Tag: မောင်တော

  • ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့သည့်စစ်ကောင်စီကို နိုင်ငံတကာမှ အရေးယူနိုင်မည်လား

    ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့သည့်စစ်ကောင်စီကို နိုင်ငံတကာမှ အရေးယူနိုင်မည်လား

    ရိုဟင်ဂျာလူမျိုးသောင်းဂဏာန်အထိသတ်ဖြတ်ခံခဲ့ရပြီးရိုဟင်ဂျာကျေးရွာပေါင်းလေးရာနီးပါးအထိ မီးရှို့ဖျက်ဆီးခံခဲ့ကြရပြီးနိုင်ငံတကာစစ်တမ်းများအရ ရိုဟင်ဂျာအမျိုးသမီးနှင့် မိန်းကလေးငယ်ပေါင်း ၁၈,၀၀၀သည် အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံမှုများနှင့်အခြားသောလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကျူးလွန်ခဲ့ပြီးအနည်းဆုံး ရိုဟင်ဂျာလူမျိုး၂၅,၀၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ကြရသည်

    BNA(Anailysis)

    မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လက်ထက်တွင် မြန်မာပြည်အနောက်ဖက်နယ်စပ်၌ လူမျိုးတုံးသတ်ဖြတ်မှုများဖြစ်ပေါ်ခဲ့သည်။

    အဆိုပါဖြစ်စဥ်သည် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏အပြီးသတ်အစီရင်ခံစာထုတ်ပြန် သောသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၄ ရက်နေ့ညတွင် စတင်ခဲ့ခြင်းဖြစ်သည်။

    ထိုမောင်တော၊ဘူးသီးတောင်၊ရသေ့တောင်သုံးမြို့နယ်ရှိ မြန်မာစစ်တပ်၏ နယ်ခြားစောင့်ရဲကင်းစခန်း ၃၀ ကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဖြစ်သည့် အာဆာအကြမ်း ဖက်အဖွဲ့က တပြိုင်နက်တည်းဝင်တိုက် သည်ကို အကြမ်းဖက်နှိမ်နင်းရေးပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာအစိုးရက ဆိုထားသည်။

    (more…)

  • ဘေးရှောင်များ၏ စပါးခင်းများကို AA ရိတ်သိမ်းပေး

    ဘေးရှောင်များ၏ စပါးခင်းများကို AA ရိတ်သိမ်းပေး

    စစ်ကောင်စီတပ်နှင့် ယာယီအပစ်ရပ်ပြီးနောက် စစ်ဘေးရှောင်များ၏ စပါးခင်းများကို AA ရိတ်သိမ်းပေး

    RNA_ဒီဇင်ဘာ(၁)၊၂၀၂၂ခုနှစ်။

    စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့မှစ ယာယီအပစ်ရပ်ပြီးနောက် စစ်ဘေးရှောင် ပြည်သူများ၏ စပါးခင်းများ အချိန်မီ ရိတ်သိမ်းရန် အရေးတကြီး ချက်ချင်းလိုအပ်နေသည့် အတွက် ရက္ခိုင့်တပ်တော်- AA စစ်သည်များနှင့် ULA အဖွဲ့ဝင်များမှ စပါးခင်းပိုင်ရှင်များကိုယ်စား ရိတ်သိမ်းပေးနေကြောင်း သိရသည်။

    (more…)

  • AAနှင့်တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေ

    AAနှင့်တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေ

    AAနှင့်တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    RNA_နိုဝင်ဘာ(၁၉)၊၂၀၂၂ခုနှစ်။

    ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်း၊ ဝက်ကျိန်းအပြင်ရွာ မြောက်ဖက် မီတာ (၈၀၀) ခန့်အကွာရှိ ရက္ခိုင့်တပ်တော် – AA နှင့် စစ်ကောင်စီတပ် တပ်မ (၇၇) လက်အောက်ခံ၊ ခမရ (၁၀၅) တပ်ရင်းတို့ နိုဝင်ဘာလ (၁၈) ရက်နေ့ နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီအထိ တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။

    (more…)

  • ကလေးကင်ပွန်းတပ်ပွဲကျင်းပနေစဉ် စကစ လက်နက်ကြီးကြောင့် ပြည်သူ ၁၁ ဦးသေဆုံး

    ကလေးကင်ပွန်းတပ်ပွဲကျင်းပနေစဉ် စကစ လက်နက်ကြီးကြောင့် ပြည်သူ ၁၁ ဦးသေဆုံး

    RNA_နိုဝင်ဘာ(၁၇)၊၂၀၂၂ ခုနှစ်။
     
    ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံ(အုပ်စု)၊ ဂြစ်ချောင်းကျေးရွာအတွင်း၌ နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၁ နာရီ ဝန်းကျင်ကကလေးကင်ပွန်းတပ် (အမည်ပေး) ပွဲ ကျင်းပနေစဉ် မောင်တောမြို့နယ် စစ်ကောင်စီတပ် နခခ(၇)မှ လက်နက်ကြီးပစ်ခတ်သည့်အတွက် အသက် (၅) နှစ် ၆ နှစ်အရွယ် ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ၁၁ ဦးနေရာတွင် သေဆုံးကာ (၂၀) ကျော်ဒဏ်ရာရရှိကြောင်း သိရသည်။
     
    နိုဝင်ဘာလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၁၄) ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ရက္ခိုင့်တပ်မတော် – AA က ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ်နှင့်AAတို့ ဖြစ်ပွားနေသည့်တိုက်ပွဲ (၅) ရက်မှာ စစ်ကောင်စီဘက်က (၂၄) ဦးသေဆုံး

    စစ်ကောင်စီတပ်နှင့်AAတို့ ဖြစ်ပွားနေသည့်တိုက်ပွဲ (၅) ရက်မှာ စစ်ကောင်စီဘက်က (၂၄) ဦးသေဆုံး

    RNA_နိုဝင်ဘာ (၂)၊၂၀၂၂ ခုနှစ်။
     
    ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မောင်တောမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် – AA နှင့် အောက်တိုဘာလ ၂၆ ၊ ၂၇၊ ၂၉၊ ၃၁ ရက်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က (၂၄) ဦးသေဆုံးကာ ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းကို AA ထပ်မံသိမ်းပိုက်

    စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းကို AA ထပ်မံသိမ်းပိုက်

    RNA_စက်တင်ဘာ(၁၆)၊၂၀၂၂ခုနှစ်။

    ရခိုက်ပြည်နယ်အနှံ့တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု ရက္ခိုင့်တပ်တော် (AA)မှ ကြေညာပြီးနောက် မောင်းတောမြို့နယ် (မြောက်ပိုင်း)ရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် ( မီးတိုက်) စခန်းကို AAမှ ထပ်မံသိမ်းပိုက်လိုက်ကြောင်း သိရသည်။

    ရခိုက်ပြည်နယ်အတွင် စစ်ကောင်စီတပ်က ဆုံးရှုံးလိုက်ရသည့် စခန်းများ ပြန်လည်ရရှိရေး လေကြောင်းနှင့်လက်နက်ကြီးများအပါအဝင် ပစ်ခတ်တိုက်ခိုက်နေသော်လည်း စက်တင်ဘာလ (၁၅) ရက်နေ့ ညနေပိုင်းက မီးတိုက် နယ်ခြားစောင့်စခန်းကို AA မှ သိမ်းပိုက်ပြီး မီးရှို့သွားကြောင်း၊ မီးတိုက်စခန်းမှ စစ်ကောင်စီလက်အောက် ခံများ သေဆုံးမှုရှိနိုင်ကြောင်း၊ မီးတိုက်ကျေးရွာ ဒေသခံပြည်သူများ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

    ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းဖြစ်သည့် မောင်တောမြို့နယ်က ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းနှင့် ရက္ခိုင်-ဘင်္ဂလာဒေ့ရှ် နယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနီးရှိ တပ်စခန်းတို့ကို ရက္ခိုင့်တပ်တော် (AA)မှ ပြီးခဲ့သည့်ရက်ပိုင်းက သိမ်းယူခဲ့ပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိခဲ့ပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့ကြောင်း AA ကထုတ်ပြတ်ထားသည်။

    Red News Agency

  • မေယုတောင်ကြား ဝေဝါးနေသောဘဝများ

    မေယုတောင်ကြား ဝေဝါးနေသောဘဝများ

    စိုင်းတင်တံတားအနီးမှာ လက်နက်ကြီး ပစ်ခတ်မှုတွေကရက်ဆက်ဖြစ်ပေါ်နေတဲ့အပြင် ကျေးရွာအနီးအနားနဲ့ လှိုင်ခေါင်းကြီးကြား မိုင်းပေါက်ကွဲတာတွေ တိုက်ခိုက်မှုတွေ စတဲ့ကိစ္စတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ကျေးရွာက တာဝန်ယူရမယ်လို့ မြန်မာတပ်မတော်ဖက်က ခေါ်ယူသတိပေးထား
    အောင်နိုင်သူ (ဘူးသီးတောင်|နိုဝင်ဘာ ၁၀ ရက်။)
    မြန်မာနိုင်ငံရဲ့အနောက်ဖက်တံခါး မောင်တောဒေသက အားတစ်ခုဖြစ်တဲ့ ဘူးသီးတောင်-မောင်တောကားလမ်းဘေး မေယုတောင်ကြားတွေ
    ထဲမှာ အိမ်ခြေ ၃၂ ဆောင်နဲ့ သစ်တောရွာအမည်ရှိ ကျေးရွာလေးတစ် ရွာရှိနေပါတယ်။ ဒီကျေးရွာလေးဟာ ဘူးသီးတောင်မြို့အထွက် မြန်မာ့တပ်မတော် တပ်ဗျူဟာတွေ တပ်ရင်းတွေရဲ့အလွန် ၁ မိုင်ကျော်အကွာလေးမှာ ၁၉၉၄ ခုနှစ်ကတည်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက တည်ဆောက်ပေးခဲ့တာလို့ ရွာသားတွေကဆိုပါတယ်။
    အဲဒီကျေးရွာသားတွေအားလုံးနီးပါးဟာ တောင်ယာလုပ်ငန်းနဲ့အသက် မွေးဝမ်းကျောင်းကြသလို တချို့ကတော့ ကားလမ်းနံဘေးမှာ အိမ်ဈေး ဆိုင်တွေ တည်ရောင်းကြပြီး ခုချိန်မှာတော့ သူတို့ဘဝတွေဟာ ဘာတွေဆက်လုပ်ရမလဲဆိုသေချာမသိကြတော့သလို သူတို့ဘဝအနာဂတ်တွေဟာလည်း ဝေဝါးနေတယ်လို့ ဆိုပါတယ်။
    ဓါတ်ပုံ-မေယုတောင်ကြားရှိ သစ်တောရွာအား နိုဝင်ဘာလ ၈ ရက်နေ့ကတွေ့ရစဉ်/RedNewsAgency
    ဓါတ်ပုံ-မေယုတောင်ကြားရှိ သစ်တောရွာအား နိုဝင်ဘာလ ၈ ရက်နေ့ကတွေ့ရစဉ်/RedNewsAgency
    ဓါတ်ပုံ-မေယုတောင်ကြားရှိ သစ်တောရွာအား နိုဝင်ဘာလ ၈ ရက်နေ့ကတွေ့ရစဉ်/RedNewsAgency
    ဓါတ်ပုံ-မေယုတောင်ကြားရှိ သစ်တောရွာအား နိုဝင်ဘာလ ၈ ရက်နေ့ကတွေ့ရစဉ်/RedNewsAgency
    ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့ မြန်မာ့တပ်မတော်နဲ့ရက္ခိုင့်တပ်တော်(အေအေ)တို့ကြား တိုက်ပွဲတွေစဖြစ်ကတည်းက မေယုတောင် ကြားလမ်းထဲမှာတော့ တခါမှ တိုက်ပွဲဖြစ်ပွားခဲ့တာမရှိသေးဘူးလို့လည်း ဒေသခံတွေကဆိုပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အောက်တိုဘာလ ၂၄ ရက်နေ့မှာတော့ မောင်တောခရိုင်တရားရုံးက ရုံးထုတ် အပြန်လုံခြုံရေးကားတန်းတစ်ခုဟာ အဲဒီရွာနဲ့ သုံးဖာလုံလောက်အကွာမှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး နယ်ခြားစောင့် ဝန်ထမ်းတစ်ဦးသေဆုံးခဲ့ကာ အချုပ် သားအမျိုးသမီး ၂ ဦးအပါအဝင်၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    (more…)

  • မောင်တောနယ်စပ်က ဘင်္ဂလာဒေ့ရှ်သို့ ကုန်တွေတင်ပို့နေတဲ့ ကုန်သည်တွေရဲ့အခက်အခဲက ဘာတွေလဲ

    မောင်တောနယ်စပ်က ဘင်္ဂလာဒေ့ရှ်သို့ ကုန်တွေတင်ပို့နေတဲ့ ကုန်သည်တွေရဲ့အခက်အခဲက ဘာတွေလဲ

    မြတ်ထွန်းနိုင်၊ မောင်တော|နိုဝင်ဘာလ ၂ ရက်။

    မြန်မာနိုင်ငံအနောက်ဖက်အစွန်ဆုံး ရခိုင်ပြည်နယ် မောင်တောမြို့က နယ်စပ်ကုန်သွယ်ရေးကို လုပ်ကိုင်နေကြတဲ့ ကုန်သည်တွေဟာ တစ်ဖက်ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ကုန်ပစ္စည်းတွေတင်ပို့နေတာတွေမှာ အခက်အခဲတွေရှိနေပါတယ်။ အဲဒီအခက်အခဲတွေကို မောင်တောမြို့က ကုန်သည်မာမတ်ရှော်ဖီးလ်က အနည်းငယ်ပြောပြထားပါတယ်။

    မြန်မာနိုင်ငံရဲဲ့နယ်စပ်ကုန်သွယ်ရေးတွေ ဒီထက်ကောင်းမွန်တိုးတ က်လာဖို့ အစိုးရဖက်က ဘာတွေကူညီဆောင်ရွက်ပေးဖို့ လိုအပ်နေပါသလဲဆိုတာကို ရုပ်သံမှာ ကြည့်နိုင်ပါတယ်။[embedyt] https://www.youtube.com/watch?v=FcHbigw3X-M[/embedyt]Red News Agency