Tag: မိုးဗြဲတိုက်ပွဲ

  • စစ်ကောင်စီတပ် တင့်ကားနှင့်ကျဥ်ထောက်ပို့ကား ၃ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ချေမှုန်းနိုင်ခဲ့

    စစ်ကောင်စီတပ် တင့်ကားနှင့်ကျဥ်ထောက်ပို့ကား ၃ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ချေမှုန်းနိုင်ခဲ့

    RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။

    တိုက်ပွဲပြင်း‌ထန်နေပြီး အင်အားအလွန်အကျွှံသုံးနေသည့် စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု ၊ ဝှါရီဆူးပလိုင်တိုက်ပွဲ စစ်ကြောင်းထိုးနေသော စစ်ကောက်စီတပ်ကို အကူအညီလာသည့် တင့်ကားနှင့် ထောက်ပို့ကျည်ကားများ အပါအဝင် စစ်ကောင်စီတပ်သားများကို ပြည်သူ့တော်လှန်ရေး အင်အားစု KNDF B-03/ 11 KA နှင့် အရှေ့ဖက်ကမ်း PDF တို့မှ ပူးပေါင်းပြီး ယနေ့ တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=8OJf0-eCBJM[/embedyt] RedNewsAgency

  • ယမန်‌နေ့ တိုက်ပွဲတွင် မိုးဗြဲ PDF က ရဲဘော် (၇) မိုးဗြဲ

    ယမန်‌နေ့ တိုက်ပွဲတွင် မိုးဗြဲ PDF က ရဲဘော် (၇) မိုးဗြဲ

    RNA_ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။

    ဖယ်ခုံမြို့နယ်၊ မိုးဗြဲတိုက်ပွဲတွင် ယမန်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အကျအဆုံးခဲ့ရာမှာ မိုးဗြဲ PDF က (၇) ဦးကျဆုံးပြီး (၆) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မိုးဗြဲမြို့ပေါ်၊ ဟိုက်ကွီဆည်နှင့် ဝါရီဆူးဖလိုင်ရွာနားတွင် တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ရာ တိုက်ပွဲတွင် မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊ JPDF ၊ GZ-21 နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို ပြင်းပြင်းထန်ထန် ခုခံ တိုက်ခိုက်ခဲ့ကြသည်။ (more…)