစားရသော ဆရာသမားတစ်ယောက်ရေးသားခဲ့သည် ဦးထုပ်မြင့်မြင့်ဆောင်းသူများဆိုသော ရသခံစားမှု အက်ဆေးဆောင်းပါးလေးကို တခုတ်တရနှင့် သတိတရရှိနေမိသည်။ အလားတူ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး ဟောကြားမိန့်မှာဖူးသော လူဆိုတာ ကံတွေ ဉာဏ်တွေ တလူလူလွှင့်ထူထားသော လူသားများဖြစ်သည်ဆိုသော တရားတော်ကို ညွှတ်နူးစွာ နာယူနေမိသည်။ ထိုမျှမက စာပေဟောပြောပွဲစင်မြင့်များပေါ်တွင်…
Read More
ပြည်သူ့ဆန္ဒမပါသော မီတာခ တိုးမြှင့်မှု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

ပြည်သူ့ဆန္ဒမပါသော မီတာခ တိုးမြှင့်မှု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဇူလိုင် ၁ ရက်။ “ပြည်သူ့ဆန္ဒမပါသော မီတာခ တိုးမြှင့်မှု အလိုမရှိ အလိုမရှိ၊ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှု ချက်ခြင်းရပ် ချက်ခြင်းရပ်၊ ပြည်သူ့ဆန္ဒအရေးပေးရေး ဒို့အရေး ဒို့အရေး ” ဟူသော ကြွေးကြော်သံများဖြင့် ဇူလိုင် ၁ ရက်နေ့မှ စတင်ပြောင်းလဲ သတ်မှတ်မည့် လျှစ်စစ်ဓာတ်အားခနှုန်း (မီတာ) များနှင့်ပတ်သက်ပြီး ပြည်သူ့ဆန္ဒမပါသည့်အတွက်ဟုဆိုကာ ဇူလိုင်လ ၁ ရက်နေ့က ပုဇွန်တောင် မြို့နယ်အတွင်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ Red News Agency
Read More