မကွေးတိုင်း PDF ရဲဘော်များ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ တောတွင်းတနေရာတွင် ပြုလုပ် 

RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်အခြေစိုက်၊ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ် နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF (ချောက် -ပြူးကြီး) တို့ပူးပေါင်းပြီးလွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် တောတွင်းတနေရာတွင် ပြုလုပ်ခဲ့ကြသည်။

“တိုင်းပြည်သည် တပ်မတော်အတွက်မဟုတ် ဒီတိုင်း ပြည်မှာ စည်းကမ်းမရှိတဲ့ စစ်တပ်ရှိနေမယ့်အစား အဲ့ဒီ စစ်တပ်မရှိတာက တိုင်းပြည်အတွက် ပိုကောင်းတယ်” ဟု ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ဖူးကြောင်း ရောက်ရှိလာသည့်ရဲဘော်များကို PDF ရဲဘော်တဦးက နိုင်ငံရေးဆိုင်ရာ အသိပညာပေးဟောပြောမှုတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်မှ အသိပေးထားသည်။

ဆိပ်ဖြူမြို့နယ် သို့မဟုတ် ချောက်မြို့နယ်အတွင်း စစ်ကောင်စီ မစိုးမိုးသည့် တောတွင်းတနေရာတွင် ယနေ့ ကျင်းပခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်း အမှတ်ပွဲတွင် နိုင်ငံရေး အသိပညာပေး ဟောပြောမှုများ၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ထောင်ရန် အသက်ပေးခဲ့ကြရသည့် အာဇာနည်သူရဲကောင်းများကို အလေးနီပြုခြင်း စသည်တို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#RedNewsAgency

By Editor