ရက္ခိုင့်တပ်တော် -AA

နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို PSLF/TNLA မှ တိုက်ခိုက်ပြီး မြို့ကိုသိမ်းပိုက်ထားနိုင်

နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို PSLF/TNLA မှ တိုက်ခိုက်ပြီး မြို့ကိုသိမ်းပိုက်ထားနိုင်

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၃ခုနှစ်။ နမ္မတူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း တိုက်ခိုက် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း TNLA သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။ တအာင်းပြည်နယ် တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော်က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး (၄)ရက်ကြာ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီ ခမရ-၃၂၄ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အားလုံးကို သိမ်းပိုက်ရရှိထားပြီဖြစ်သည်။ #RedNewsAgency
Read More
စစ်တပ်အသည်းအသန်ခုခံနေရတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်-ချင်းလမ်းကြောင်း

စစ်တပ်အသည်းအသန်ခုခံနေရတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်-ချင်းလမ်းကြောင်း

"AA ဟာ ရှင်းဝစခန်းကို ဝင်ရောက်တိုက်ခိုက်နေပါပြီ။ ပလက်ဝမှာဆိုရင်လည်း တပ်ရင်းကတစ်ရင်းပဲ ရှိပါတယ်။ နောက်ဆုံးမှာ မီးဝဗျူဟာကုန်းကို AA က ရသွားရင်တော့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အပြင်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့ကိုပါ ဆက်သွယ်နိုင်မယ့်လမ်းကြောင်းကို စိုးမိုးနိုင်တော့မှာ" လှဆောင် မြန်မာနိုင်ငံရဲ့ အနောက်တောင်ဘက်မှာ စစ်တပ်အတွက် အရေးကြီးတဲ့ နေရာ ၅ ခု ရှိပါတယ်။အဲဒါတွေကတော့ ကုလားတန်မြစ်ဘေးက တရွန်အိုင်ဗျူဟာကုန်း၊ နှုံးဘူးဗျူဟာကုန်း၊ ရှင်းဝစခန်း၊ ပလက်ဝမြို့နဲ့ မီးဝဗျူဟာကုန်းတို့ ဖြစ်ပါတယ်။ အဲဒီနေရာ ၄ ခုလုံးဟာ ကုလားတန်မြစ်ဘေးတလျှောက်မှာ တည်ရှိနေတာဖြစ်ပြီး အိန္ဒိယ-ရခိုင်ပြည်နယ်-ချင်းပြည်နယ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာပါ။ ကုလားတန်ဘက်စုံစီမံကိန်းကိုတော့ ဦးသိန်းစိန်အစိုးရမတိုင်ခင်ကတည်းက နှစ်နိုင်ငံ အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး အခုအချိန် စစ်တွေက နိုင်ငံတကာသင်္ဘောတွေဆိုက်ကပ်နိုင်တဲ့ ဆိမ်ကမ်းဟာ ရာနှုန်းပြည့်နီးပါး…
Read More
စစ်ကောင်စီတပ် “နှုံးဘူးဗျူဟာ” ကို AA သိမ်းပိုက်နိုင်ပြီး “နှုံးဘူး”ဗျူဟာမှူး သေဆုံး

စစ်ကောင်စီတပ် “နှုံးဘူးဗျူဟာ” ကို AA သိမ်းပိုက်နိုင်ပြီး “နှုံးဘူး”ဗျူဟာမှူး သေဆုံး

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသော ဗျူဟာကုန်း (၂) ခု ဖြစ်သည့် “တရွန်အိုင်ဗျူဟာ” နှင့် “နှုံးဘူးဗျူဟာ” စခန်းနှစ်ခုစလုံးအား ရက္ခိုင့်တပ်တော် -AA မှ တိုက်ခိုက် သိမ်းပိုက်နိုင်ဖြစ်ဖြစ်ကြောင်း၊ "နှုံးဘူး" ဗျူဟာမှူးအလောင်းပါ သိမ်းဆည်းရမိဟု ယနေ့ AA က ထုတ်ပြန်လိုက်သည်။ AA မှ တစ်ရက်မျှ ရပ်နားခဲ့ခြင်းမရှိသော ထိုးစစ်အား လက်နက်ကြီးများ၊ လေကြောင်းပစ်ကူအမြောက်အမြားဖြင့် စစ်ကောင်စီမှ အပြင်းအထန် ခုခံခဲ့သော်လည်း ဗျူဟာကုန်းစခန်းအား မရရအောင် အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးနောက် ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ "နှုံးဘူး" ဗျူဟာမှူးအလောင်းအပါအဝင် ရန်သူ့အလောင်းအချို့နှင့် လက်နက်ခဲယမ်းအမြောက်အမြားတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့၌ရှေ့ဆင့်နောက်ဆင့်…
Read More
ရဟတ်ယာဉ်ကွင်း (၂) ကွင်းပါရှိသော “တရွန်အိုင်ဗျူဟာ” စခန်းကုန်းကို AA အပြီးသတ် သိမ်းပိုက်

ရဟတ်ယာဉ်ကွင်း (၂) ကွင်းပါရှိသော “တရွန်အိုင်ဗျူဟာ” စခန်းကုန်းကို AA အပြီးသတ် သိမ်းပိုက်

RNA_ဒီဇင်ဘာ(၅)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီတပ် အခိုင်အမာ တပ်စွဲထားသည့် ပလက်ဝမြို့နယ်ရှိ "တရွန်အိုင်ဗျူဟာ" စခန်းကုန်းကို ရက္ခိုင့်တပ်တော် - AA က ၂၁ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ယနေ့ ( ဒီဇင်ဘာ ၅ ရက်) နေ့လယ် ၁ နာရီ ဝန်းကျင်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီဖြစ်ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့ ၊ နံနက် (၆) နာရီခန့်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော "တရွန်အိုင်ဗျူဟာ" စခန်းကုန်းကြီးတစ်ခုလုံးအား အပြီးသတ်ချေမှုန်းတိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးချိန်တွင် စစ်ကောင်စီလက်အောက်ခံ အလောင်းများနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။…
Read More
ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းကို AA အပြီးသတ်သိမ်းပိုက်

ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းကို AA အပြီးသတ်သိမ်းပိုက်

RNA_နိုဝင်ဘာ(၂၂)၊၂၀၂၃ ခုနှစ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက်၊ စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းမှ စစ်ကောင်စီလက်အောက်ခံများ လက်နက်ချအညံ့မခံသည့်အတွက် နိုဝင်ဘာ ၁၈ ရက်နေ့ကစတင်တိုက်ခိုက်ရာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ရက္ခိုင့်တပ်တော်-AA ရဲဘော်များက အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ ညီနောင်မဟာမိတ်များဖြစ်သည့် MNDAA၊ TNLA၊ AA တို့သည် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်တွင် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်နိုင်ခဲ့သော်လည်း ရက္ခိုင်ဒေသစစ်မျက်နှာ၌ ၁၀၂၇ စစ်ဆင်ရေးကို နိုဝင်ဘာလ (၁၃) ရက်နေ့က စတင်ခဲ့သည့်အတွက် ယနေ့ ( နိုဝင်ဘာ ၂၂ ရက်) သည် ရက္ခိုင်ဒေသအတွင်း စစ်ဆင်ရေးကာလ (၁၀) ရက်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ (more…)
Read More
ရက္ခိုင့်တပ်တော် ရဲဘော်များ မြောက်ပိုင်းတိုက်ပွဲများအပြင် စစ်ကိုင်းတိုင်းမှာပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေ

ရက္ခိုင့်တပ်တော် ရဲဘော်များ မြောက်ပိုင်းတိုက်ပွဲများအပြင် စစ်ကိုင်းတိုင်းမှာပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေ

RNA_အောက်တိုဘာ(၃၀)၊၂၀၂၃ ခုနှစ်။ ရက္ခိုင့်တပ်တော် (Arakan Army) ရဲဘော်များသည် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) တွင် ပါဝင်ပြီး ရှမ်းမြောက်တိုက်ပွဲများအပြင် ကချင် တော်လှန်ရေးအင်အားစုများနှင့် အခြား မဟာမိတ်များပူးပေါင်းကာ စစ်ကိုင်းတိုင်းအတွင်းမှာပင် တိုက်ပွဲဝင်နေကြောင်း ညီနောင်မဟာမိတ်၃ဖွဲ့ထံမှသိရသည်။ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဘက် တောင်ရိုးတလျောက်တွင် ဒေသခံတော်လှန်ရေးအင်အားစုများနှင့်အတူ ရက္ခိုင့်တပ်တော် (Arakan Army) ရဲဘော်များက အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ကို အောက်တိုဘာလ ၂၇ ရက်နေ့မှစပြီး ယနေ့ ( အောက်တိုဘာ ၃၀ ရက်) နံနက် ၈ နာရီထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။ (more…)
Read More
မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများ AA ကိုသာ အားကိုးနေရ

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများ AA ကိုသာ အားကိုးနေရ

RNA_မေ(၂၉)၊၂၀၂၃ ခုနှစ်။   ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းမှ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများသည် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကို အားကိုးမရသည့်အတွက် ရက္ခိုင့်တပ်တော်- AAကိုသာ အားကိုးနေရကြောင်း ဒေသခံများက ပြောကြားသည်။   မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီသည် မိုခါမုန်းတိုင်းပြည်လည်ထူထောင်ရေးအတွက် နိုင်ငံတကာပါအဝင်ပါအဝင် ပြည်တွင်းလုပ်ငန်းရှင်များထံမှ အလှူငွေနှင့်အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများအပါအဝင် စားနပ်ရိက္ခာများရရှိထားသော်လည်း ရခိုင်ပြည်နယ်တွင်း ကူညီထောက်ပံ့မှုမရှိသလောက်ဖြစ်ပြီး ရက္ခိုင့်တပ်တော် -AA ရဲဘော်များက လက်တွေ့ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။   “ဒီမှာက AAပဲအားကိုးရတာ စကစက ဘာမှမရှိဘူး။ စကစက တအိမ်ထောင် ဆန်နို့ဆီဗူး၂ဗူး လှူတယ် ဓာတ်ပုံရိုက်ပြီး ပြန်သွားတယ်" ဟု ဒေသခံတဦးက ပြောသည်။ (more…)
Read More
MOCHA ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး ပြည်သူများကို အရေးပေါ် သတိပေး

MOCHA ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး ပြည်သူများကို အရေးပေါ် သတိပေး

(၁၂)၊၂၀၂၃ ခုနှစ်။ MOCHA ဆိုင်ကလုန်းမုန်တိုင်းသည် မေလ (၁၄) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ကုန်တွင်းပိုင်းမှ ဝင်ရောက်ဖြတ်ကျော်၍ တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၁၀၀ ဝန်းကျင်ရှိမည်ဟု မေလ ၁၁ ရက်နေ့ ခန့်မှန်းထားသည့်အတွက် ရခိုင်ပြည်သူများအတွက် ကူညီမှုများ သတိထားရန်နှင့် လိုက်နာရမည့် အချက်များကို ရက္ခိုင့်တပ်တော်-AA မှ ထုတ်ပြန်ထားသည်။ MOCHA ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်ပြီး ခန့်မှန်းချက်များအရ ရက္ခိုင်ဒေသတွင်း မုန်တိုင်းဝင်ရောက်ဖြတ်ကျော်ကာ မုန်တိုင်းဒဏ်ခံလာရဖွယ်ရှိသော ရက္ခိုင်ကမ်းရိုးတန်းမြောက်ပိုင်းမြို့များ (မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော)၊ ရက္ခိုင်ကမ်းရိုးတန်းတလျှောက်မြို့များ (ကျောက်ဖြူ၊ အမ်းတောင်ပိုင်း၊ ရမ်းဗြဲ၊ စနဲ၊ မာန်အောင်၊ သံတွဲ)၊ သံတွဲခရိုင်တွင်းဟိ မြို့များ…
Read More
ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း မဟာမိတ် (၈) ဖွဲ့ ပူးပေါင်းသဝဏ်လွှာပေးပို့

ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း မဟာမိတ် (၈) ဖွဲ့ ပူးပေါင်းသဝဏ်လွှာပေးပို့

RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။   ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့် အခမ်းအနားသို့ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့်၊ အခြေစိုက် မဟာမိတ် (၈) ဖွဲ့၏ ပေးပို့သည့်သဝဏ်လွှာတွင် ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှုနှင့် သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးအထူးသိနေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။   NUG ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် နွေဦးတော်လှန်ရေးအတွင်းပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ မြောက်ပိုင်းညီနောင်မဟာမိတ်များ၊ နိုင်ငံရေးပါတီစသည့် အဖွဲ့အစည်းများက ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့်အတွက် သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။ (more…)
Read More
တာဝန်အသီးသီးထမ်းဆောင်နေသည့် ရဲဘော်ရဲမေများကို လေးနက်စွာ ဂါရဝပြုသည်ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောကြား

တာဝန်အသီးသီးထမ်းဆောင်နေသည့် ရဲဘော်ရဲမေများကို လေးနက်စွာ ဂါရဝပြုသည်ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောကြား

RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။   ဒုက္ခသုက္ခတွေကြား ဘဝကိုရင်းပြီး ယုံကြည်ချက်အပြည့်နှင့် တိုက်ပွဲဝင်ရန်အသင့်၊ တာဝန်အသီးသီးကို ထမ်းဆောင်နေသော ရဲဘော်ရဲမေများကို အလေးအနက် ဂါရဝပြုကြောင်း ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်တော် -AA (၁၄) နှစ်ပြည့်နေ့ မိန့်ခွန်းတွင် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားခဲ့သည်။   ၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့မှာ ကချင်ပြည်၊ ကချင်လွတ် လပ်ရေးအဖွဲ့(KIO) နယ်မြေ အတွင်း ရက္ခိုင့်တပ်တော် (AA)ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့်အတွက် ယနေ့ ၂၀၂၃ ခုနှစ် ဧပြီလ (၁၀) ရက်နေ့သည် ရက္ခိုင့်တပ်တော် (AA)၏ (၁၄) နှစ်မြောက်နေ့ဖြစ်ကြောင်း၊ NUG အပါအဝင် တော်လှန်ရေးအင်အားစု အသီးသီးကလည်း…
Read More