တိုက်လေယာဉ်

စစ်ကောင်စီတိုက်လေယာဉ်ကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့က ပစ်ချ

စစ်ကောင်စီတိုက်လေယာဉ်ကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့က ပစ်ချ

RNA_ဇူလိုင်(၃)၊၂၀၂၅ခုနှစ်။ ကရင်နီပြည်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်ရန်လာသော စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့သည်ဟု KNDF ကသတင်းထုတ်ပြန်လိုက်သည်။ ဖားဆောင်းမြို့တိုက်ပွဲသို့ ဇူလိုင်လ (၂) ရက်နေ့ နံနက် (၁) နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်ရန် လာသော စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် (၄) စင်းကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးအဖွဲ့များက တန်ပြန်တိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံထုတ် FTC-2000G အမျိုးအစား တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့သည့်အတွက် ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖားဆောင်းမြို့အနီးအနားတွင် ပစ်ချခံရသော လေယာဉ်ကိုယ်ထည် အပျက် အစီးများနှင့်အတူ လေယာဉ်မှူး (၂) ဦး၏ ရုပ်အလောင်း အပိုင်းအစများကိုပါ တွေ့ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ (more…)
Read More
ပျောက်ဆုံးနေသော စစ်ကောင်စီလေယာဉ်မှာ ဖားဆောင်းမြို့နယ်မှာ ပျက်ကျ

ပျောက်ဆုံးနေသော စစ်ကောင်စီလေယာဉ်မှာ ဖားဆောင်းမြို့နယ်မှာ ပျက်ကျ

RNA_ဇူလိုင်(၃)၊၂၀၂၅ခုနှစ်။ စစ်ကောင်စီတပ်မှ ယမန်နေ့ညပိုင်းက ပျောက်ဆုံးသွားသော လေယာဉ်မှာ ကရင်နီပြည် ဖားဆောင်းမြို့နှင့် ကျောက်စုရွာကြား သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင် ပျက်ကျခဲ့သည့်အတွက် ယနေ့ တော်လှန်ရေးအင်အားစုများက လေယာဉ်အပိုင်းအစများကို တွေ့ရှိထားပြီဖြစ်သည်။ စစ်ကောင်စီလေတပ်၏ တိုက်လေယာဉ်သည် ဇူလိုင်လ ၁ ရက် ညပိုင်းက နေပြည်တော်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာ၌ ရေဒါမြင်ကွင်းမှ ပျောက်သွားပြီး အဆက်အသွယ်ပျက်တောက်သွားခဲ့ကြောင်း၊ အဆိုပါ လေယာဉ်ပျောက်ဆုံးမှုနှင့်ပတ်သက်၍ စက်ချို့ယွင်းခြင်း (သို့မဟုတ်) ရာသီဥတုဆိုးရွာမှုကြောင့် ဖြစ်နိုင်သည်ဟု စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် အသိပေးထားသည်။ (more…)
Read More
လေယာဉ်မှူးသေဆုံးသည်ကို အတည်ပြုထားသည့်အပြင် လေယာဉ် အပျက်အစီးမှက်တမ်းကို PLA ထပ်မံထုတ်ပြန်

လေယာဉ်မှူးသေဆုံးသည်ကို အတည်ပြုထားသည့်အပြင် လေယာဉ် အပျက်အစီးမှက်တမ်းကို PLA ထပ်မံထုတ်ပြန်

RNA_ဇွန်(၁၁)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ယမန်နေ့က စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် ပျက်ကျခဲ့ပြီးနောက် လေယာဉ်မှူးသေဆုံးသည့်အပြင် လေယာဉ်ပျက်ကျသည့် နေရာအနီး နေအိမ်တစ်လုံးအတွင်းမှ ရုပ်အလောင်း (၃) လောင်းနှင့် ခြံဝန်းအတွင်း ရုပ်အလောင်း (၁) လောင်းတွေ့ရှိရသည်ဟု PLA က ထပ်မံအတည်ပြုထားသည်။ (more…)
Read More