သရက်တော ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေ၊ PDF ရဲဘော် ၃ ဦးကျဆုံး

RNA_မေ(၁၃)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ သရက်တောရဲစခန်းကို PDFများ မေလ (၁၀) ရက်နေ့ နံနက် (၃) နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေပြီး၊ PDF (၃) ဦးကျဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

သရက်တောရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးခရိုင် အမှတ်(၁) တပ်ရင်း၊ မကွေးတိုင်း ကွပ်ကဲရေးအဖွဲ့နှင့် မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း ပူးပေါင်းစစ်ကြောင်းက စစ်ကြောင်းလေးကြောင်းခွဲကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စခန်းသိမ်း တိုက်ပွဲအတွင်း အရာရှိအခန်း ၊ တခြားအခန်း ၊ အသုံးအဆောင်ပစ္စည်းများနှင့် ဆိုင်ကယ် ၆ စီးကျော် မီးရှို့ခဲ့ပြီးချိန် RC နှစ်ထပ်တိုက် အပေါ် ထပ်သို့ ဝင်ရောက်ရှင်းလင်းချိန် အခန်းထောင့်တွင်ကျန်နေသော ရန်သူနှင့် ထိတွေ့မှု ဖြစ်ခဲ့ပြီး မိမိဘက်မှ ရဲဘော် (၃)ဦးကျဆုံးကာ (၇)ယောက်ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကြောင်းများဖြန့်ကာ ရဲစခန်းအား စနစ်တကျတိုက်ခိုက်ခဲ့သည့်အတွက် ရန်သူ့ဘက်မှ (၁၂)ဦး သေဆုံးပြီး၊ G3 (၁) လက် ၊ကျည်ဘောက် (၂)ခု G3 ကျည် (၁၅)တောင့် ၊ Dell လက်တော့ (၁)လုံး ၊ USB Memory Stick (၂)ခု ၊ ဖုန်းလိုင်းဖြတ် Jammer ၁ခု၊ စကားပြောစက် Antenna (၂) ချောင်း၊ Equipment (၂)ခု ၊စစ်ဖိနပ် (၁)ရံ၊ ဘဏ်စာအုပ် (၁)အုပ် ၊ ပိုက်ဆံအိတ် (၂)လုံး၊ ဒုရဲအုပ် မှတ်ပုံတင်နှင့် ရဲလက်မှတ်၊ ငွေ (၇၀,၅၀၀ )ကျပ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး၊ စခန်းကို အောင်မြင်စွာ သိမ်းယူမီးရှို့ နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor