မိုးဗြဲတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂၀ ဝန်းကျင်အထိ ကျဆုံးနိုင်

RNA_ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။

ယနေ့ တိုက်ပွဲပြင်းထန်ခဲ့သည့် မိုးဗြဲမြို့တိုက်ပွဲတွင် ရှေ့တန်းရောက် ဒေါက်တာစွမ်းထက်အောင်နှင့် မိုးဗြဲ PDF ရဲဘော် မောင်မိုးနိုင်အပါအဝင် ၂၀ ဦးဝန်းကျင်အထိ ကျဆုံးမှုရှိနိုင်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က နံနက်ပိုင်း အထိနာပြီး သံချပ်ကာ အမြှောက်ကား (တင့်ကား)၊ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး ညနေ (၆) နာရီဝန်းကျင်က လေကြောင်းမှ (၈) ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သားများ အထိနာ အကျအဆုံးများခဲ့ရခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ် တင့်ကားတစီး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

” ယနေ့ မိုးဗြဲတိုက်ပွဲမှာ တော်လှန်ရေး အာဇာနည်သူရဲကောင်း များစွာ ကျဆုံး ခဲ့ပါတယ် ။ တချို့ dead body ပြန်မရတာတွေလည်းရှိပါတယ်။ ထိုအထဲတွင် ကျွန်ုပ်တို့ Dove KK အထူးဆေးတပ်သားသင်တန်း အပတ်စဉ် (၁)မှ ဆေးတပ်သားရဲဘော် မောင်မြတ်မင်းခန့် (GZ 21 loikaw ) ၊ တော်လှန်ရေး ကာလမှ ခင်မင်ခွင့်ရပြီး ဆေးဘက်ဆိုင်ရာ လမ်းညွှန်သင်ကြားပေးခဲ့ဖူးသူ ဆရာ Dr.စွမ်းထက်အောင် အပါအဝင် တော်လှန်ရေး ညီအစ်ကိုများလဲ ရှေ့တန်း တိုက်ပွဲမှာ ကျဆုံးခဲ့ရပါတယ်” ဟု မိုးဗြဲတိုက်ပွဲ ရှေ့တန်းရောက် Dove KK အဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ် လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်မှုကြောင့် မိုးဗြဲဒေသခံ ပြည်သူ ထောင်ချီအိုးအိမ်စွန့်ခွါနေကြရကြောင်း၊ လက်နက်ကြီးထိမှန်သည့် ပြည်သူများလည်းရှိကြောင်း၊ ယနေ့ ကျဆုံး ပြည်သူ့ရဲဘော်များ၏ dead body ပြန်မရသေးသည့်အတွက် အတိအကျ ကျဆုံးစာရင်း အတည်ပြုနိုင်ခြင်း မရှိကြသေးကြောင်းသိရသည်။

Red News Agency

By Editor