ပျောက်ဆုံးနေသော စစ်ကောင်စီလေယာဉ်မှာ ဖားဆောင်းမြို့နယ်မှာ ပျက်ကျ

Written by

in

RNA_ဇူလိုင်(၃)၊၂၀၂၅ခုနှစ်။
စစ်ကောင်စီတပ်မှ ယမန်နေ့ညပိုင်းက ပျောက်ဆုံးသွားသော လေယာဉ်မှာ ကရင်နီပြည် ဖားဆောင်းမြို့နှင့် ကျောက်စုရွာကြား သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင် ပျက်ကျခဲ့သည့်အတွက် ယနေ့ တော်လှန်ရေးအင်အားစုများက လေယာဉ်အပိုင်းအစများကို တွေ့ရှိထားပြီဖြစ်သည်။
စစ်ကောင်စီလေတပ်၏ တိုက်လေယာဉ်သည် ဇူလိုင်လ ၁ ရက် ညပိုင်းက နေပြည်တော်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာ၌ ရေဒါမြင်ကွင်းမှ ပျောက်သွားပြီး အဆက်အသွယ်ပျက်တောက်သွားခဲ့ကြောင်း၊ အဆိုပါ လေယာဉ်ပျောက်ဆုံးမှုနှင့်ပတ်သက်၍ စက်ချို့ယွင်းခြင်း (သို့မဟုတ်) ရာသီဥတုဆိုးရွာမှုကြောင့် ဖြစ်နိုင်သည်ဟု စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် အသိပေးထားသည်။

စစ်ကောင်စီတပ်မှ ပျက်ကျသွားသောတိုက်လေယာဉ်သည် တရုတ်လုပ် FTC 2000G ဖြစ်ပြီး ဖားဆောင်းမြို့တိုက်ပွဲကို လေကြောင်းတိုက်ခိုက်ရန်သွားစဉ် ယခုကဲ့သို့ ပျက်ကြသွားခြင်းဖြစ်နိုင်ကြောင်း၊ ဖားဆောင်းမြို့ရှိ စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားနိုင်ပြီး ဆက်လက်တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။
Photo : Maui Karenni
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1