Tag: MOD-PDF

  • တပ်ဖွဲ့ဝင် ၂၅၁ ယောက်ရှိသည့် NUG အသိအမှတ်ပြု တပ်ရင်းမှာ သိန်း (၄၀၀) အကြွေးတင်နေ

    တပ်ဖွဲ့ဝင် ၂၅၁ ယောက်ရှိသည့် NUG အသိအမှတ်ပြု တပ်ရင်းမှာ သိန်း (၄၀၀) အကြွေးတင်နေ

    RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် ယင်းမာပင်ခရိုင် တပ်ရင်း (၁၇) B.21 Kani -PDF မှာ လက်နက်ဝယ်ယူထားသည့်အတွက် သိန်း (၄၀၀) အကြွေးတင်နေသည်ဟု ယနေ့ ပြည်သူများကို အသိပေးထားသည်။

    တပ်ဖွဲ့ဝင် (၂၅၁) ဦးရှိသည့် B.21 Kani PDF တွင် NUG မှ လက်နက် (၁) လက်မှမရှိသေးကြောင်း၊ M4 A1 (၂) လက် အကြွေးနှင့်ဝယ်ထားသည့်အတွက် သိန်း (၄၀၀) အကြွေးတင်နေကြောင်း၊ တပ်ဖွဲ့ဝင်များ၏ စားသောက်နေထိုင်ရေးကို ဒေသခံ ရွာများမှ ကူညီနေကြောင်း သိရသည်။

    (more…)

  • အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့သည့် အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ

    အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့သည့် အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ

    RNA_ဖေဖော်ဝါရီ (၁၂)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ – NUG တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် – ၄ သင်တန်းဆင်းပွဲအား KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပခဲ့ရာ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

    ” သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးချုပ်နှင့် စစ်တိုင်းတာဝန်ခံများ၊ ဌာနအသီးသီးမှတာဝန်ရှိသူများ၊ နယ်မြေခံ ERO မဟာမိတ်ခေါင်းဆောင်များ၊ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြသည်” ဟု NUG – MOHAI က ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • မြေကွက်ရောင်းပြီး သေနတ်အစစ်ဝယ်ခဲ့သည့် တွေ့ရာသင်္ချိင်း ဓားမဆိုင်းပြောကျားတပ်ဖွဲ့

    မြေကွက်ရောင်းပြီး သေနတ်အစစ်ဝယ်ခဲ့သည့် တွေ့ရာသင်္ချိင်း ဓားမဆိုင်းပြောကျားတပ်ဖွဲ့

    RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၂ ခုနှစ်။

    မြေပြင်တိုက်ပွဲဝင်နေသည့် စစ်ကိုင်းတိုင်းက တွေ့ရာသင်္ချိင်း ဓားမဆိုင်းပြောကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က တပ်ဖွဲ့အတွက် မိခင်ကိုအိမ်ဆောက်ပေးမည့် မြေကွက်ရောင်းပြီး သေနတ်တလက်ဝယ်ယူခဲ့ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=rA5CDOovs4A[/embedyt]

    မြေကွက်ရောင်းပြီး သိန်း ၂၂၀ တန် M4 သေနတ် တလက်ဝယ်ယူခဲ့ကြောင်း၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်‌မတော် တပ်ရင်း (၄)၊ ယင်းမာပင်ခရိုင် အမှတ်-၂၈ တွေ့ရာသင်္ချိုင်းဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့ အနေဖြင့် တာဝန်ထမ်းဆောင်နေပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

    #RedNewsAgency

  • စစ်ရုံးချုပ်များ ရှိနေပြီဖြစ်သည့်အတွက် စစ်ဆင်ရေးများ ပိုမိုအောင်မြင်လာမည်

    စစ်ရုံးချုပ်များ ရှိနေပြီဖြစ်သည့်အတွက် စစ်ဆင်ရေးများ ပိုမိုအောင်မြင်လာမည်

    စစ်တိုင်းသုံးခုမှာ စစ်ရုံးချုပ်များ ရှိနေပြီဖြစ်သည့်အတွက် စစ်ဆင်ရေးများ ပိုမိုအောင်မြင်လာမည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော
     
    RNA_ဒီဇင်ဘာ(၈)၊၂၀၂၂ ခုနှစ်။
     
    မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်းတို့တွင် စစ်ရုံးချုပ်များ ရှိလာပြီဖြစ်သည့်အတွက် စစ်ဆင်ရေးများ ပိုမိုအောင်မြင်လာမည်ဖြစ်ပြီး Chain of Command ( အမိန့်ပေးစနစ်ယန္တရား) တည်ဆောက်မှု စနစ်တကျရှိလာပြီဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးရည်မွန်က ပြောသည်။
     
    NUG ကာကွယ်ရေးဝန်ကြီးဌာနတွင် စစ်ဆင်ရေးဌာန၊ စစ်ထောက်လှမ်း ရေးဌာန၊ စစ်ရေးဌာန၊ စစ်ထောက်ဌာနနှင့် ပြည်သူ့လုံခြုံရေးဌာနတို့ဖြင့် လုပ်ဆောင်နေကြောင်း၊ ပြည်သူနှင့်ပူးပေါင်းလာသည့် တပ်မတော်သားများအနေဖြင့်လည်း ကျွမ်းကျင်မှုနှင့်အတွေ့အကြုံပေါ်မူတည်ပြီး သက်ဆိုင်ရာဌာနခွဲများတွင် တာဝန်ထမ်းဆောင်နေကြောင်း စသည်တို့ကို ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ဒီဇင်ဘာလ ၇ ရက်နေ့ NUG ရေဒီယို အသံလွှင့်အစီအစဉ်ကနေ ပြောကြားလိုက်ခြင်း ဖြစ်သည်။
     
    “ PDF စစ်ရုံးချုပ် ထူထောင်နိုင်ပြီဖြစ်တဲ့အတွက် ငါတို့ တပ်မတော်ရဲ့ Chain of Command တည်ဆောက်မှုဟာ ပိုပြီး စနစ်တကျရှိလာပြီလို့ ဆိုရမယ်၊ စစ်ရေးအတွေ့အကြုံရှိပြီးသား ခေါင်းဆောင်များရဲ့ ဦးဆောင်မှုနဲ့ ဆင်နွှဲတဲ့ စစ်ဆင်ရေးအစီအစဉ်တွေဟာ ရှေ့မှာပိုပြီး ဗျူဟာမြောက် ပိုပြီးထိရောက် အောင်မြင်မှုရှိလိမ့်မယ်လို့ ငါတို့ယုံကြည်တယ်” ဟု ဦးရည်မွန်က ပြောကြားထားသည်။

    (more…)

  • ကွန်မန်ဒိုသင်တန်းဆင်းပွဲသို့ တောင်ပိုင်းစစ်ဒေသတာဝန်ခံ ဦးလွင်ကိုလတ်တက်ရောက်

    ကွန်မန်ဒိုသင်တန်းဆင်းပွဲသို့ တောင်ပိုင်းစစ်ဒေသတာဝန်ခံ ဦးလွင်ကိုလတ်တက်ရောက်

    RNA_အောက်တိုဘာ(၃)၊၂၀၂၂ခုနှစ်။

    တောင်ပိုင်းစစ်ဒေသအတွင်းရှိ ကွန်မန်ဒိုသင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တောင်ပိုင်းစစ်ဒေသတာဝန်ခံ ဦးလွင်ကိုလတ် တက်ရောက်ခဲ့သည်။

    တော်လှန်ရေးနယ်မြေတစ်ခုတွင် (၆)လကြာ ကွန်မန်ဒိုသင်တန်းဆင်းပွဲကို ယမန်နေ့ ( နိုဝင်ဘာ ၂ ရက်) ကကျင်းပခဲ့ကြောင်း၊ ဦးလွင်ကိုလတ်တက်ရောက်ပြီး အမှာစကားပြောကြားကာ ရဲဘော်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသသတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

    (more…)

  • တစ်ခွန်းပြောမယ်ဗျာ မင်းအောင်လှိုင်တပ်က တပ်ပျက်နေပြီ ဒါက ကျွန်တော်တို့ရဲ့ အောင်မြင်မှုပဲ

    တစ်ခွန်းပြောမယ်ဗျာ မင်းအောင်လှိုင်တပ်က တပ်ပျက်နေပြီ ဒါက ကျွန်တော်တို့ရဲ့ အောင်မြင်မှုပဲ

    ” စစ်ကောင်စီက ကျွန်တော်တို့ကို အမြစ်ဖြတ်ဖို့ မနှစ်ကတည်းက ကြိုးစားနေခဲ့တာ၊ သူတို့တွေ ထိထိရောက်ရောက်ဘာမှ မလုပ်နိုင်ဘူး၊ ကျွန်တော်တို့ တစ်နေ့ထက်တစ်နေ့ နေရာတွေ ထပ်တိုးပြီး တပ်တွေဖြန့်ထားနိုင်လာပါပြီ။ မကြာခင်လိုချင်တဲ့ အောင်ပွဲမျိုးကိုလည်း ယူဆောင်ဖို့ ကြိုးစားနေပါတယ်”  

    *****************************

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်းကြီးဌာနလက်အောက် တပ်မဟာ (၇)၊ တပ်ရင်း ၇၀၃၊ ဒု-တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်အောင်ကို နွေဦးတော်လှန်ရေးနှင့်ပတ်သက်ပြီး စစ်ရေး နိုင်ငံရေး အခြေအနေများကို Red News Agency သတင်းဌာနက မေးမြန်းထားတာ ဖြစ်ပါတယ်။

    RNA ။ ဗိုလ်မှူးအနေနဲ့ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်မှရမယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်ရှိပါ့သလားခင်ဗျာ၊ လက်နက်ကိုင်တိုက်ပွဲက ဘယ်လောက်ရှည်ကြာနိုင်မလဲ လက်နက်ကိုင်တိုက်ပွဲရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲ သိချင်ပါတယ်ခင်ဗျာ။

    TZA ။ တော်လှန်ရေးတစ်ခုမှာ စစ်ရေးနဲ့ နိုင်ငံရေးမျှခြေရှိပါတယ်။ ဒီနှစ်ခုက ဆုံမှတ်ရောက်သွားရင် တော်လှန်ရေးက အောင်ကို အောင်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲက ဘယ်လောက်ရှည်ကြာမလဲဆိုတာ ပြည်သူလူထုပါဝင်မှုအပေါ်မှာ အများကြီး မူတည်ပါတယ်။ ပြည်သူလူထုကိုယ်တိုင်က လက်နက်ကိုင်တော်လှန်ကို ရွေးချယ်ခဲ့တာ။ အခုချိန်ထိလည်း ပြည်သူလူထုကြီး တောင့်ခံပြီး အာဏာရှင်ကို တွန်းလှန်နေဆဲပါ။ ဒါကြောင့် ဒီတော်လှန်ရေးက နိုင်ကို နိုင်ရမယ်။

    (more…)

  • DMO-PDF တပ်ရင်း (j) တပ်သားသစ် အခြေ​ခံစစ်သင်တန်း​ ပြီးဆုံး

    DMO-PDF တပ်ရင်း (j) တပ်သားသစ် အခြေ​ခံစစ်သင်တန်း​ ပြီးဆုံး

    RNA_ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။

    အမျိုးသားညီညွတ်​ရေးအစိုးရ လမ်းညွှန်မှု​အောက်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF) တပ်ရင်း (j) တပ်သားသစ် အခြေ​ခံစစ်သင်တန်း​ကို ယနေ့တွင် အောင်မြင်စွာပြီးဆုံးကြောင်း ဓာတ်ပုံများနှင့်တကွ DMO-PDF ထုတ်ပြန်ထားသည်။

    Red News Agency