Tag: ကချင်ပြည်နယ်

  • နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲတွင် ဖားကန့်မြို့ပါဝင်

    နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲတွင် ဖားကန့်မြို့ပါဝင်

    RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၄ခုနှစ်။

    နေ့စဉ်သွားလာလှုပ်ရှားမှုထူထပ်သည့် ကချင်ပြည်နယ်၊ ကျောက်စိမ်းမြို့တော်၊ ဖားကန့်မြို့ပြည်သူများသည် ပြည်သူ့နွေဦးတော်လှန်ရေး (၃) နှစ်ပြည့် လူထုတိုက်ပွဲဖြစ်သည့် “အပြင်မထွက်၊ အသံတိတ်သပိတ်” (Silent Strike)တွင် ပါဝင်လှုပ်ရှားခဲ့ကြကြောင်း သိရသည်။

    ပြည်သူ့အစိုးရထံမှ လက်နက်အားကိုးဖြင့် စစ်တပ်မှ အကြမ်းဖက်အာဏာသိမ်းခဲ့သည်မှာ ယနေ့ ( ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်) ၃ နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ ယနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တော်လှန်ရေးအင်အားစုများက လူထုတိုက်ပွဲပုံဖော်သည့်အနေဖြင့် “အပြင်မထွက်၊ အသံတိတ်သပိတ်” (Silent Strike)၊ “အဖြူရောင် လှုပ်ရှားမှု” (White Campaign) တို့ပြုလုပ်ရန် မေတ္တာရပ်ခံထားသည်။

    (more…)

  • ဝှေခါဗျူဟာကုန်းတိုက်ပွဲအတွင်းမှ စစ်ကောင်စီလက်အောက်ခံ အလောင်းများအား မြေမြှုပ်သင်္ဂြိုလ်ပေးနေရ

    ဝှေခါဗျူဟာကုန်းတိုက်ပွဲအတွင်းမှ စစ်ကောင်စီလက်အောက်ခံ အလောင်းများအား မြေမြှုပ်သင်္ဂြိုလ်ပေးနေရ

    RNA_ဖားကန့် ဇန်နဝါရီလ ၂၂ ရက်၊၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ စစ်ကောင်စီ၏ ဝှေခါဗျူဟာကုန်းအား KIA/KPDF များက ဇန်နဝါရီ ၂၀ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီ တပ်သားများ၏ အလောင်းများအား မြေမြှုပ်သင်္ဂြိုလ်ပေးနေရကြောင်း သိရသည်။

    “မနေ့က (၁၂) လောင်း မြေမြှုပ်ပေးခဲ့ရတယ်၊ ငါတို့ရွာထဲအိမ်စောင့် ကျန်နေတဲ့သူတွေလိုက်ခေါ်လို့ သွားမြှုပ်ပေးတာ၊ စခန်းကုန်းပေါ်က မဟုတ်ဘူး၊ အောက်ချိုင့်လျှိုထဲကရတာ”ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

    ဝှေခါစခန်းကုန်းပေါ်မှ လက်နက်ကြီးပစ်ကူ လေယာဉ်ပစ်ကူဖြင့် စခန်းစွန့်ခွာထွက်ပြေးသည့်အတွက် စခန်းကုန်းပေါ်၌ စကစ အလောင်းသိပ်မတွေ့ရပဲ ချိုင့်ထဲလျှိုထဲထိလိုက်လံတိုက်ခိုက်ရာမှ သေဆုံးသည့် စကစ ရုပ်အလောင်းများ ကျန်ရှိနေနိုင်သေးသဖြင့် ရှာဖွေနေရဆဲဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း စခန်းစွန့်ခွာထွက်ပြေးသည့် ဗိုလ်မှူးစံလွင်သည်လည်း လွတ်မြောက်သွားသည်လား၊ သေဆုံးသွားသည်လားကို ယနေ့ အထိ အတည်မပြုနိုင်သေးကြောင်း KIA/KPDF သတင်းရင်းမြစ်ထံမှ သိရသည်။

    (more…)

  • စစ်ကောင်စီ၏ အခိုင်အမာစခန်းတစ်ခုဖြစ်သည့် ဖားကန့် ဝှေခါဗျူဟာကုန်းကို KIA/KPDF သိမ်းပိုက်ရရှိ၊ ဗိုလ်မှူးထွက်ပြေး

    စစ်ကောင်စီ၏ အခိုင်အမာစခန်းတစ်ခုဖြစ်သည့် ဖားကန့် ဝှေခါဗျူဟာကုန်းကို KIA/KPDF သိမ်းပိုက်ရရှိ၊ ဗိုလ်မှူးထွက်ပြေး

    RNA_ဖားကန့် ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ ဝှေခါဗျူဟာကုန်းကို ယနေ့ နံနက် (၇)နာရီ ဝန်းကျင်က KIA/KPDF မှ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း၊ ဗျူဟာကုန်းကို ဦးဆောင်နေသည့် ဗိုလ်မှူးထွက်ပြေးသွားကြောင်း Red News Agency သတင်းရင်းမြစ်ထံမှ သိရသည်။

    “ဒီလ (၆)ရက်နေ့ကနေ စခန်းကုန်းရဖို့ ကြိုးစားခဲ့ကြတာ၊ (၁၅) ရက်မြောက်မှာ အောင်မြင်စွာ သိမ်းနိုင်ခဲ့တာပါ၊ ဝှေခါဗျူဟာဆိုတာ ဖားကန့်နဲ့အင်းတော်ကြီးဒေသကို ချိတ်ဆက်ထားတဲ့ အရေးပါတဲ့ စခန်းကုန်းတစ်ခုပါ၊ ‌ဗျူဟာက ဗိုလ်မှူးနဲ့အဖွဲ့တွေ ထွက်ပြေးတာကို လိုက်ဖမ်းတာနဲ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတာမို့ အခြေအနေအသေးစိတ်ကိုတော့ မထုတ်ပြန်နိုင်သေးပါဘူး”လို့ သတင်းရင်းမြစ်က ပြောထားသည်။

    (more…)

  • ဓါးပြမှုအချို့မှ သံသယရှိသူအချို့ကို KIA တပ်ရင်း(၆)က ဖမ်းဆီးစစ်ဆေးနေ

    ဓါးပြမှုအချို့မှ သံသယရှိသူအချို့ကို KIA တပ်ရင်း(၆)က ဖမ်းဆီးစစ်ဆေးနေ

    RNA_ဖားကန့် နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ရွာလယ်လမ်းမပေါ်ရှိ ဂျာနူး ဆေးဆိုင်နှင့် ငွေလွှဲ ငွေထုတ်လုပ်ကိုင်သည့်ဆိုင်အား အောက်တိုဘာ ၃၁ ရက်နေ့ နေ့ခင်းက ဓါးပြတိုက်ခံရပြီး သိန်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်အပါ အခြားဓါးပြတိုက်မှုတို့မှ သံသယရှိသူများကို KIA တပ်မဟာ(၉)၊ တပ်ရင်း(၆)မှ ဖော်ထုတ်ရမိသော ကွင်းဆက်များအရ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

    ဆက်စပ်ဖမ်းဆီးစစ်ဆေးခံရသူများထဲ၌ KPDF မှ ဖားကန့်မြို့နယ် မှော်စီစာ အပိုင်းတာဝန်ခံ ဝမ်းဘက် (ခ) ရင်သွေးဦး နှင့် လက်ထောက်ဖြစ်သူ ဇွဲကိုတို့ပါဝင်နေပြီး KIA အရာရှိအချို့လည်းပါဝင်နေကြောင်း သိရသည်။

    “လက်ရှိက စစ်ဆေးနေဆဲကာလပါ ဝမ်းဘက်ကို လက်နက်ဖြုတ် ထိန်းသိမ်းထားပြီး စစ်ဆေးနေပါတယ်၊ အပြင်မှာပြောနေကြသလို အခြား KPDF ခေါင်းဆောင်တွေဖြစ်တဲ့ ကိုတင်ကိုတို့ ကိုရန်နိုင်စိုးတို့ကို ဓါးပြမှုနဲ့ပါတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံရတယ်ဆိုတာ မဟုတ်ပါဘူး၊ အမှုအားလုံး စစ်ဆေးပြီးတဲ့အခါ ပြည်သူကို ချပြပါမယ်”ဟု KPDF မှ တာဝန်ရှိသူက ပြောသည်။

    ဓာတ်ပုံ: အင်တာနက်- လုံးခင်းကျေးရွာ

    (more…)

  • မြန်မာသူရကျောက်မျက်ကုမ္ပဏီဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA/KPDF များ စီးနင်းတိုက်ခိုက်

    မြန်မာသူရကျောက်မျက်ကုမ္ပဏီဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA/KPDF များ စီးနင်းတိုက်ခိုက်

    RNA_ဖားကန့်၊ အောက်တိုဘာ(၂၆)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ နမ္မဖြစ်ကျေးရွာအပိုင်း ဖားကန့်-လုံးခင်းသွားကားလမ်းမကြီးပေါ်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို KIA/KPDF ရဲဘော်များက ယမန်နေ့ (အောက်တိုဘာလ ၂၅ ရက်) ညပိုင်းက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    မြန်မာသူရကျောက်မျက်ကုမ္ပဏီ CEO ဦးကျော်သူရကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ဖမ်းဆီးခဲ့ပြီး ပိုင်ဆိုင်မှုများအား ချိပ်ပိတ်သိမ်းဆည်းခဲ့ချိန်မှစပြီး ဖားကန့်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီရုံးချုပ်အတွင်း စစ်ကောင်စီ လက်အောက်ခံရဲနှင့်စစ်သားများ နေရာယူတပ်စွဲထားခဲ့ခြင်း ဖြစ်သည်။

    ယမန်နေ့ည KIA/KPDF များ ကုမ္ပဏီဝန်းအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ချိန် စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သား ၂၀ ဝန်းကျင်ခန့် ရှိနေနိုင်ကြောင်း ဒေသခံများထံမှ သိရပြီး၊ တိုက်ခိုက်မှုအတွင်း လုံးခင်းရဲစခန်းမှ ကုမ္ပဏီဝန်းအတွင်း တာဝန်ကျနေသည့် ရဲတစ်ဦး သေဆုံးကြောင်း အတည်ပြုထားနိုင်သည်။

    (more…)

  • KIA ကို ရန်ငြိုးထားတဲ့ စစ်တပ် အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ်  ဗုံးကြဲသတ်ဖြတ်

    KIA ကို ရန်ငြိုးထားတဲ့ စစ်တပ် အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ်  ဗုံးကြဲသတ်ဖြတ်

    “ဖျက်အားပြင်းဗုံးကြောင့်ကလေးငယ်တွေ အပါအဝင် လူဦးရေ သုံးဆယ်နီးပါး သေဆုံးသွားခဲ့ပါတယ်။ အိပ်နေကြတဲ့ ကလေးတွေ၊ အမျိုးသမီးတွေ အမြောက်အများ သေတယ်။ မိသားစုလိုက်တွေ သေဆုံးကုန်တယ်”

    မောင်ဝိ

    ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ ၁၅ ရက်နေ့မှာကျရောက်မယ့် တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCAရဲ့ ၈ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို စစ်တပ်က ကျင်းပရန်ပြင်ဆင်နေပြီး၊ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေသာမက၊ လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIA ကိုပါ တက်ရောက်ဖို့ စစ်တပ်က ဖိတ်ကြားထားပါတယ်။ ဒီဖိတ်ကြားမှု မတိုင်ခင် စစ်တပ်ရဲ့ လုပ်ရပ်အချို့နဲ့ NCA ဆိုတာကရော တိုင်းရင်းသားတွေအပေါ် တန်းတူအခွင့်အရေး ပေးနိုင်ပါ့မလားဆိုတာ သိရှိထားဖို့လိုအပ်ပါတယ်။

    စစ်တပ်က ကျင်းပမယ့် NCA ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၈ နှစ်ပြည့်အခမ်းအနားမစခင်  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ ၉ ရက်နေ့ ည ၁၂ နာရီဝန်းကျင်မှာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်တပ်ရဲ့ ဖျက်အားပြင်းဗုံးကြောင့်ကလေးငယ်တွေ အပါအဝင် လူဦးရေ သုံးဆယ်နီးပါး သေဆုံးသွားခဲ့ပါတယ်။ အိပ်နေကြတဲ့ ကလေးတွေ၊ အမျိုးသမီးတွေ အမြောက်အများ သေတယ်။ မိသားစုလိုက်တွေ သေဆုံးကုန်တယ်လို့ သိရတယ်။ ဒီတော့ စစ်တပ်က တကယ်ရော ငြိမ်းချမ်းရေးလိုချင်တာလားဆိုတာ မေးခွန်းထုတ်စရာတောင်မလိုတော့ပါဘူး။ သူဟာ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးတယောက်လိုမျိုး ပြည်သူလူထုအပေါ် အစွမ်းကုန် ယုတ်မာပြလိုက်တာပါ။

    စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်နေတာ အားလုံးအသိဖြစ်ပါတယ်။ ကျေးရွာတွေကို မီးလောင်တိုက်သွင်း လေကြောင်းပစ်ခတ်မှုအပါအဝင် မျိုးစုံသော ယုတ်မာမှုတွေကို လုပ်ဆောင်နေတာ အားလုံးအသိဖြစ်ပါတယ်။ စစ်ကြောရေး ငရဲခန်းတွေမှာ အကျဉ်းထောင်တွေမှာ လမ်းမတွေပေါ်မှာ လက်နက်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်တပ်က ငြိမ်းချမ်းရေး တကယ်လိုချင်တာတဲ့လား ခင်ဗျားတို့ယုံကြလား။ စစ်တပ်ဟာ လက်နက်အာကိုးနဲ့ အာဏာသိမ်းလိုက်တယ် လက်နက်အားကိုးနဲ့ ပြည်သူတွေကို အကြောင်းမဲ့သတ်ဖြတ်နေတာ ဒီလိုလုပ်နေတဲ့ လူအပ်စုက ငြိမ်းချမ်းရေးလိုချင်တယ်ဆိုတာ ဘယ်လိုမှဖြစ်နိုင်ပါဘူး။ 

    (more…)

  • လုံးခင်းကျေးရွာရှိ ရွှေဆိုင် ကျပ်သိန်းခြောက်ထောင်ခန့် ဓားပြတိုက်ခံရ

    လုံးခင်းကျေးရွာရှိ ရွှေဆိုင် ကျပ်သိန်းခြောက်ထောင်ခန့် ဓားပြတိုက်ခံရ

    RNA_ဖားကန့်၊ အောက်တိုဘာ (၅)၊၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၂)ရှိ မိုးရတနာ ရွှေဆိုင် ဓါးပြတိုက်ခံရမှု ယနေ့နေ့ခင်း ၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်းခြောက်ထောင်ဖိုးခန့် ပါသွားကြောင်း သိရသည်။

    “လူလေးယောက်လာတယ်၊ အသက်က (၂၇)၊ (၂၈) အရွယ်တွေ၊ Mask တပ်ထားတယ် ဦးထုပ်ဆောင်းထားတယ် သေနတ်ပါတယ်ဗျ။ ဆိုင်ထဲတန်းဝင်လာပြီး အကုန် ကလစ်ကြိုးနဲ့လက်ပြန်ကြိုးချည်ပြီး ထိုင်ခိုင်းထားတယ်၊ မှန်ကိုရိုက်ခွဲပြီး ယူသွားတာပါ”ဟု ရွှေဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပြသည်။

    “ရွှေသားက တစ်ပိဿာလောက်ရှိတယ်၊ ကျောက်လက်ဝတ်ရတနာ အချောထည်ကလည်း သိန်းသုံးထောင်ဖိုးလောက်ရှိတယ်၊ ရွှေနဲ့ကျောက်ပေါင်းရင် ကာလတန်ဖိုး ကျပ်သိန်းခြောက်ထောင်ဖိုးလောက်ပါသွားတာ”ဟု ရွှေဆိုင်ပိုင်ရှင်က ပြောသည်။

    (more…)

  • ဖားကန့်၌ ယနေ့ အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

    ဖားကန့်၌ ယနေ့ အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

    RNA_ဖားကန့်၊ အောက်တိုဘာ (၅)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မနကျေးရွာအဝင်နားတွင် ‌မုန့်ပို့သည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရသလို၊ မမုံကျေးရွာရှိ ထွန်းဦးဆီဆိုင်တွင် ဆိုင်ကယ်ဆီဖြည့်နေသည့် အမျိုးသားတစ်ဦး ယနေ့ နေ့လယ် ၂ နာရီခန့်က သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

    “မုန့်ပို့တဲ့သူဟုတ်တယ်၊ အာလူးကြော်တို့ ဝက်ခေါက်တို့ပို့တဲ့သူ၊ မနကျေးရွာနဲ့ ဖားပြင်ကျေးရွာ အဝင်ဆိုင်ဘုတ်နား၊ နောက်တစ်ယောက်က မမုံရွာပြင်ဘက်က ထွန်းဦးဆီဆိုင်မှာ ဆိုင်ကယ်ဆီဖြည့်နေတဲ့တစ်ယောက် လေးချက်ပစ်သွားတာ၊ တစ်ချိန်တည်းလောက်ကျမှာ ဖြစ်တာက”ဟု မမုံကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

    မနကျေးရွာအဝင် ဆိုင်ဘုတ်နား ပစ်သတ်ခံရသည့် အကြော်မုန့်ပို့သူသည် ဖားကန့် မှော်ဝမ်းရပ်ကွက်တွင်နေထိုင်သူ စန်းမြင့် အသက်(၄၃)နှစ် ဖြစ်ပြီး ဇနီးနှင့် သားသမီးသုံးယောက်ကျန်ရစ်ခဲ့ကာ ယခင်မြင်းမူမြို့နယ်တွင် နေထိုင်ခဲ့သူဖြစ်ကြောင်း၊ မမုံကျေးရွာ ထွန်းဦးဆီဆိုင်တွင် ဆိုင်ကယ်ဆီဖြည့်နေစဉ် ပစ်သတ်ခံရသူမှာ မည်သူဖြစ်သည်ကိုမသိရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။

    (more…)

  • ဖားကန့်မြို့ “ဧရာမြင်းမိုရ်” အပေါင်ဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရ

    ဖားကန့်မြို့ “ဧရာမြင်းမိုရ်” အပေါင်ဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရ

    RNA_ဖားကန့်၊ စက်တင်ဘာ (၁၅)၊ ၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်ရှိ “ဧရာမြင်းမိုရ်” အပေါင်ဆိုင်နှင့် ဆိုင်ကယ်နှင့်အပိုပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဦးညီသည် ယနေ့နံနက် (၁၀)နာရီ (၃၀) မိနစ်ဝန်းကျင်က အမည်မသိလက်နက်ကိုင်တစ်စုက သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

    “ပစ်ခံရတာက မော်ဝမ်း ဇောတိကကုန်း လမ်းဆုံနားမှာပါ၊ ကိုညီက ကားမှန်ချပြီးမောင်းလာတာ၊ ဆိုင်ကယ်နဲ့လူနှစ်ယောက်က ကားထဲကိုလှမ်းပစ်ပြီး ပြေးတာ” ဟု မျက်မြင်တွေ့သူတဦးက ပြောသည်။

    မိသားစုနှင့် နီးစပ်သူ တဦးကလည်း “သေနတ်ဒဏ်ရာနဲ့ ကားဆက်မောင်းလာပြီး စာတိုက်ရှေ့ သူ့ဆိုင်နားမှာ ကား‌ပြန်ကွေ့တဲ့အချိန် နောက်က ကားနဲ့ပွတ်မိတယ်၊ အဲ့အနားကလူတွေက ကိုညီဘာဖြစ်သွားသေးလဲ သွားကြည့်မှ သွေးတွေအိုင်နေတာ၊ လက်မောင်းထိသွားတယ်ပြောတယ်၊ ဆေးရုံပို့ထားတယ်၊ အသက်အန္တရာယ်မစိုးရိမ်ရဘူး၊ သတိရပြီလို့ပြောတယ်” ဟု ပြောသည်။

    (more…)

  • ကသိုဏ်းတောင် စစ်တပ်စခန်းအား KIA/PDF တိုက်ခိုက် သိမ်းပိုက်

    ကသိုဏ်းတောင် စစ်တပ်စခန်းအား KIA/PDF တိုက်ခိုက် သိမ်းပိုက်

    RNA_ဖားကန့်၊ဩဂုတ်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှ ဟောင်ပါးကျေးရွာသို့ အသွားလမ်းရှိ စစ်ကောင်စီ၏ စစ်ဆေး‌ရေးဂိတ်ဖွင့်ထားသည့် ကသိုဏ်းတောင် စစ်စခန်းအား ယနေ့နံနက် (၅) နာရီခန့်က KIA/PDF ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

    “မနက် ၅ နာရီဝန်းကျင်ကစ အသံကြားရတာ၊ မနက် ၈ ခွဲလောက်မှာ ကသိုဏ်းတောင်စခန်းကို သိမ်းလိုက်နိုင်တယ်လို့ ကြားရတယ်၊ လက်နက်ခဲယမ်း အတော်‌များများရလိုက်တယ်တဲ့၊ နှစ်ဖက်အထိအခိုက် အကျအဆုံးတော့ မသိရသေးပါဘူး”ဟု PDF သတင်းရင်းမြစ်က ပြောသည်။

    ကသိုဏ်းတောင် စစ်တပ်စခန်းသည် ပုံမှန်အားဖြင့် တပ်အင်အား (၃၀)ခန့်သာရှိသော်လည်း ယခုအခါ ရဲတပ်ရင်းများပါ အင်အားဖြည့်ထားပြီး စုပေါင်း အင်အား (၆၀) ခန့်ရှိသည်ဟု ဒေသခံများက‌ပြောသည်။

    (more…)