နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို NUG အစိုးရ၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် ဥပဒေ ပြင်ဆင်ပြဌာန်း

RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် အတိုင်ပင် ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေကို ယနေ့ ပြန်လည်ပြင်ဆင်ပြဌာန်းလိုက်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း၊ဤဥပဒေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)က ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ပုဒ်မ ၆၊ ပုဒ်မခွဲ (က) ကို ပြင်ဆင် အစားထိုးရာတွင်

“(က) ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ နိုင်ငံရေးလမ်းပြမြေပုံနှင့် နိုင်ငံရေးရည်မှန်းချက်များ

အကောင်အထည်ဖော်နိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ ရေးဆွဲ ထားသော မဟာဗျူဟာအရ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားများအတွက် အမျိုးသားညီညွတ်ရေးအစိုးရကို အကြံပေးရမည်။” ဟူ၍လည်းကောင်း ၊

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ပုဒ်မ ၇ ကို ပြင်ဆင် အစားထိုး ရာတွင် “၇။ အတိုင် ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်တမ်းနှင့်အညီ ဖြစ်သည်။” ဟူ၍လည်းကောင်း CRPH သတင်းထုတ်ပြန်ခဲ့သည်။

Red News Agency

By Editor