ဒဏ်ရာရရှိခဲ့သော ရဲဘော်(၂)ဦးအား ကယ်ဆယ်ရင်း အသက်(၂၁) အရွယ် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရ

RNA_ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီး၊ ရွှေယောက်ရပ်ကွက်တွင် ကင်းပုန်းဝပ်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လည် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်က တိုက်ပွဲတွင်ဒဏ်ရာရရှိခဲ့သော ရဲဘော်(၂)ဦးအား ကယ်ဆယ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို ( DMO-PDF) က အသက် (၂၁) အရွယ် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီတပ် ကင်းပုန်းကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုနှင့် ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေချိန် ဒဏ်ရာရရှိသူများကို ကယ်ထုတ်နေစဉ် စစ်ကောင်စီဘက်က စနိုက်ဘာဖြင့် ပစ်ခတ်သည့်အတွက် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရခြင်းအတွက် မိသားစုများနှင့် ထပ်တူဝမ်းနည်း ကြေကွဲရကြောင်း၊ တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားခဲ့သော ရဲဘော် မောင်အယ်လ်ဖောင်းရှိုသည် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)မှ ပြည်သူ့သူရဲကောင်းအဖြစ် အလေးနီပြု မှတ်တမ်းတင်အပ်ပါသည်ဟု DMO-PDF ယနေ့ ထုတ်ပြန်ထားသည်။

ကရင်နီပြည် ( ကယား) ဒီးမာ့ဆို၊ လွိုင်ကော်စသည့် မြို့နယ်များတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် KNDF၊ KA၊ KDZ Army ၊ KPDFစသည့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များက အကြမ်းဖက် စစ်ကောင်စီတပ်ကို အသက်စွန့် တိုက်ခိုက် နေကြကြောင်း၊ စစ်ကောင်စီတပ် အသေအဆုံးများသည့်အလက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တချို့ ကြဆုံးရပြီး တသိန်းကျော် စစ်ဘေးရှောင် နေကြရ ကြောင်း သိရသည်။

Red News Agency

By Editor

One thought on “ဒဏ်ရာရရှိခဲ့သော ရဲဘော်(၂)ဦးအား ကယ်ဆယ်ရင်း အသက်(၂၁) အရွယ် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရ”

Leave a Reply

Your email address will not be published. Required fields are marked *