လေးသွန်းခံရွာ

ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း (၇၈) နှစ်မြောက် အခမ်းအနားပြုလုပ်

ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း (၇၈) နှစ်မြောက် အခမ်းအနားပြုလုပ်

RNA_‌ဇွန်(၂)၊၂၀၂၃ ခုနှစ်။ ယနေ့ ကျရောက်သည့် ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း (၇၈) နှစ်မြောက် "ဗထူးနေ့ " အခမ်းအနားကို ဗိုလ်မှူးကြီးဗထူး မွေးရပ်ဇာတိဖြစ်သည့် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာရှိ ဗထူးပန်းခြံ၌ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဗိုလ်မှူးကြီးဗထူးသည် ၁၉၄၁ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေး‌ တပ်မတော် (BIA) သို့ စတင်ဝင်ရောက်ခဲ့ပြီး၊ ၁၉၄၅ ဇွန်လ ၂ ရက်နေ့တွင် ကျဆုံးသွားခဲ့ရသည့် ထားဝယ်တိုင်းရင်းသား သူရဲကောင်းတစ်ဦးဖြစ်‌သည်။ [embedyt] https://www.youtube.com/watch?v=aWniZ8jvL2A[/embedyt] "ဗထူးနေ့" အခမ်းအနားတွင် သမဂ္ဂခွပ်ဒေါင်းအလံတော်အား အလေးပြုခြင်း၊ ဗိုလ်မှူးကြီးဗထူးနှင့်တကွ ကျဆုံးသွားခဲ့ကြသော…
Read More