စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၅၅) ဦး သေဆုံးခဲ့ရ 

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။

၂၀၂၁ ခုနှစ်၊အောက်တို ဘာလ (၁)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် အမျိုးသမီး၊ ကလေးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၅၅) ဦး သေဆုံးခဲ့ရပြီး (၁၈၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ တိုင်းနှင့်ပြည်နယ် (၁၂) ခုတွင် လေကြောင်းတိုက်ခိုက်မှု (၂၆၈) ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှု (၁၉၀) ကြိမ် ပြုလုပ်ခဲ့ပြီး၊ စစ်ရေးပစ်မှတ်များအပေါ်တိုက်ခိုက်မှု (၇၈) ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦးများအပါအဝင် ပြည်သူပိုင်နေအိမ် (၁၃၈) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ (၈၁၀၀) ဦးအထိ ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor