NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းအဖွဲ့က ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်

RNA_ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီ၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ တရားရုံးက ယနေ့ နံနက်ပိုင်းက ထောင်ဒဏ် ၄ နှစ်ထပ်မံ ချမှတ်လိုက်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် အာဏာသိမ်း စစ်ကောင်စီအဖွဲ့ နေအိမ်တွင် ဖမ်းဆီးထားပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့် စွဲဆိုထားမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ ဆက်သွယ်ရေးဥပဒေနှင့် စွဲဆိုထားမှုအတွက် ထောင်ဒဏ် ၁ နှစ်တို့ကို တပေါင်းတည်း ကျခံရမည်ဖြစ်သည့်အတွက် ထောင်ဒဏ် ၂ နှစ် သတ်မှတ်ခံရပြီး၊ သဘာဝ​ဘေးအန္တရာယ် ပုဒ်မနှင့် စွဲခံထားရမှုအတွက် ထောင်ဒဏ် ၂နှစ် ချမှတ်သည့်အတွက် ယနေ့ စုစုပေါင်း ထောင်ဒဏ် ၄ နှစ် နေပြည်တော် အထူးတရားရုံးက ချမှတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ ထောင်ဒဏ် ၄ နှစ်၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ပုဒ်မ ၅၀၅(ခ)အတွက် ​ထောင်ဒဏ် (၂)နှစ်၊ သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပ​ဒေပုဒ်မ ၂၅အတွက် ​ထောင်ဒဏ် (၂)နှစ် ချမှတ်ထားရာ ၂ နှစ်လျော့ပေးထားသည့်အတွက် ၂ နှစ်သာ ကျခံရမည်ဖြစ်ကြောင်း၊ စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ကျခံရမည်ဖြစ်ကြောင်း သိရသည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *