RNA_ဇွန်(၂၇)၊၂၀၂၅ခုနှစ်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း (၇) မဟာမိတ်တပ်ပေါင်းစုမှ ယနေ့ (ဇွန်လ ၂၇ ရက်) နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက်စီးနင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ကျောက္ကာရွာ ပျူစခန်းကို တော်လှန်ရေးအင်အားစုများက (၁၅) မိနစ်ခန့် စီးနင်းတိုက်ခိုက်မှုအတွင်း ပျူ (၃) ဦးသေဆုံးပြီး အခြားသူများထွက်ပြေးသွားသည့်အတွက် M16 A1 ရိုင်ဖယ် (၄) လက်၊ ၎င်းကျည်ဘောက် (၂) ခု၊ AK-47 ရိုင်ဖယ် (၁) လက်၊ ၎င်းကျည်ဘောက် (၄) ခု၊ (၅.၅၆) ကျည် (၁ဝဝဝ) တောင့်၊ (၇.၆၂) ကျည် (၁၃၈) တောင့်၊ လက်ပစ်ဗုံး (၂) လုံးနှင့် အခြား စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရမိသည်ဟု တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးကထုတ်ပြန်ထားသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA