ဒီးမော့ဆိုမှာ (၂) ရက်အတွင်း စစ်ကောင်စီတပ်က (၈၀) ဝန်းကျင် သေဆုံး

RNA_မတ်၇၊၂၀၂၂ခုနှစ်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာ အုပ်စု၊ ဘုရားငုတ်တိုကျေးရွာ ကျောက်ဆည်ကန် တွင် ထိုးစစ်ဆင်လာခဲ့သော စစ်ကောင်စီတပ်ကို ဒေသခံကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ရာ (၂) ရက်အတွင်း စစ်ကောင်စီတပ်က (၈၀) ဝန်းကျင်သေဆုံးကာ (၂) ဦးဖမ်းခံခဲ့ရကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

မတ်လ ၅ရက်နှင့် ၆ ရက်တိုက်ပွဲမှာ စစ်ကောင်စီတပ်အထိနာကာ (၈၀) ဝန်းကျင်သေဆုံးပြီး အရှင် တပ် သား (၂) ဦးဖမ်းခံရကာ လက်နက်များ သိမ်းဆည်းရမိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-local PDF)၊ လွိုင်ကော်(PDF) ဖယ်ခုံ(PDF)၊ မိုးဗြဲ(PDF) ၊ CTU နည်းပညာလက်ရုံးရေးတပ်၊ အလယ်ပိုင်းတိုင်းအထူးစစ် ဆင်ရေးနှင့် အခြားတော်လှန်ရေးတပ်များပူးပေါင်းကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ကြကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဗိုးဗြဲတိုက်ပွဲက စပြီး စစ်ကောင်စီတပ်က တာဝေးပစ် လက်နက်ကြီး၊ လေယာဉ်၊ မြေပြင်ထိုးစစ်ဆင်လာခဲ့ပြီး ယခု ဒီးမော့ဆို မြို့နယ်အတွင်း စစ်ကောင်းများရောက်ရှိလာကြောင်း၊ ဖေဖော်ဝါရီလ အတွင်းက စစ်ကောင်စီတပ် မြေမြင်မှာ တင့်ကားများပါ ဖျက်ဆီးခံရပြီး အကျ အဆုံးများခဲ့သလို ဒေသကွာကွယ်ရေးတပ်ဖွဲ့ကလည်း အကျအဆုံးများခဲ့သည်။

မြေပြက်အနေအထားအရ စစ်ကောင်စီတပ်က လက်နက် ကြီး ပစ်ကူယူပြီး တိုက်ခိုက်သော်လည်း အကျအဆုံးများသည့်အတွက် လေယာဉ်ပစ်ကူကြောင့်သာ ယခုလောက် ကျဆုံးနေရခြင်းဖြစ်ကြောင်း၊ လေယာဉ်ပစ်ကူ မရှိပါက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နောက်ဆုတ်စရာမရှိ အနိုင်တိုက်ခိုက်နိုင်ကြကြောင်း၊ ယခု အခြေအနေအထိ နယ်မြေစိုးမိုးမှုမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အားသာနေပြီး ယမန်နေ့တိုက်ပွဲမှာ စစ်ကောင်စီတပ် ဆုခွါပြေးခဲ့ရကြောင်း၊ ညပိုင်း လေယာဉ်နှင့် ဒီးမော့ဆိုတဝိုက်ကင်းထောက်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေ့သည့် ကရင်နီပြည်နှင့်ရှမ်းပြည် နယ်အစပ်၊ ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုနှင့် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူများ သေဆုံးမှုရှိကြောင်း၊ ကျေးရွာနှင့်မြို့ပြကို စွန်ခွါကာ စစ်ဘေးရှောင်နေကြရသူ သိန်းချီရှိနေကြောင်း သိရသည်။

Red News Agency

By Editor