ပါတီနိုင်ငံရေးမှ လက်နက်ကိုင်တော်လှန်ရေးပါဝင်သူ NLD လူငယ်တဦး လေးကေ့ကော်မှာ တိုက်ပွဲကျ

RNA_ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။

စစ်တပ်အာဏာသိမ်းပြီး ပါတီနိုင်ငံရေးမှ လက်နက်ကိုင်တော်လှန်ရေးကူးပြောင်းပါဝင်လာသူ NLD ပါတီ ရန်ကုန်တိုင်း လူငယ် ကိုဗညား လေးကေ့ကော် တိုက်ပွဲမှာ သူရဲကောင်းပီသစွာ ကျဆုံးသွားခဲ့သည့်အတွက် ဒီဇင်ဘာလ ၁၈ ရက်နေ့က သင်္ဂြိုဟ် ပေးကြောင်း သိရသည်။

KNLA၊PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်နှင့် ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားရာအတွင်း စစ်ကောင်စီတပ် အကျအဆုံးများခဲ့ပြီး၊ စခန်းသိမ်းခံရမှုများရှိကြောင်း၊ KNLAနှင့် NUG ကာကွယ်ရေးဌာန လက်အောက် PDF က ကိုဗညားအပါဝင် ကျဆုံးခဲ့ရသူများကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် (၁၀) ဝန်းကျင်က လေးကေ့ကော်ကို စစ်တပ်က စတင်ဝင်ရောက် ဖမ်းဆီးမှု‌တွေလုပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ် အ‌သေအပျောက်များပြီး စခန်းချထားမှု ဆုတ်ခွါပေးခဲ့ရကြောင်း၊ မကြာမီ ကရင်ပြည်နယ်တွင် ယခုထရ်တိုက်ပွဲပိုမိုပြင်းထန်လာကြောင်း သိရသည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *