စစ်ကောင်စီတပ်ပျူရွာမှာခြေချပြီး အနီးအနားကျေးရွာများကို ဒရုန်းဗုံးကြဲ

RNA_အောက်တိုဘာ(၉)၊၂၀၂၄ခုနှစ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ မူးတိမ်ပျူရွာနှင့်မူးခွပျူရွာတို့တွင် စစ်ကောင်စီလက်အောက်ခံများ အခြေချပြီး အနီးအနားကျေးရွာများဖြစ်သည့် ထန်းကုန်းကြီး၊ သာဂရ နှင့် မြောက်ရွာရှည်စသည့် ကျေးရွာများကို ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့်ပျူများက အောက်တိုဘာ ၆ ရက်နေ့က ထန်းကုန်းကြီးကျေးရွာ စာသင်ကျောင်း၊ အောက်တိုဘာ ၇ ရက်နေ့က သာဂရကျေးရွာ၊ အောက်တိုဘာ ၈ ရက်နေ့က မြောက်ရွာရှည် ကျေးရွာတို့ကို ဒရုန်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

စာသင်ကျောင်းနှင့် ကျေးရွာအတွင်း စစ်ကောင်စီလက်အောက်ခံများ ဒရုန်းဗုံးကြဲသည့်အတွက် ပြည်သူများထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှုများလည်းရှိကြောင်း၊ ဒရုန်းဗုံးကြဲခံရသည့် ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားမှုမရှိသလို လက်နက်ကိုင်အဖွဲ့အစည်းများ အခြေချသည့် ကျေးရွာများမဟုတ်ကြောင်း ဒေသခံများက ပြောကြားထားသည်။

#RedNewsAgency #RNA

By RNA Editor