အကြမ်းဖက်စစ်တပ်က ရမ်းကားပစ်ခတ်မူကြောင့် သန်လျင်မှာ အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံး

RNA_ဖေဖော်ဝါရီ ၁ ရက်၊၂၀၂၂ခုနှစ်။

ယနေ့ည ၈နာရီ၁၀မိနစ်ခန့်တွင် သန်လျင်မြို့ဗဟိုကျောင်းအရှေ့တွင် အကြမ်းဖက်စစ်တပ်က ရမ်းကားပစ်ခတ်မူကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးသွား​ကြောင်း သိရသည်။

သိမ်ကျောင်းလမ်း၊ ဗဟိုကျောင်း ရှေ့အနီးမှစစ်ဆေးနေသော အကြမ်းဖက်စစ်တပ်မှ သန်လျင်စျေးနာရီစင်ကနေ တစ်ဦးတည်းဆိုင်ကယ်မောင်း နှင်းလာသော ဟံသာဝတီလမ်းနေ အပြစ်မဲ့ပြည်သူ ကိုဇော်နိုင်ကို အကြမ်းဖက်စစ်တပ်မှ သေနတ်ဖြင့် ၇ချက်ခန့်ပစ်ခတ်ခဲ့သည့်အတွက် ကိုဇော်နိုင်မှာ ဗိုက်တစ်ချက်၊နားထင်ကိုတစ်ချက်ထိမှန်ပြီး အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ကြောင်း 𝐓𝐡𝐚𝐧𝐥𝐲𝐢𝐧 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧𝐬 ကသတင်း ထုတ်ပြန်ထားသည်။

ထိုပစ်ခတ်မူမတိုင်မီ အကြမ်းဖက်စစ်တပ်သည် ရေတပ်ကစစ်သားများဖြစ်ပြီး ဟံသာဝတီလမ်းထိပ်အနီးတွင် စစ်ဆေးနေကြောင်း၊ ထိုရေတပ် စစ်သားများ အရက်အလွန်အကျွံမူးနေကြောင်း၊ တချို့ဆိုင်ကယ်စီးလာသူများအား အင်္ကျီ ချွတ်ခိုင်းကာ စစ်သည်အထိပင် ပြုလုပ်နေကြောင်း ဖြစ်စဥ်ကိုမြင်တွေခဲ့ရသူတစ်ဦးပြောသည်။

ဓာတ်ပုံ: အကြမ်းဖက်စစ်တပ်မှမတရားပစ်သတ်ခဲ့သောအပြစ်မဲ့ပြည်သူ့ကိုဇော်နိုင်

” ကိုဇော်နိုင်က ဆိုင်ကယ်နဲ့ စျေးအဝိုင်းထိပ်ကနေ သူနေအိမ်ကိုပြန်ဖို့ လာတဲ့လမ်းမှာ အကြမ်းဖက်စစ်တပ်က စစ်ဆေးနေတဲ့နေရာကိုကျော်ပြီး ဟံသာဝတီလမ်းထဲကိုဝင်တဲ့အချိန် ပင်လယ်စာရောင်းတဲ့ဆိုင်နားအရောက်မှာ အကြမ်းဖက်စစ်တပ်မှ အနောက်ကနေ ပစ်သတ်ခဲ့တာ” ဟူ၍ အဆိုပါ ဖြစ်စဥ်ကို မြင်တွေခဲ့ရသူက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ကိုဇော်နိုင်ကို ပစ်သတ်ပြီးနောက် ၎င်းတို့ပစ်ခဲ့သည့်နေရာအနီးတစ်ဝိုက်တွင် ကျည်ဆံခွံများကို အသဲသန် အချိန်ကြာသည်အထိ လိုက်ရှာနေခဲ့ကြောင်း၊ ထို့နောက် ကိုဇော်နိုင်၏အလောင်းကိုတော့အကြမ်းဖက်စစ်တပ်မှသန်လျင်ဆေးရုံးသို့ယူဆောင်သွားကြောင်း 𝐓𝐡𝐚𝐧𝐥𝐲𝐢𝐧 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧𝐬 က သတင်းထုတ်ပြန်ထားသည်။

Red News Agency

By Editor