Tag: MOD-PDF

  • နယ်ကျွံလာသည့် စစ်ကောင်စီတပ်လက်အောက်ခံ (၂) ဦး ပစ်ခတ်ခံရ

    နယ်ကျွံလာသည့် စစ်ကောင်စီတပ်လက်အောက်ခံ (၂) ဦး ပစ်ခတ်ခံရ

    RNA_မေ(၁၀)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မူးတိမ်ချောင်းတံတားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်လက်အောက်ခံ လက်နက်ကိုင် (၂) ဦး ခင်ဦး-‌ရေဦး ကားလမ်းပေါ်သို့ ယနေ့ နေ့လည် (၁၂) နာရီ ၄၀ မိနစ် ဝန်းကျင်က နယ်ကျွံလာစဉ် ပ.က.ဖနှင့် ပူးပေါင်းတပ်ဖွဲ့ဆို့ ထိတွေ့ ပစ်ခတ်စဉ် စစ်ကောင်စီလက်အောက်ခံ (၂) ဦး သေဆုံးသွားခဲ့သည်။

    ခင်ဦး-ရေဦး ကားလမ်းပေါ်သို့ ရောက်ရှိလာသည့် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် (၂) ဦးနှင့် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် နယ်မြေခံကာကွယ်ရေးအဖွဲ့ (LDF) များနှင့် ထိတွေ့တိုက်ပွဲ (၃) မိနစ်ခန့်သာကြာပြီး သေဆုံးသွားခဲ့ပြီး၊ ကိုင်ဆောင်ခဲ့သော MA 1- ၁လက်၊ AK 47-၁လက်၊ 5.56 ကျည် – ၁၅ တောင့်၊ ကျည်ဘောက် (၃) ခု စသည့် ပစ္စည်းများ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သိမ်းဆည်းနိုင်ခဲ့ကြောင်း ခင်ဦး ပ.က.ဖ ကထုတ်ပြန်ထားသည်။

    #RedNewsAgency

  • ပြည်တော်ဝင်စစ်ချီပြီး အာဏာရှင်စနစ်ဆိုးကို မြေလှန်ခြေမှုန်းကြပါဟုတိုက်တွန်း

    ပြည်တော်ဝင်စစ်ချီပြီး အာဏာရှင်စနစ်ဆိုးကို မြေလှန်ခြေမှုန်းကြပါဟုတိုက်တွန်း

    RNA_မေ(၅)၊၂၀၂၃ ခုနှစ်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF သည် အကြမ်းဖက်စစ်တပ်ကို ရင်ဆိုင်အံတုပြီး နိုင်ပွဲတွေဆက် အောင်ပွဲတွေ ခံနေပြီဖြစ်သည့်အတွက် များမကြာမီကာလအတွင်း ပြည်တော်ဝင် စစ်ချီပြီး အကြမ်းဖက်စစ်တပ်နှင့် အာဏာရှင်စနစ်ဆိုးကို မြေလှန်ခြေမှုန်းကြပါစို့ဟု ယနေ့ ကျရောက်သည့် PDF (၂) ဖွဲ့စည်းခြင်း (၂) နှစ်ပြည့်အတွက် NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – People Defense Force- PDF ဖွဲ့စည်းထူးထောင်ခြင်းသည် ယနေ့ (၂) နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးကြီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အခန်းကဏ္ဍသည် ထိပ်ဆုံးကပါဝင်နေသည်ဟု စသဖြင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

    [embedyt] https://www.youtube.com/watch?v=vuzIkGxypSQ[/embedyt]

    #RedNewsAgency

  • စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်တပ်စိတ်မှူး ရဲဘော်မျိုးမြင့်မြတ် ကျဆုံး

    စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်တပ်စိတ်မှူး ရဲဘော်မျိုးမြင့်မြတ် ကျဆုံး

    RNA_ဧပြီ(၃၀)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အလယ်ပိုင်းတိုင်စစ်ဒေသ(၃)၊ ဒီးမော့ဆို (၁၁၀၂) တပ်ရင်းမှ တပ်စိပ်မှူး ရဲဘော်မျိုးမြင့်မြတ်သည် စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ကျဆုံးသွားခဲ့ရကြောင်း သိရသည်။

    စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲမှု‌ကြောင့် ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီ ၃၀ တွင် တပ်စိပ်မှူး ရဲဘော်မျိုးမြင့်မြတ် ကျဆုံးခဲ့ရကြောင်း၊ ဧပြီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဈာပနအခမ်းအနားပြုလုပ်ခဲ့ပြီး ၂၉ ရက်နေ့ နေ့လည် (၁) ရီတွင် ရေစက်ချ အမျှဝေ တရားနာပြီး ဂူသွင်းသင်္ဂြိုလ်ခဲ့ကြောင်း အလယ်ပိုင်းတိုင်း၊ ဒီးမော့ဆို (၁၁၀၂) တပ်ရင်းမှ ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ် မယ်စိထာ စစ်ဆေးရေးဂိတ် စခန်းအား တိုက်ခိုက်သိမ်းပိုက် 

    စစ်ကောင်စီတပ် မယ်စိထာ စစ်ဆေးရေးဂိတ် စခန်းအား တိုက်ခိုက်သိမ်းပိုက် 

    RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁) နှင့် တပ်မဟာ (၅) ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ်၏ မယ်စိထာ ဂိတ်စခန်းအား ယနေ့ နံနက် (၄) နာရီ (၃၀) မိနစ်ခန့်က စတင်တိုက်ခိုက်ကာ နံနက် (၅) နာရီတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

    မယ်စိထာ ဂိတ်စခန်းသည် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ တပ်မဟာ (၁) နှင့် တပ်မဟာ (၅) ကြားတွင်တည်ရှိကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၅) ဦးသေဆုံးကာ (၁၀) ဦးထွက်ပြေးသွားကြောင်း၊ ပစ္စတို MA 5 (၁)လက်၊ K3 79 (၁)လက်၊ K3 (၃) လက်၊ ကျည်ဘောက် (၂၀) ခု၊ ကျည်ဆံ (၁၅၀၀)တောင့်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ပူးပေါင်း တပ်ဖွဲ့မှ သိမ်းယူနိုင်ခဲ့သည်။

    (more…)

  • စစ်ကောင်စီတပ် ခလရ (၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း သေဆုံး 

    စစ်ကောင်စီတပ် ခလရ (၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း သေဆုံး 

    RNA_ဧပြီ( ၂၃)၊၂၀၂၃ ခုနှစ်။

    ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသရှိ ခလရ (၁၄၇) စခန်းကုန်းကို ဧပြီလ (၂၂) ရက်နေ့ နံနက် (၃)နာရီခန့်တွင် မန္တလေး PDF ရဲဘော်များ တိုက်ခိုက်မှုအပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းရောက်ရှိလာချိန် ကားရပ်မပေးသည့်အတွက် ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရသည်။

     

    “မိမိတို့တပ်ဖွဲ့များ အခြေပြုနေရာ ယူထားရာ နေရာသို့ အိမ်စီးကား(၂) စီး ရောက်ရှိလာရာ အိမ်စီးကားပေါ်တွင် ရန်သူ့တပ် ယူနီဖောင်းဝတ်တဦး ပါလာသဖြင့် တားမြစ်စစ်ဆေးရာ မရပ်ပေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။ Toyota Corolla အိမ်စီးကားတစီး ရပ်တန့်သွားပြီး ကားပေါ်မှ ခလရ(၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းအား သက်သေ ခံပစ္စည်းများ နှင့်တကွ အသေဖမ်းဆီးရရှိခဲ့သည်” ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    (more…)

  • S.O.F အထူးလေးကျင့်ရေးမှတ်တမ်း အပိုင်း (၁)

    S.O.F အထူးလေးကျင့်ရေးမှတ်တမ်း အပိုင်း (၁)

    RNA_ဧပြီ(၃)၊၂၀၂၃ ခုနှစ်။
    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Speclal Operation Force – S.O.F) ၏ အထူးလေ့ကျင့်ရေးမှတ်တမ်း အပိုင်း (၁) ရုပ်သံကို ပြည်သူများထံ တင်ပြထားခြင်းဖြစ်သည်။
    [embedyt] https://www.youtube.com/watch?v=k_CYaDvP_kg[/embedyt]

  • PDF အမှတ်(၁) စစ်ဒေသ သင်တန်းဆင်းပွဲတွင် လက်နက်နှင့် Drone များပေးအပ်

    PDF အမှတ်(၁) စစ်ဒေသ သင်တန်းဆင်းပွဲတွင် လက်နက်နှင့် Drone များပေးအပ်

    RNA_မတ်(၂၉)၊၂၀၂၃ ခုနှစ်။
    ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)အမှတ်(၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှုသင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲဲတွင်ရဲဘော်များကို လက်နက်နှင့် Drone တပ်ဆင်ပေးအပ်ခဲ့ကြောင်း သိရသည်။
    လက်နက်နှင့် Drone စသည်တို့ တပ်ဆင်ပေးအပ်သည့် သင်တန်းဆင်းပွဲကို မတ်လ (၂၇) ရက်နေ့က မကွေးတိုင်းအတွင်း တနေရာတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    (more…)

  • NUG – MOD- PDF တော်ဝင်ဒေါင်းစစ်ကြောင်း ရဲဘော်များ ကျည်အစစ်များအသုံးပြု စစ်ရေးလေ့ကျင့်

    NUG – MOD- PDF တော်ဝင်ဒေါင်းစစ်ကြောင်း ရဲဘော်များ ကျည်အစစ်များအသုံးပြု စစ်ရေးလေ့ကျင့်

    RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂ )စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ​တော်ဝင်ဒေါင်းစစ်ကြောင်းမှရဲဘော်များ ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ယနေ့ ပြည်သူများကို အသိပေးထားသည်။

    စစ်မြေပြင်၌ အထောက်ကူဖြစ်စေရန် တိုက်ပွဲဖော်ဆောင်သည့် ထိတွေ့တိုက်ပွဲငယ်များအတိုင်း လက်တွေ့ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ရှေ့တန်းမထွက်မီ နောက်တန်းတွင် ကျန်ခဲ့သည့် ရဲဘော်များအနေဖြင့် လေ့ကျင့်သားပိုမိုပြည့်ဝစေရန် တိုက်ပွဲပုံစံများဖော်ဆောင်၍ ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လေ့ကျင့်ခဲခြင်းဖြစ်သည်ဟု Royal Peacock Column က ဓာတ်ပုံများနှင့်တကွ အသိပေးထားသည်။ (more…)

  • ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး

    ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး

    ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင်

    RNA_မတ်(၂၁)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆေးမင်းတောရွာအနီးတွင် စစ်ကောင်စီတပ် တပ်မ (၇၇) နောက်ချန် စစ်ကြောင်းအား အနီးကပ်ဝင်တိုက်စဉ် လက်နက်အင်အားမမျှသည့်အတွက် ရဲဘော်များပြန်ဆုတ်နိုင်ရန် ကာပစ်ပေးစဉ် ဂန့်ဂေါခရိုင်တပ်ရင်း (၁၇) Yaw Revolution Army-ထီးလင်း တပ်ခွဲ ၃ မှ တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင် ကျဆုံးခဲ့ရသည်။

    မကွေးတိုင်း၊ ပခုက္ကူ၊ ပေါက်၊ကျောက်ထုလမ်းပိုင်းအတိုင်းဖြတ်သန်းလာသော စစ်ကောင်စီတပ် ယာဥ်တန်းမှ ကား (၃၂) စီး၊ တပ်မ (၇၇ ) နှင့်အခြားတပ်မများပူးပေါင်းထားသောစခအင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းတို့မှ နောက်ချန်အင်အားကို မတ်လ (၁၈) ရက်နေ့က ဂန့်ဂေါခရိုင်တပ်ရင်း (၁၇) Yaw Revolution Army-ထီးလင်း တပ်ခွဲ ၃ မှအနီးကပ် ဝင်တိုက်ခိုက်ခဲ့ကြစဉ် စစ်ကောင်စီတပ်ဘက်မှ အသေအဆုံးရှိပြီး အင်အားအများအပြားဖြင့် တိုက်ခိုက်ခံရစဉ်တပ်ဆုတ်နိုင်ရန် ကာပစ်ပေးရင်း တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင် ကျဆုံးခဲ့ရခြင်းဖြစ်သည်။

    (more…)

  • အထူးစစ်ဆင်ရေးတပ်ဖွဲ့ စနိုက်ပါ (လက်ဖြောင့်) ရဲ‌ဘော်များ တိုက်ပွဲဝင်နေ

    အထူးစစ်ဆင်ရေးတပ်ဖွဲ့ စနိုက်ပါ (လက်ဖြောင့်) ရဲ‌ဘော်များ တိုက်ပွဲဝင်နေ

    RNA_မတ်(၇)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းတိုင်း စစ်ဒေသ တပ်မဟာနယ်မြေများအတွင်း စစ်ကောင်စီတပ်ကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ စနိုက်ပါ (လက်ဖြောင့်) ရဲဘော်များ တိုက်ခိုက်နေကြောင်း သိရသည်။

    “S.O.F Snipers” လက်ဖြောင့် ရဲဘော်များကို KNU တပ်မဟာ ၆၊ တပ်ရင်း ၁၈မှ စနိုက်ပါသင်တန်းဆရာများနှင့် အမေရိကန် မရိန်းသင်တန်းဆရာ ( မရိန်းတပ်ဖွဲ့ဝင်ဟောင်း) မျ အဆင့်ဆင့်အနီးကပ် လေ့ကျင့်သင်ကြားပေးထားသည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.Fက အသိပေးထားသည်။

    (more…)