Red News Agency

Independent Journalism for Justice and Human Rights.

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်သော KIA နှင့်မဟာမိတ်တပ်ရင်းတပ်ဖွဲ့များအားလုံးကို ကျေးဇူးတင်ဂုဏ်ယူကြောင်း ကျားသစ်နက်တပ်မတော်ထုတ်ပြန်

RNA_အောက်တိုဘာ(၁၁)၊၂၀၂၄ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် KIA နှင့် မဟာမိတ်တပ်ရင်းတပ်ဖွဲ့များသာမက MOD လက်အောက်ခံ ပြည်သူ့ကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများအပါအဝင် တပ်ထောက် ရဲဘော်များ၊ စားနပ်ရိက္ခာမှစ၍ အပြည့်အဝတာဝန်ယူပေးသော နယ်မြေခံ တာဝန်ရှိသူများအား ကျေးဇူးတင် ဂုဏ်ယူမိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်ဟု ကျားသစ်နက်တင်္ပမတော်က ယနေ့ ထုတ်ပြန်ထားသည်။

[embedyt] https://www.youtube.com/watch?v=tHDQ78P3508[/embedyt]

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် KIA နှင့် မဟာမိတ်တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံ Local PDF များအပါအဝင် ယင်းမာပင်ခရိုင်တပ်ရင်းများဖြစ်သော တပ်ရင်း ၁၊ ၂၊ ၆၊ ဗျူဟာအမှတ် (၄၁) မှတပ်ရင်း ၇၊ ၁၀၊ ၁၂ နှင့် ဗျူဟာအမှတ် (၄၂) မှ တပ်ရင်း ၁၁၊ ၁၇၊ ၂၈၊ ၂၉၊ ၃၉ တို့မှ ရဲဘော်များနှင့် ကျရာနေရာတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော နယ်မြေခံ တာဝန်ရှိသူများအပေါင်းအား ကျေးဇူးတင်ဂုဏ်ယူမိပါသည်ဟု ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း ကျားသစ်နက်တပ်မတော်- Black Leopard Army ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency #RNA