စစ်ကောင်စီ

စစ်အာဏာရှင် လူတစုအတွက် ချကျွေးဖို့ အလှည့်ကျလာတဲ့ Non CDM များ

စစ်အာဏာရှင် လူတစုအတွက် ချကျွေးဖို့ အလှည့်ကျလာတဲ့ Non CDM များ

"စစ်အာဏာရှင်စနစ်ဆိုး သက်တမ်းရှည်နေခြင်းမှာလည်း အခုချိန်ထိ စစ်တပ်ရဲ့ ယန္တရားလည်ပတ်မှုမှာ ပါဝင်နေတဲ့ "စစ်တပ်ထောက်တိုင်တွေကြောင့်" ဆိုရင်ပိုမှန်ပါလိမ့်မယ်။ ဒါ့ကြောင့် အခုလက်ရှိ Non CDM ဝန်ထမ်းအများစုသည် စစ်တပ်နည်းတူ အပြစ်ရှိကြတယ်ဆိုတာ ငြင်းမရတဲ့အချက် ဖြစ်တယ်" မောင်ဝိ စစ်ကောင်စီအမိန့်နဲ့ ဌာနအလိုက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တက်ရောက်ပြီးတဲ့ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများကို အခြေခံပြီး တပ်ခွဲ ၂ ခွဲ ဖွဲ့စည်းထားရန်ထုတ်ပြန်ခဲ့ပါတယ်။ လုံခြုံရေးနှင့် သဘာ၀ ဘေးအန္တရာယ်အတွက် လိုအပ်ပါက တပ်ခွဲ တစ်ခွဲမှ ရုံးပြင်ပထွက်ပြီး တာဝန်ထမ်းဆောင်ရန်၊ ကျန်တပ်ခွဲ တစ်ခွဲမှ ပုံမှန်ရုံးလုပ်ငန်းနဲ့ အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့ ရက်စွဲနဲ့…
Read More
စစ်ကောင်စီ နိုင်ငံရေး စစ်ရေးအရ ဆောက်တည်ရာမရ အနေအထား ကြုံတွေ့နေရပြီ

စစ်ကောင်စီ နိုင်ငံရေး စစ်ရေးအရ ဆောက်တည်ရာမရ အနေအထား ကြုံတွေ့နေရပြီ

RNA_နိုဝင်ဘာ( ၁၈)၊၂၀၂၃ ခုနှစ်။ “စစ်ကောင်စီဟာ အင်မတန်မှဘဲ နိုင်ငံရေးအရကော စစ်ရေးအရကော ဆောက်တည်ရာမရတဲ့ အနေအထားမျိုးကို ကြုံတွေ့နေရပြီဖြစ်ပါတယ်။ အဲဒါကြောင့်မလို့ စစ်ကောင်စီက လုပ်ရိုးလုပ်စဉ်အတိုင်း မကြာခဏပဲ မဲပြာပုဆိုးကို ပြန်ဝတ်လေ့ရှိတဲ့ အလေ့အထအတိုင်းပဲ မရိုးနိုင်တဲ့ ဖြစ်စဉ်တွေကို ပြန်လုပ်တော့မှာဖြစ်ပါတယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက နိုဝင်ဘာလ ၁၇ ရက်နေ့က ပြည်သူသို့ပြောကြားချက် (ပန်ကြားချက်) များထဲမှ နိုင်ငံရေးနှင့် ပတ်သက်သည့် ဖြစ်လာနိုင်ခြေများ ပြောကြားထားမှုကို ကောက်နုတ် တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More
မသာမယာမျက်နှာပေးတွေနဲ့ အမည်ခံ ကာလုံအစည်းအဝေး ဘာထူးလဲ

မသာမယာမျက်နှာပေးတွေနဲ့ အမည်ခံ ကာလုံအစည်းအဝေး ဘာထူးလဲ

"စစ်ခေါင်းဆောင်လုပ်ပြီ သူတို့က ဘယ်လိုတစ်ပြိုင်တည်း ဘယ်လို ထိုးဖောက်တိုက်ခိုက်တာတို့  ဆက်သွယ်ရေးလမ်းကြောင်းကို ဘယ်လိုဖြတ်တောက်တာတို့ အမည်ခံကာလုံအစည်းအဝေးမှာ တင်ပြနေတော့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ရေးဗျူဟာ မဟာဗျူဟာတွေအပေါ် အတော်အံ့သြနေပုံပဲ" ငြိမ်းမောင် စစ်ဆင်ရေး ၁၀၂၇ (Operation 1027) အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခုခံတော်လှန်မှုတိုက်ပွဲတွေ အရှိန်အဟုန်မြှင့်တက်နေပြီး အကြမ်းဖက်စစ်ကောင်စီ တပ်အရှုံးများစွာနဲ့ ရင်ဆိုင်နေရချိန်မှာ နေပြည်တော်က ထိုင်ခုံပေါ်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အောက်တိုဘာ ၈ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအမည်ခံ ကာလုံအစည်းအဝေး လုပ်ခဲ့တယ်။ ဒီပွဲကို ယာယီသမ္မတဆိုသူ ရုပ်​သေး မြင့်ဆွေ၊ ဒုသမ္မတဆိုသူ ဟင်နရီဗန်ထီးယူနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအမည်ခံ တီခွန်မြတ်တို့တက်ရောက်ခဲ့ပြီး ဒုစစ်ခေါင်းဆောင်စိုးဝင်း ၊ကာကွယ်ရေးဝန်ကြီးဆိုသူ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြား…
Read More
လုံခြုံရေး တင်းကြပ်သည့် ကျောက်လုပ်ကွက်တခု မြေပြိုပြီး ရေမဆေးကျောက်ရှာသူတချို့သေဆုံးပြီး

လုံခြုံရေး တင်းကြပ်သည့် ကျောက်လုပ်ကွက်တခု မြေပြိုပြီး ရေမဆေးကျောက်ရှာသူတချို့သေဆုံးပြီး

ဖားကန့် အောက်တိုဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီး အောက်တိုဘာလ ၁၈ ရက်နေ့ ည (၉)နာရီ ကျော်ခန့်က လုံခြုံရေးတင်းကြပ်ထားသည့် နေမင်းကမ္ဘာကုမ္ပဏီ လုပ်ကွက်အတွင်း ‌အမြင့်ပေ (၇၀) ခန့်တွင်ရှိသည့် ခေါင်းပေါင်းမြေစာအား ဖယ်ရှားရာမှ မြေပြိုပြီး အောက်တွင်ရေမဆေးကျောက်ရှာနေသည့် ပြည်သူတချို့သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မြေပြိုဖြစ်စဉ်တွင် ရေမဆေးကျောက်ရှာသူ လှကျော်စံ (၁၈)နှစ် သေဆုံးပြီး မှော်ပုံကျေးရွာနေသူ ကိုစိုးမိုးနှင့် ဆန်ခါကျေးရွာနေသူ ကိုကျော်ထက်တို့ အပြင်းအထန်ဒဏ်ရာများရရှိခဲ့ကြောင်း ကနဦး သိရသည်။ မြေပြိုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ကျေးရွာမှ ဒေသခံတစ်ဦးက "သေဆုံးသူက ဒီထက်များနိုင်တယ်ဗျ၊ သတင်းဖုံးချင်တာဖြစ်မယ်၊ ရေမဆေးကလည်း နေရာတိုင်းရှာခွင့်မပြုဘူးဗျ၊…
Read More
မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း ပစ်ခတ်ခံရမှု ကလေးငယ် ၁၀ ဦးအပါအဝင် ၂၈ ဦးသေဆုံး

မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း ပစ်ခတ်ခံရမှု ကလေးငယ် ၁၀ ဦးအပါအဝင် ၂၈ ဦးသေဆုံး

RMA_အောက်တိုဘာ(၁၀)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး၊ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်မှ အောက်တိုဘာလ (၉) ရက်နေ့ ည (၁၁) နာရီ (၃၀) မိနစ်ခန့်က လက်နက်ကြီး ပစ်ခတ်မှုအတွင်း ‌စစ်ဘေးရှောင်ပြည်သူ ကလေးငယ် (၁၀) ဦးအပါအဝင် (၂၈) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရချိန် တချိန်တည်း လိုင်ဇာရှိ ရက္ခိုင့်တပ်တော် - AA စခန်းကိုလည်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် AA တပ်ဖွဲ့ဝင် တဦး ကျဆုံးပြီး ၁၀ ဦး  ဒဏ်ရာရရှိခဲ့ကြောင်း မုန်လိုင်ခတ်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊…
Read More
ဆေးမတိုးတော့တဲ့ သပ်လျှိုသွေးခွဲမယ့် စစ်ကောင်စီရဲ့အကြံ

ဆေးမတိုးတော့တဲ့ သပ်လျှိုသွေးခွဲမယ့် စစ်ကောင်စီရဲ့အကြံ

"ဘဝတူတော်လှန်ရေးအင်အားစုများနဲ့အတူ တစိုက်မတ်မတ် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ခဲ့ခြင်းဟာ KNU ရဲ့ ရပ်တည်ချက်နဲ့သဘောထားတွေဟာ ဘယ်လိုအကြောင်းတရားတွေနဲ့မှ ယိုင်းယွင်သွားစရာမရှိဘူးဆိုတာ စစ်ကောင်စီကို အသိပေးလိုက်တာပါ" ငြိမ်းမောင် KNU ဥက္ကဋ္ဌ ဟောင်းစောမူတူးစေဖိုးက စစ်အုပ်စု ခေါင်းဆောင်နဲ့တွေ့တယ်၊ စစ်တပ်အပေါ် ယုံကြည်နေသူဖြစ်လို့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို ရဲရဲဝံ့ဝံ့လျောက်လှမ်းခဲ့တယ်၊ NCA မှာ လက်မှတ်ရေးခဲ့တဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်။ KNU နဲ့ ပတ်သတ်ရင် ထိန်းထိန်းသိမ်းသိမ်းပဲ ဆောင်ရွက်ခဲ့တာကို တွေ့ရတယ်လို့ စစ်တပ်ဘက်က ဝါဒဖြန့်တာ၊ အဲဒါက သူ့တစ်ဦးရဲ့ သဘောထားဖြစ်ပြီး KNU နဲ့ မသက်ဆိုင်ဘူးလို့ KNU ပြောရေးဆို ခွင့်ရှိသူ ပဒိုစောတောနီးက အရင်ပြောထားပြီးသား။ " ဒီကိစ္စက ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ လုံးဝမသက်ဆိုင်တဲ့အတွက်…
Read More
စစ်အုပ်စုအတွင်း ဗလောင်းဗလဲ အပြောင်းအလဲများ 

စစ်အုပ်စုအတွင်း ဗလောင်းဗလဲ အပြောင်းအလဲများ 

"ပြည်ထဲရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီး စိုးထွဋ်လည်း အနားပေးခံရကာ ဒုဗိုလ်ချုပ်ကြီး ရာပြည့်အား ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ဒုဗိုလ်ချုပ်ကြီးရာပြည့်သည် ဦးသန်းရွှေလက်ထက်က တိုင်းမှူး တာဝန်ပေးခံရသူဖြစ်ခဲ့သလို လက်ရှိ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် စစ်တက္ကသိုလ်အပတ်စဉ် ၂၂ တွင် အတူတက်ရောက်ခဲ့သူ" ငြိမ်းမောင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟု အမည်ပေးထားသော စစ်ကောင်စီကို ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ဖမ်းဆီးစစ်ဆေးခံနေရသည့် ဒုဗိုလ်ချုပ်ကြီးများဖြစ်သည့် စိုးထွဋ်နှင့် မိုးမြင့်ထွန်းတို့မပါတော့ပေ။ ထိုစစ်ကောင်စီအပြောင်းအလဲပြုလုပ်ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်သို့ ရောက်ရှိနေလေသည်။ စစ်အုပ်စုက ထိပ်ပိုင်းခေါင်းဆောင် ၃ ဦးနှင့်ပတ်သက်၍ ပြန်ဆက်ရမည်ဆိုလျှင် စစ်ကောင်စီသည် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို လာဘ်စားမှု၊ ဒေါ်လာအရောင်းအ၀ယ် မသမာမှု၊ ပို့ကုန်သွင်းကုန်ကိစ္စများနှင့်ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးကာ နေအိမ်နှင့်ပိုင် ဆိုင်မှုများကို သိမ်းဆည်းလိုက်ပြီဟု သတင်းများထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ စစ်ကောင်စီ…
Read More
အကျိုးစီးပွားနဲ့ စစ်အာဏာရှင်များ ဇာတ်တူသားစားကုန်ကြပြီ

အကျိုးစီးပွားနဲ့ စစ်အာဏာရှင်များ ဇာတ်တူသားစားကုန်ကြပြီ

" ကဲ..အခုတော့ ရွှေသမင်ဘယ်ကထွက်သလဲ၊ အကြမ်းဖက် စစ်ကောင်စီက သိပြီ၊ အရေးယူပစ်မယ်၊ ပိုင်ဆိုင်မှုသိမ်းမယ်ဆိုတာမျိုး အသံထွက်လာပါပြီ။ စီးပွားရေး လုပ်ငန်းရှင်တွေပြီးတဲ့နောက် မိုးမြင့်ထွန်းအပါအဝင် အကြမ်းဖက်စစ်အုပ်စုရဲ့ အကြီးပိုင်းတွေကို မေရိကန်ဒေါ်လာ သန်းပေါင်းများစွာ လာဘ်ယူတာ၊ စီးပွားရေးလုပ်ငန်းများတွင် အလွဲသုံးစား လုပ်ခဲ့တာပေါ်ပေါက်လို့ အကျင့်ပျက်ခြစားမှုနဲ့ အရေးယူထားပါပြီ" ********************************* ငြိမ်းမောင် ဒေါ်လာသန်းနဲ့ချီ အလွဲသုံးစားလုပ်လို့ ဖမ်းဆီးအရေးယူခံထားရတဲ့ အကြမ်းအုပ်စုက ခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ မိုးမြင့်ထွန်းကို အဂတိအမှုနဲ့ စပြီးစစ်ဆေးနေပြီ၊ မိုးမြင့်ထွန်း တာဝန်ယူထားတဲ့ နိုင်ငံခြားငွေ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ကော်မတီ သုံးခုကိုလည်း အကြမ်းအုပ်စုက နောက်ထပ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မြထွန်းဦး ကို ပြောင်းလဲတာဝန်ယူပေးလိုက်ပါပြီဆိုတဲ့ သတင်းများ ဒီရက်ပိုင်းမှာ ကြားလာရပါပြီ။ ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား…
Read More
မင်းအောင်လှိုင်ကို NUG သမ္မတ သတိပေး

မင်းအောင်လှိုင်ကို NUG သမ္မတ သတိပေး

RNA_စက်တင်ဘာ(၇)၊၂၀၂၃ ခုနှစ်။   တိုင်းပြည်၏ အာဏာသည် ပြည်သူ့ထံမှ ဆင်းသက်တာဖြစ်သည့်အတွက် ပြည်သူ့အာဏာကို မင်းအောင်လှိုင်ဘယ်တော့မှမရရှိနိုင်ကြောင်း ယနေ့ကျရောက်သည့် ပြည်သူ့ခုခံစစ် ကြေညာခြင်း (၂) နှစ်ပြည့် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းကာ သတိပေးထားသည်။   #RedNewsAgency
Read More
နေပြည်တော် မကြာမီ မျှော်

နေပြည်တော် မကြာမီ မျှော်

"နေပြည်တော် အတွင်းနဲ့ ဆက်စပ် နယ်​မြေတွေနဲ့ပတ်သက်ပြီး စစ်ရေး လုံခြုံရေးနဲ့ဆိုင်တဲ့ သတင်းတွေ တော်လှန်ရေးတပ်ဖွဲ့တွေ PDF တပ်ဖွဲ့အသီးသီးတွေရဲ့ လှုပ်ရှားမှုတွေကို နည်းမျိုးစုံသုံးပြီး အရေးတစ်ကြီး၊ အငမ်းမရ အနံ့ခံနေကြပါတယ်" ငြိမ်းမောင် အကြမ်းဖက် လက်နက်ကိုင်ခေါင်းဆောင် မင်းအောင်လှိုင်က လူမိုက်ဆန်ဆန် လူရမ်းကားစကား ပြောခဲ့တယ်။ "မလုပ်ရဲတာ ဘာမှ မရှိဘူး”တဲ့။ ဒီစကားကို ကြားမိသူတိုင်းက လူတိုင်း ထိထိမိမိ ပြန်ပြီးတုန့်ပြန်ခဲ့ကြတယ်။ ဒါဆို "xxx”ကြည့်ပါလား တဲ့။ အားရကျေးနပ်စေခဲ့တယ်။ မင်းအောင်လှိုင် အပေါ်စီး ကနေ လူမိုက်ဆန်ဆန် လူပါးဝ ပြောခဲ့ပေမယ့် ဒီလို တုန့်ပြန်မေးခွန်းထုတ်တာကို မင်းအောင်လှိုင်လည်း ဖင်တွန့်သွားခဲ့ပုံရတယ်။ အခုလည်းပဲ တော်လှန်ရေးအင်အားစုတွေ စစ်ရေးအရှိန်တွေ တိုက်ခိုက်ရေးစွမ်းရည်တွေ တစတစ အင်အားကြီးထွားပုံတွေအပေါ်…
Read More