ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း (၇၈) နှစ်မြောက် အခမ်းအနားပြုလုပ်

RNA_‌ဇွန်(၂)၊၂၀၂၃ ခုနှစ်။

ယနေ့ ကျရောက်သည့် ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း (၇၈) နှစ်မြောက် “ဗထူးနေ့ ” အခမ်းအနားကို ဗိုလ်မှူးကြီးဗထူး မွေးရပ်ဇာတိဖြစ်သည့် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာရှိ ဗထူးပန်းခြံ၌ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးကြီးဗထူးသည် ၁၉၄၁ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေး‌ တပ်မတော် (BIA) သို့ စတင်ဝင်ရောက်ခဲ့ပြီး၊ ၁၉၄၅ ဇွန်လ ၂ ရက်နေ့တွင် ကျဆုံးသွားခဲ့ရသည့် ထားဝယ်တိုင်းရင်းသား သူရဲကောင်းတစ်ဦးဖြစ်‌သည်။

“ဗထူးနေ့” အခမ်းအနားတွင် သမဂ္ဂခွပ်ဒေါင်းအလံတော်အား အလေးပြုခြင်း၊ ဗိုလ်မှူးကြီးဗထူးနှင့်တကွ ကျဆုံးသွားခဲ့ကြသော လွတ်လပ်ရေးသူရဲကောင်းများနှင့် ဒီမိုကရေစီသူရဲကောင်းများအား အလေးပြုခြင်း၊ ဗိုလ်မှူးကြီးဗထူးအား အောက်မေ့ဂုဏ်ပြုသည့်အနေဖြင့် လွမ်းသူပန်းခွေချ ဂါရဝပြုခြင်း၊ တော်လှန်ရေးအင်အားစုများမှ ပေးပို့လာသည့် သဝဏ်လွှာများအား ဖတ်ကြားခြင်းအပါအဝင် တော်လှန်ရေးကဗျာများ ရွတ်ဆိုခြင်း စတဲ့ စသည်တို့ကို ပြုလုပ်ခဲ့သည်ဟု ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) ကထုတ်ပြန်ထားသည်။

အခမ်းအနားတွင် လောင်းလုံးမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ၊ အခြေခံပညာကျောင်းသားများ၊ အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံပြည်သူများတက်ရောက်ပြီး လွမ်းသူပန်းခွေချ ဂါရဝပြုခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများလည်း ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။

#RedNewsAgency

By Editor