၁၁၀၇ စစ်ဆင်ရေး ပထမနေ့တွင် စစ်ကောင်စီတပ်စခန်းကုန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်

RNA_နိုဝင်ဘာ(၈)၊၂၀၂၃ ခုနှစ်။

ကရင်နီပြည်၊ တော်လှန်ရေးအင်အားစု ကရင်နီပူးပေါင်းတပ်ဖွဲ့က ၁၁၀၇ စစ်ဆင်ရေးကို ယမန်နေ့က စတင်ခဲ့ပြီး ပထမနေ့အတွင်း မယ်စဲ့မြို့နယ်၊ ပန်တိန်းကျးရွာအနီးက တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကုန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများထံမှ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း၊ စစ်ကောင်စီတပ်မှလည်း သေဆုံးမှုရှိကြောင်း၊ အဆိုပါ တိုက်ပွဲကို ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစု နှင့် KNPLF (ကလလတ) ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကရင်နီသတင်းအချက်အလက်စင်တာက ယမန်နေ့က ထုတ်ပြန်ထားသည်။



ကရင်နီ-ထိုင်းနယ်စပ်ဖြစ်သည့် မယ်စဲ့မြို့ကို ကရင်နီပူးပေါင်းတပ်များက ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက စစ်ကောင်စီလက်အောက်ခံများကို တိုက်ထုတ်ပြီးနောက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားကြောင်း၊ ကရင်နီပြည်အတွင်း နယ်မြေ ၈၀ ရာခိုင်နှုန်းနီးပါးကို စစ်ကောင်စီမှ လက်လွှတ်ထားရပြီဖြစ်ကြောင်း သိရသည်။

#RedNewsAgency

By RNA Editor