Tag: အာဏာသိမ်းနှစ်ပတ်လည်

  • စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ် ယနေ့ည ၈ နာရီ ရန်ကုန်မှာပြုလုပ် 

    စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ် ယနေ့ည ၈ နာရီ ရန်ကုန်မှာပြုလုပ် 

    RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်တပ်အာဏာသိမ်းခဲ့သည့် နှစ်ပတ်လည် ပြည့်မြောက်သည့် နောက်တရက် ပြီးခဲ့သည့်နှစ်ကလည်း စစ်အာဏာရှင်အလိုမရှိကြောင်း သံပုံးတီးခဲ့သလို ယနေ့ည(၈) နာရီမှာလည်း ရန်ကုန်မြို့ မြို့နယ်တချို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ်ကို တကျော့ပြန် လုပ်ဆောင်ခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=t0Bv5-zz9Ik[/embedyt]

    Red News Agency

  • စစ်တပ်အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွားသော ထိခိုက် ကျဆင်းမှုများ

    စစ်တပ်အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွားသော ထိခိုက် ကျဆင်းမှုများ

    ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်။

    အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွား သော ထိခိုက် ကျဆင်းမှုများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုအလုပ်ကော်မတီက ကြေညာချက်တစ်စောင် ယနေ့ ထုတ်ပြန်ခဲ့သည်။

    အာဏာသိမ်းစစ်ကောင်စီသည် အာဏာသိမ်းခဲ့သည့် တစ်နှစ်တာကာလအတွင်း ရဟန်း၊ ရှင်လူ၊တိုင်းရင်းသား၊ ကျောင်းသား၊ ပြည်သူများ၊ CDM များနှင့်အတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်များ၊ ရွေးကောက်တင်မြှောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ပါတီဝင်များကို အဓမ္မဖမ်းဆီးအကျဉ်းချမှုများ၊ ညှဉ်းဆဲသတ်ဖြတ်မှု များစွာလုပ်ဆောင်ခဲ့သည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်းကောက်ယူရေးအဖွဲ့၏ ကောက်ယူရရှိသော စာရင်းများအရ အဖွဲ့ချုပ်အဖွဲ့ဝင်များထဲမှလည်း ဖမ်းဆီးအကျဉ်းချခံရသူစုစုပေါင်း (၆၈၆)ဦးတွင် လွှတ်တော်ကိုယ်စားလှယ် (၁၀၇)ဦးပါဝင်ပြီး၊ ညှင်းပမ်းနှိပ်စက်မှုများနှင့် အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်မှုများကြောင့် ကွယ်လွန်သူ လွှတ်တော်ကိုယ်စားလှယ်(၁)ဦး အပါအဝင်စုစုပေါင်း (၁၄)ဦးရှိခဲ့ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။ (more…)

  • စစ်အာဏာရှင်လက်အောက် မနေလို၍ မိမိကိုယ်ကို မီးရှို့ ဆန္ဒပြသူ သေဆုံး

    စစ်အာဏာရှင်လက်အောက် မနေလို၍ မိမိကိုယ်ကို မီးရှို့ ဆန္ဒပြသူ သေဆုံး

    RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်တပ်အာဏာသိမ်း နှစ်ပတ်လည်နေ့တွင် စစ်အာဏာ ရှင်လက်အောက် မနေလို၍ စစ်အာဏာရှင်ကို အလိုမရှိ ဆန့်ကျင်ကြောင်း မိမိကိုယ်ကို မီးရှို့ ဆန္ဒပြခဲ့သူ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့က ကိုအောင်အောင် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

    ကိုအောင်အောင်သည် စစ်အာဏာရှင်ခေတ် ၂၀၀၁ နှင့် ၂၀၀၂ ခုနှစ်ကို ပြန်မသွားလိုဟုဆိုကာ မိမိကိုယ်မိမိ မီးရှို့ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ယနေ့ နေ့လည်ပိုင်းက ကျောက်ပန်းတောင်းမြို့ EPC ရုံးအနီးတွင် မိမိကိုယ်သက်သေကာ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ၂၄ နာရီလုံး အများပြည်သူများ (မူးရင်း များကို + ဟုရေးထား)သာ မီးလင်းပါစေဟု ဆန္ဒပြု စာရွက်ကို ရေးသားခဲ့ကြောင်း သိရသည်။

    စစ်တပ်အာဏာသိမ်းပြီး တနှစ်အတွင်း ပြည်သူ ၁၅၀၀ ကျော်အသတ်ခံထားရပြီး၊ ထောင်ချီပြီး အကျဉ်းထောင်များတွင် ဖမ်းဆီးထားကြောင်း၊ ပြည်သူများ၏ ကျန်းမာရေး စီးပွားရေး အားလုံး ကျဆင်းနေပြီး အာဏာသိမ်း စစ်တပ်သည် ပြည်တွင်းစစ်ကြီးကို ဖော်ဆောင်နေပြီး သိန်းချီသည့် စစ်ဘေးဒုက္ခသည်များ ရှိနေသလို မြို့လုံးကျွတ်နီးပါး အပါအဝင် ရွာလုံး ကျွတ်မီးရှို့ခံနေကြရပြီး ပြည်သူများ မီးရှို့အသတ်ခံရမှုများပါ ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

    Red News Agency

  • အသံတိတ် သပိတ်ပြုလုပ်နေစဉ် စစ်တပ်ထောက်ခံပွဲ ဗုံးပေါက်ကာ သေဆုံးသူများရှိ

    အသံတိတ် သပိတ်ပြုလုပ်နေစဉ် စစ်တပ်ထောက်ခံပွဲ ဗုံးပေါက်ကာ သေဆုံးသူများရှိ

    RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။

    ဓာတ်ပုံ: ဒေသခံ

    ယနေ့ ကျရောက်သည့် စစ်တပ်အာဏာသိမ်း နှစ်ပတ် လည်နေ့ အများပြည်သူများ အသံတိတ်သပိတ် (Silent Strike) ပြုလုပ်နေကြစဉ် လမ်းပေါ်ထွက်လာသည့် တာချီလိတ်မြို့ အာဏာသိမ်းစစ်တပ်ထောက်ခံသူများ ဗုံးကွဲကွာ အနည်းဆုံးနှစ်ဦး သေဆုံးမှုရှိခဲ့ကြောင်း သိသည်။ (more…)