ယနေ့ ရွှေကုက္ကို တိုက်ပွဲတွင် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ကျောင်းသား စောသန့်အေဗယ် ကျဆုံး

Written by

in

RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ စစ်ကောင်စီတပ်နှင့် BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကို မြို့သစ်ကို တော်လှန်ရေး အင်အားစုများ ယနေ့ဝင်တိုက်ခိုက်ရာ နှစ်ဖက်အကျအဆုံးရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဖက်မှ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ကျောင်းသား ရဲဘော်စောသန့်အေဗယ် ကျဆုံးသည့်အထဲ ပါဝင်ခဲ့ကြောင်း သိရသည်။

“ဒီနေ့ ရွှေကုက္ကို ဝင်တိုက်ကျတယ်၊ နှစ်ဖက်အကျအဆုံးရှိတယ်၊ စစ်ကောင်စီဘက်က အသေတော့ များတယ်၊ မနက်ပိုင်းမှာပဲ ရဲဘော်စောသန့်အေဗယ်တို့ရှေ့ လက်နက်ကြီးကျတာ အဲမှာတင် နှစ်ယောက် အနည်းဆုံးကျသွားတယ်လို့ သိရတယ်၊ ကျနော်တို့နဲ့ လုပ်ဖော်ကိုင်ဘက် ရဲဘော်ပါ တော်တော်စိတ်မကောင်း ဖြစ်ရတယ်ဗျာ ” ဟု ရဲဘော်စောသန့်အေဗယ်၏ မိတ်ဆွေ ရဲဘော်တဦးက Red News Agency ကိုပြောသည်။

Lion Battalion Commando ဗျူဟာစစ်ကြောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ကျောင်းသားရဲဘော်ဖြစ်သည့်အပြင် Myanmar Student Christian Movement တွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းသားကော်မတီဝင် Media Chair ဖြစ်ကြောင်း သိရသည်။

#RedNewsAgency